Galaxy S7 Edge စမတ်ဖုန်းမျက်နှာပြင်တွင် ပန်းရောင်အစင်းတက်လာသည့် ပြဿနာ ကြုံနေ

Galaxy S7 Edge စမတ်ဖုန်းမျက်နှာပြင်တွင် ပန်းရောင်အစင်းတက်လာသည့် ပြဿနာ ကြုံနေ

လွန်ခဲ့တဲ့ ၁၀ လကတည်းက ဖြစ်နေတဲ့ ပြဿနာဖြစ်တာပါ။

Samsung Galaxy S7 Edge ဖုန်းပိုင်ရှင်များဟာ ဖုန်းမျက်နှာပြင်မှာ ဖျောက်ဖျက်မရသည့် ဒေါင်လိုက်ပန်းရောင်အစင်းကြောင်း တက်လာသည့် ပြဿနာကြုံနေကြတယ်လို့ သိရပါတယ်။ ဒီပြဿနာကြုံနေတဲ့အကြောင်း ဝက်ဘ်ဆိုက်နဲ့ လူမှုချန်နယ်လိုင်းများမှာ ဟိုတစ်စဒီတစ်စကြားလာရတာ ဆယ်လတာကြာပြီဖြစ်ပေမယ့် ပန်းရောင်အစင်းကြောင်း ဘာ့ကြောင့် တက်လာရသလဲဆိုတာ အခုထိ မသိရသေးပါဘူး။


အခုလို ပန်းရောင်အစင်းတက်လာရတာဟာ တစ်ချို့ တွေကတော့ ဖုန်းလွတ်ကျလို့  ရေဝင်သွားလို့ ဖြစ်ရတာလို့ စသည်ဖြင့် မှတ်ချက်ပြုကြပါတယ်။Samsung အဖွဲ့ အစည်းဘက်မှတော့ ဒီလိုပန်းရောင်အစင်းတက်နေတဲ့ ဖုန်းကို ပြန်ပြင်ရမှာ ဖြစ်တယ်လို့ ဆိုပေမယ့် ဒီပြဿနာကို ရှင်းရမယ့် ဖုန်း technician အနေနဲ့ warranty ရှိမရှိ ဆုံးဖြတ်ပြီးမှ ပြင်ရမှာပါ။ ဆိုလိုတာက ဒါဟာ ဖုန်းပိုင်ရှင်ကြောင့် ဖြစ်တာဆိုရင်တော့ ကုမ္ပဏီက တာဝန်ခံမှာ မဟုတ်ပါဘူး။ Samsung အနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်လို့ တရားဝင်တုန့် ပြန်ချက်မထုတ်ပြန်သေးပါဘူး။



အရေးပေါ် ရှင်းကြတဲ့နည်းတစ်ခုတော့ ရှိပါတယ်။
အဲ့ဒါကတော့ Galaxy S7 Edge ရဲ့ ဖုန်းခေါ်တဲ့ dial pad မှာ *#0*# လို့ ရိုက်ထည့်ပါ။ ပြီးတာနဲ့ အနီ ၊ အစိမ်း နဲ့ အပြာကို ကလစ်သွားပါ။ ဒါဆိုရင် ကာလာတစ်ခုချင်းစီကို သီးသန့် Pixel ပြန်ပြီး reset ပေးလိုက်ပါ။ တကယ်လို့ ဒီလို လုပ်လို့ ပထမဆုံးအကြိမ်မှာ အလုပ်မဖြစ်ဘူးဆိုရင် ထပ်တလဲလဲ လုပ်ကြည့်ပါ ။ ပန်းရောင်အစင်းကြောင်း ပျောက်သွားများဖြစ်ပါတယ်။
play

တကယ်လို့ ကိုယ့်ရဲ့ Galaxy S7 Edge မှာ အခုလို ပြဿနာ တက်နေတယ်ဆိုရင် အခုလို စမ်းလုပ်ကြည့်ဖို့ အကြံပြုပါတယ်။ ဒါမှမဟုတ် Samsung ရဲ့တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာမှာ သွားရောက်မေးမြန်းနိုင်ပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့ တစ်ရက်ကပဲ Galaxy Note 7 မီးလောင်ပေါက်ကွဲရခြင်းအကြောင်းရင်းများကို တရားဝင်ထုတ်ပြန်ပြီးနောက် တဆက်ထဲမှာပဲ နောက်ထွက်မယ့် Galaxy ဖုန်းကို ဖေဖော်ဝါရီလထဲမှာ ကျင်းပသွားမယ့် ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက်မှာ တင်ဆက်ပြသသွားဦးမှာ မဟုတ်သေးဘူးလို့ အတည်ပြုထားပါတယ်။
Samsung အနေနဲ့ ယခုလို ပြဿနာများ အချိန်နဲ့ တပြေးညီ ဖြေရှင်းသွားမှသာ ဖောက်သည်များရဲ့ ယုံကြည်မှု မဆုံးရှုံးရအောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

Source: Myce
Ref: duwun.com.mm



Contact Us

Name

Email *

Message *

Back To Top