MacBook ထက် ပိုမိုကောင်းမွန်တဲ့ လက်တော့ပ် (၅) ခု



MacBook က အင်မတန်ကြော့ရှင်းလှပတဲ့ စက်ကိရိယာတစ်ခုဖြစ်ပါတယ်။ တစ်ခုခုဆိုရင်လည်း ကုန်ကျစရိတ် အတော်ဈေးကြီးပါတယ်။ ဒါပေမယ့် လူတွေ MacBook Pro ကိုပဲ မျက်စိကျကောင်းကျပါလိမ့်မယ်။ ဒီဇိုင်းအသွင်အပြင်ကို အသည်းစွဲဖြစ်ကြပေမယ့် ဒါ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ အဲဒီအစား ပိုမိုအဆင်ပြေကောင်းမွန်တဲ့ စက်အမျိုးအစားကို ရှာပါ။ Apple MacBook ထက် ပိုကောင်းတဲ့ လက်တော့ပ် (၅) ခု ရှိပါတယ်။
၁။ Dell XPS 13
Dell XPS 13 က နှစ်လိုဖွယ်ကောင်းဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။ Dell XPS 13 မှာ RAM 8GB ၊ 256 Hard drive နဲ့  Quad HD Infinity Edge touchscreen အနဲ့အတူ Intel Core i7 processor ပါဝင်ပါတယ်။ အသုံးပြုရအဆင်ပြေရုံသက်သက်ပဲလား။ မဟုတ်ပါဘူး။ Dell ဟာ ဒီဇိုင်းပူးပေါင်းစီစဉ်ဆောင်ရွက်ထားတာပါ။
၂။ Lenova Yoga 910
Lenovo Yoga 910 ကတော့ နောက် အံ့မခန်းဖွယ် Windows 10 လက်တော့ပ်တစ်ခု ဖြစ်ပါတယ်။ Lenovo Yoga 910 မှာ 7th era Intel Core i7 processor ၊ RAM 8GB ၊ 256GB hard drive ၊ 13.9-inch full HD ဖန်သားမျက်နှာပြင်နဲ့ ဘက်ထရီခံချိန် ၉ နာရီ ပါတယ်။ အားနည်းချက်က SD card ထည့်မယ့်နေရာ မပါပါဘူး။
၃။ Surface Book
Touch Bar လှလှလေး ဘယ်သူ လိုချင်လဲ။ Surface Book တစ်ခုလုံးက touch screen စနစ် ဖြစ်ပါတယ်။ Microsoft ရဲ့ လက်တော့ပ် ဈေးကွက်အတွင်း စိတ်ကူးစိတ်သန်းအကောင်းဆုံး processor ထဲက တစ်ခုဖြစ်ပြီး မကြာသေးမီက နောက်ဆုံးဒီဇိုင်းပြင်ဆင်ချက်က ဒီကိရိယာကို သိသိသာသာ ပိုမိုစွမ်းဆောင်နိုင်စေပါတယ်။ ပိုမိုအဆင့်မြင့်တင်မှုနဲ့အတူ 13.5-inch HD PixelSense Display ရှိတဲ့ Surface Book ဟာ Apple MacBook ရဲ့ စွမ်းဆောင်ရည်တွေ ကျော်လွန်ပြီး အသုံးပြုရအဆင်ပြေတဲ့ gadget တစ်ခု ဖြစ်ပါတယ်။
၎။ Razer Blade Stealth
သာမန် လက်တော့ပ်တစ်လုံးကို ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ။ Intel ရဲ့ နောက်ဆုံး Kaby Lake processor ကို သွင်းလိုက်ပါ။ ၂၀၁၆ ခုနှစ် စက်တင်ဘာလအစပိုင်းမှာ upgrade ပြုလုပ်ထားတဲ့ Razer Blade Stealth ဟာ Cupertino lab ကနေ မူလဖန်တီးထားတဲ့ ကွန်ပျူတာအမျိုးအစား ဖြစ်ပါတယ်။ လှပတဲ့ 12.5-inch QHD screen ပါရှိပြီး touch စနစ်ဖြင့် ဂိမ်းကစားလိုသူတွေတွက် Blade Stealth က ကောင်းမွန်တဲ့ပစ္စည်း ဖြစ်ပါတယ်။
၅။ Alienware 13
တကယ်ရော Alienware 13 ထက် MacBook Pro လိုအပ်ပါသလား။  အလေးချိန် ၅ ပေါင်ရှိတဲ့ Alienware 13 ရဲ့ အသေးစိတ်ပြင်ဆင်လုပ်ဆောင်ချက်တွေက Intel Core i7 စွမ်းဆောင်နိုင်မှုတွေ ရှိပြီး NVIDIA GeForce GTX ဒီဇိုင်းရှိကာ VR-prepared ဖြစ်ပါတယ်။ 
Ref:youngisthan.in
Credit: trend.com.mm