MIUI Font Maker (Font2MTZ) 1.0 APK

MIUI Font Maker (Font2MTZ) 1.0 APK

Xiaomi(MIUI) ဖုန်းကိုင်ဆောင်သူတွေအတွက် မိမိတို့နှစ်သက်ရာ ဖောင့်ကို MIUI Font (.mtz)
ပြောင်းပေးနိုင်တဲ့ MIUI Font Maker လေးပါ။

လက်ရှိအသုံးများနေတဲ့ Font2Mtz ထက်ဘာတွေသာလဲဆိုတော့
တခြားကတော့တူတူပါပဲ ပိုသွားတာဆိုလို့
ဒီကောင်နဲ့က ကိုယ်ရေးချင်တဲ့ Description ရေးလို့ရတယ်။
နောက်ပြီးကိုယ်ကြိုက်တဲ့ Preview ပုံထည့်လို့ရပါတယ် 🙂
ဖိုင်ဆိုဒ်ကလည်း 2MB အတိအကျပဲရှိတာပါ :V
နောက်တစ်ခုကတော့ MIUI 8 တို့ဖောင့်ပြောင်းလို့မရဘူး
Root ရှိမှပြောင်းလို့ရတာဆိုတဲ့အလုံးတွေပါ Root မလိုပဲ System Font သွားပြောင်းနိုင်တဲ့
လုပ်ဆောင်ချက်ပါရှိပါတယ်၊ အဲ့ဒါဆိုကိုယ်သုံးချင်တဲ့ ဖောင့်ကို import လုပ်ပြီး Change Font ကနေ
System Font ကိုသွားပြောင်းလို့ရနိုင်ပါတယ် 🙂
အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ပါ 😀
အသုံးပြုနည်း
=========
အသုံးပြုနည်းကတော့ စစဝင်တဲ့စာမျက်နှာမှာကို ကိုယ်လုပ်မယ့်ဖောင့်ရဲ့အချက်အလက်တွေထည့်ပေးပါ။
မထည့်ပေးရင်လည်းရပါတယ် ပြီးရင် Next ပေါ့။ နောက်စာမျက်နှာမှာတော့ Preview ပုံကိုချိန်းချင်ရင် Change Preview ကိုနှိပ်ပြီး
ကိုယ်ထားချင်တဲ့ပုံသွားရွေးပေးရမှာပါ၊ Pick Font ကိုနှိပ်ပြီး ကိုယ်လုပ်ချင်တဲ့ဖောင့်ဖိုင်ကိုသွားရွေးရမှာပါ။
အားလုံးပြီးရင်တော့ Create MIUI Font ကိုနှိပ်ပါ။
ထွက်လာတဲ့ဖောင့်ဖိုင်ကဘယ်နေရာမှာရှိနေမလဲဆိုတဲ့ Message တက်လာပါမယ်။
/sdcard/MIUI Font Maker/Output/သင့်ဖောင့်အမည်.mtz ဆိုတဲ့ဖိုင်ထွက်လာမှာပါ။
အားလုံးအဆင်ပြေပျောရွှင်နိုင်ကြပါစေ…

Download Here
http://www.shweappstore.com/2017/01/miui-font-maker-font2mtz-10-apk.html
 Screenshots












Contact Us

Name

Email *

Message *

Back To Top