MWC 2017 ပွဲတွင် Galaxy S8 ကိုတွေ့ ရမည် မဟုတ်

MWC 2017 ပွဲတွင် Galaxy S8 ကိုတွေ့ ရမည် မဟုတ်

Note 7 သတင်းနဲ့ ဆက်စပ်မှု ရှိနေပါတယ်။
Samsung ဟာ Note 7 မီးလောင်ပေါက်ကွဲရခြင်းအကြောင်းရင်းများကို တရားဝင်ထုတ်ပြန်ပြီးနောက် တဆက်ထဲမှာပဲ နောက်ထွက်မယ့် Galaxy ဖုန်းကို ဖေဖော်ဝါရီလထဲမှာ ကျင်းပသွားမယ့် ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက်မှာ တင်ဆက်ပြသသွားဦးမှာ မဟုတ်သေးဘူးလို့ အတည်ပြုလိုက်ပါတယ်။

Samsung ရဲ့ မိုဘိုင်းလ်စီးပွားရေးအကြီးအကဲဖြစ်သူ DJ Koh မှ လာမယ့် MWC 2017 ထုတ်ကုန်ပြပွဲမှာ Galaxy S8 ကို ပြသသွားမှာ မဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ Samsung အနေနဲ့ ဘာစီလိုနာမှာ ကျင်းပမယ့် ဒီပွဲမှာ သူတို့ ရဲ့နာမည်ကျော်စမတ်ဖုန်းကို ဝင်ရောက်ပြသခြင်းမပြုတာဟာ လေးနှစ်အတွင်း ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အရင်စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S7 ၊ Galaxy S6 နဲ့ S5 တို့ ကိုတော့ MWC ပွဲမှာ ပြသခဲ့ပါတယ်။ Galaxy S4 ကိုတော့ နယူးယော့ခ်မှာ သီးသန့် ကျင်းပခဲ့တဲ့ ပွဲမှာ မိတ်ဆက်ပြသခဲ့တာပါ။


Koh အနေနဲ့ Galaxy S8 ထွက်ရှိမယ့်နေ့ စွဲအကြောင်းလည်း ပြောမသွားပါဘူး။ အများကတော့ လာမယ့် ဧပြီလလယ်လောက် နယူးယော့ခ်မှာ ကျင်းပမယ့် ပွဲမှာမှ S8 ကို မိတ်ဆက်သွားမယ်လို့ ခန့် မှန်းနေကြပါတယ်။ ဒါဟာ Note 7 ဂယက်ကြောင့်ဖြစ်မလားလို့ လည်း တွေးစရာပါ။
Note 7 စမတ်ဖုန်းကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့  ဈေးကွက်ကနေ ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ကုမ္ပဏီအနေနဲ့ သူတို့ ရဲ့ ဖောက်သည်များကို Samsung ဖုန်းများရဲ့အရည်အသွေးပိုင်းနဲ့ ပတ်သတ်ပြီး စိတ်ပူနေမှာကိုလည်း ထည့်တွက်ထားပုံရပါတယ်။ ဒီတစ်ခါထုတ်မယ့် Galaxy S8 မှာတော့ အရင့်အရင်က နာမည်ဆိုးကို ချေဖျက်နိုင်အောင် အကောင်းတကာ့ အကောင်းဆုံးစမတ်ဖုန်းဖြစ်အောင် ထုတ်လုပ်သွားရမှာပါ။ ဒါ့ကြောင့်လည်း ယခုလာမယ့် စမတ်ဖုန်းဟာ home button ဖြုတ်ထားတဲ့ ဒီဇိုင်းပိုင်းနဲ့ အတူ feature သစ်တွေ ပိုမိုစုံလင်ပြီး Spec ပိုင်းမှာ ပိုမိုအားကောင်းအောင် ထည့်သုံးလာဖို့  ရှိမယ်လို့ ခန့် မှန်းရပါတယ်။
play

ယခုလို ထုတ်ကုန်သစ်ကို လူထုရှေ့ ပြသဖို့ အချိန်ဆိုင်းလိုက်ခြင်းမှာ Note 7 မီးလောင်မှုနဲ့ ဆက်စပ်နေပါတယ်။ ဘက်ထရီပြဿနာကြောင့် မီးလောင်ပေါက်ကွဲခဲ့ရပြီးနောက် ဈေးကွက်မှာ ရောင်းပြီးသား Note 7 အလုံးရေ ၃.၀၆ သန်း ရဲ့ ၉၆%  (၂.၅ သန်း) အထိ ဈေးကွက်မှ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ Note 7 ကို သြဂုတ်လထဲမှာ စတင်ရောင်းချခဲ့ပြီး သြဂုတ်လကုန်ခါနီးတွင် ဘက်ထရီပြဿနာများဖြစ်လာသည့် သတင်းများကြောင့် စက်တင်ဘာတွင်းမှာ ဈေးကွက်မှ စတင်ရုပ်သိမ်းခဲ့ရပါတယ်။
Source: Android Authority
Credit: duwun.com.mm



Contact Us

Name

Email *

Message *

Back To Top