Pokemon GO မှာ သီချင်းနားထောင်ရင်း အကောင်ဖမ်းလို့ ရပြီ

အန်းဒရိုက်သုံးကြသူတွေဟာ Pokemon GO ဆော့ရင်း သီချင်းနားထောင်လို့ ရပြီ ဖြစ်တာကြောင့် Pokemon ကောင်လေးတွေ ဖမ်းရင်း ပျင်းစရာရှိတော့မှာ မဟုတ်ပါဘူး။ Niantic Labs ဂိမ်းကုမ္ပဏီဟာ iOS နှင့် Android ဗားရှင်းနှစ်ခုစလုံးအတွက် update တင်ခဲ့ရာမှာ Android သုံးသူများအတွက် အရေးကြီးတဲ့ အပြောင်းအလဲ လုပ်ထားတယ်လို့ သီးသန့် ကြီး ဖော်ပြမထားခဲ့ပါဘူး။
play

အန်းဒရိုက်သုံးပြီး ဂိမ်းဆော့ကြသူတွေဟာ Pokemon Go ကစားရင်း သီချင်းနားထောင်ကြည့်တဲ့အခါ အရင်လို ရပ်မသွားတော့တာကြောင့် ကိုယ်နားထောင်လိုတဲ့ သီချင်းအလိုက် နားထောင်နိုင်ပြီလို့ သိရပါတယ်။ iOS သုံးသူများအနေနဲ့ ဗားရှင်း 1.23 မှာကတည်းက ဒီဝန်ဆောင်မှုရရှိနေခဲ့တာဖြစ်ပါတယ်။အရင်ဗားရှင်းများတုန်းက Pokemon Go ကို ဖွင့်ပြီး ဆော့လိုက်တာနဲ့ နားထောင်လက်စ သီချင်းဟာ ရပ်သွားတတ်ပါတယ်။ Pokemon Go ကစားသူတစ်ချို့ ကတော့ အခုလို ဖြစ်တာကို မနှစ်သက်ခဲ့တာကြောင့် Niantic ဟာ Unity 3D ဂိမ်းအင်ဂျင်မှာ ပါလာတဲ့ ဒီ bug ပြဿနာကို ရှင်းဖို့ အတွက် ဂိမ်းကို ပြန်ပြီး update ဗားရှင်းတင်လိုက်တာ ဖြစ်ပါတယ်။

အခုတော့ Pokemon GO ကစားသူများဟာ ကိုယ်နှစ်သက်ရာ တေးသီချင်းများ နားဆင်နိုင်ပြီဖြစ်ပေမယ့် သီချင်းရဲ့ အသံ Volume ကိုတော့ အရမ်းမကျယ်လောင်စေဘဲ အသံနှိမ့်ပေးထားပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဂိမ်းကစားကြသူတွေကတော့ ဒါဟာ လက်ခံနိုင်လောက်တဲ့  အသံလယ်ဗယ်အောက်ရောက်နေတာ ဖြစ်လို့ အသံကို ပြန်ပြီး တိုးမြှင့်ပေးစေချင်တဲ့ ဆန္ဒရှိနေကြပါတယ်။ ဒါပေမယ့်လည်း Pokemon GO ကစားပြီးလို့ သီချင်းပြန်ဖွင့်ကြည့်ရင် အသံစနစ်ဟာ အရင်လိုပဲ ကျယ်လောင်နေမှာပါ။ အခုလို သီချင်းအသံတိုးနေရတဲ့ ပြဿနာဟာ Unity ရဲ့ bug error ကြောင့်လား Niantic Labs ရဲ့ ဒီဇိုင်းအရဖြစ်တာလားဆိုတာ မသိရသေးပါဘူး။
အခုတစ်ခေါက် အသစ်တင်ပေးလိုက်တဲ့ update ဟာ အန်းဒရိုက်အတွက်  ဗားရှင်း 0.55.0 နဲ့ iOS အတွက် 1.25 ဖြစ်ပြီး အန်းဒရိုက်ဖုန်းများမှာ ဂိမ်းကို ဖွင့်ပြီး run တဲ့ကြာချိန်ကို လျှော့ပေးထားပါတယ်။ Pokemon GO Plus ရဲ့ accessory အတွက် အန်းဒရိုက်နဲ့ လိုင်းချိတ်မရတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးထားပြီး iOS မှာတော့ Apple Watch နဲ့ တွဲသုံးနိုင်သလို စာစီစာရိုက်ပြဿနာလေးတွေကိုလည်း ရှင်းထုတ်ထားပါတယ်။
play

Pokemon GO ကို ပြီးခဲ့တဲ့တစ်ပတ်က တောင်ကိုရီးယားမှာ စတင်ဖြန့် ချိခဲ့ပါတယ်။ ဈေးကွက်အနေအထားအရ တောင်ကိုရီးယားဟာ ကမ္ဘာ့အကြီးဆုံးဂိမ်းဈေးကွက်ထဲက တစ်ခုဖြစ်တာကြောင့် Pokemon GO အနေနဲ့ ပရိတ်သတ်အခိုင်အမာရဖို့ အတွက် အလားအလာကောင်းသွားပါတယ်။
Source: Pokemon GO
Credit: duwun.com.mm