Samsung Galaxy Note 8 ထွက်ရှိဖို့ အတည်ပြု

Samsung Galaxy Note 8 ထွက်ရှိဖို့ အတည်ပြု

Galaxy Note 7 ဖြစ်သလိုမျိုး အဖြစ်ခံမှာ မဟုတ်တော့ပါဘူး။

Note 7 ရောင်းပြီးသမျှ ပြန်သိမ်းခဲ့ရပေမယ့် Samsung ဟာ Note အမှတ်တံဆိပ်ထုတ်ကုန်များကို ဆက်လက်ထုတ်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒီတစ်ခါထုတ်မယ့် Note 8 ကိုတော့ ပိုပြီး ဘေးကင်းစိတ်ချရသလို အသစ်အဆန်းများပါထည့်သွားပြီး ပိုကောင်းအောင် ထုတ်သွားမှာဖြစ်တယ်လို့ Samsung မိုဘိုင်းလ်အကြီးအကဲ ဒီဂျေကို့ ခ်ျ က ဒီတစ်ပတ် Note 7 မီးလောင်ရခြင်း အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားတာပါ။
play

Samsung ဟာ Note အမှတ်တံဆိပ်ကို ဆက်လက်ထုတ်သွားရုံတင်မကဘဲ Samsung မိုဘိုင်းလ်ဖုန်းများရဲ့ နောက်မျိုးဆက်ကို 8 လို့ တပ်သွားပြီး Samsung Galaxy Note 8 လို့ ခေါ်သွားမယ်လို့ လည်း အတည်ပြုခဲ့ပါတယ်။
အခုလို ဆုံးဖြတ်လိုက်တာဟာ Samsung အတွက် စွန့် စားရာကျနေပါတယ်။တကယ်လို့ နောက်တစ်ခါထုတ်မယ့် Note အမှတ်တံဆိပ်မှာ ပထမတစ်ခါလို မီးလောင်ပေါက်ကွဲတာမျိုးဖြစ်လာမယ်ဆိုရင် ဒီကုန်အမှတ်တံဆိပ်ရဲ့ ရှေ့ လျှောက်အနာဂါတ်ဟာ တစ်မျိုးဖြစ်သွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ Note 7 ကိစ္စမှာ warranty မကုန်သေးတဲ့ စမတ်ဖုန်းတွေထဲက အတော်များများကို ဖုန်းပိုင်ရှင်တွေက ကုမ္ပဏီကို ပြန်အပ်သေးတာမဟုတ်ပါဘူး။ Samsung မှထုတ်ပြန်တဲ့အထဲမှာ တစ်ကမ္ဘာလုံးက Note 7 အလုံးရေစုစုပေါင်းရဲ့ ၉၇ % ကိုပဲ ပြန်သိမ်းဆည်းမိတာ ဖြစ်ပါတယ်။ ကြည့်ရတာ ကျန်တဲ့ ၃ % ဟာ အကုန်လုံးစိတ်ချ ဘေးကင်းတဲ့စမတ်ဖုန်းတွေ ဖြစ်နေတာကြောင့် သူတို့ အနေနဲ့ Samsung ကို ပြန်အပ်ဖို့ ငြင်းဆန်ကြတာဖြစ်မှာပါ။
ဒီလူတွေဘက်ကနေကြည့်ရင် Note 7 မီးလောင်ပေါက်ကွဲခဲ့လို့ လည်း ဒီအမှတ်တံဆိပ်ရဲ့ ဂုဏ်သတင်းနဲ့ ထိပ်တန်းအရည်အသွေးမီ တည်ဆောက်မှုဟာ မထိခိုက်ခဲ့ဘူးလို့ တွေး ကြည့်လို့ ရပါတယ်။ နောက်သတင်းကောင်းတစ်ခုက Samsung ဟာ နောက်လာမယ့် ဖုန်းတွေကို အပြစ်အနာဆာပါမပါကို စစ်ဆေးဖို့ ပိုပြီး သတိပြုသွားတော့မှာပါ။ တစ်နည်းအားဖြင့် ပြီးခဲ့တဲ့ နှစ်က Galaxy Note 7 ဖြစ်သလိုမျိုး နောက်လာမယ့် Samsung စမတ်ဖုန်းတွေမှာ အဖြစ်ခံမှာ မဟုတ်တော့ပါဘူး။
play

ယခု ၂၀၁၇ ခုနှစ်မှာ Samsung ရဲ့ စမတ်ဖုန်းများထဲမှ ပထမဆုံး ပွဲဦးထွက်လာမှာကတော့ Samsung Galaxy S8 ပဲဖြစ်ပါတယ်။ လက်တလော သတင်းများအရ Galaxy S8 ဟာလည်း iPhone 7 လိုမျိုး 3.5mm နားကြပ်ပေါက် ဖြုတ်သွားဖို့ ရှိတယ်လို့  သိရပါတယ်။ RAM 6GB နဲ့ လာမယ့် Galaxy S8 ဒီဖုန်းကို အပြာရောင် ၊ အနက်ရောင် ၊ ရွှေရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင်လေးမျိုးနဲ့ ထွက်လာမှာဖြစ်ပါတယ်။
ယခုတစ်ပတ်ထဲမှာ Galaxy Note7 ကိစ္စကို ဖြေရှင်းပြီးနောက် Galaxy S စီးရီးနာမည်နဲ့ လည်း လာဖို့ ရှိနေတယ်လို့ လည်း သိရပါတယ်။
Source: Slash Gear
Ref: duwun.com.mm



Contact Us

Name

Email *

Message *

Back To Top