၂၀၁၇ ခုနှစ်မှာ မဖြစ်မနေ ကြည့်သင့်တဲ့ SciFi အသုံးချ ရုပ်ရှင် ၁၂ ကား

၂၀၁၇ ခုနှစ်ကတော့ ရုပ်ရှင်ချစ်သူများအတွက် အကြိုက်တွေ့မယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဟာသကားကောင်းတွေ များသလို အက်ရှင်ကနေ ဒရာမာအထိ အခြားရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်ကားကောင်းများကိုလည်း ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီနှစ်မှာ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Resident Evil: The Final Chapter (January 27)
Resident Evil ရဲ့ ပထမဆုံး ကားကို ၂၀၀၂ မှာ ပြသခဲ့တာဖြစ်ပြီး ဆက်တိုက်အောင်မြင်တဲ့ စီးရီးများကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း Resident Evil: The Final Chapter ကို ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီကားကတော့ ကြောက်စရာ မကောင်းဘဲ အက်ရှင်များပါတယ်။ ကမ္ဘာပျက်ပြီးနောက်ပိုင်းကို ဇာတ်အိမ်တည်ထားပါတယ်။
၂။ Logan (March 3)
Logan ဟာ Wolverine ဇာတ်လမ်းကို အသွင်တစ်မျိုး ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ ခက်ထန်ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းများပါပြီး ခန့်မှန်းမရတဲ့ ဇာတ်ကွက်များကို ဆင်ထားပါတယ်။
၃။ Power Rangers (March 24)
နိုင်ငံတကာမှာ နာမည်ကြီးခဲ့တဲ့ အက်ရှင် စီးရီးကို အခြေခံထားတဲ့ Power Rangers ဟာ မူလစီးရီးရဲ့ ပျော်စရာ ဇာတ်ကွက်များကို မဖယ်ချန်ထားဘဲ အက်ရှင်ခန်းများ ပိုမိုကြွအောင် ဖန်တီးထားပါတယ်။ လူစွမ်းကောင်း ရုပ်ရှင်များကို နှစ်သက်သူများ အကြိုက်တွေ့မှာပါ။
၎။ Ghost in the Shell (March 31)
ဒီကားဟာ ဂျပန်ကာတွန်း စီးရီးကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ ဟက်ကာတစ်ယောက်က ကုမ္ပဏီကြီး တစ်ခုရဲ့ ဥာဏ်ရည်တု နည်းပညာကို ဖျက်ဆီးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဒီဇာတ်လမ်းကို ကာတွန်းအဖြစ် ဖန်တီးခဲ့ကြပြီးပါပြီ။
၅။ Guardians of the Galaxy Vol. 2 (May 5)
ဒီဇာတ်ကားကတော့ ပျော်စရာနဲ့ စိတ်လှုပ်ရှားစရာများကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ရုပ်ရှင် နမူနာကို ကြည့်ရတာတော့ ပထမကားရဲ့ ကောင်းတဲ့ အချက်တွေ အားလုံးကို ဒါရိုက်တာက ထည့်သွင်းထားပါတယ်။ အလွန်ကောင်းမယ့် ကားတစ်ကား ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။
၆။ Transformers: The Last Knight (June 23)
Transformers စီးရီးများဟာ လူကြိုက်များခဲ့သလို အခုထွက်မယ့် ကားအသစ်ကိုလည်း စောင့်မျှော်နေကြသူများစွာ ရှိပါတယ်။ ကားအသစ်မှာ Anthony Hopkins ဟာ အဓိက ဇာတ်ရုပ်ကနေပါလာမယ်လို့ ထင်ရပါတယ်။
၇။ Spider-Man: Homcoming (July 7)
ပင့်ကူလူသား ရုပ်ရှင် အရင်က ၂ ကားထွက်ခဲ့ပြီးပါပြီ။ နောက်ထွက်မယ့် ကားအသစ်မှာတော့ Tom Holland က မင်းသားနေရာကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။ Robert Downey Junior တို့လို နာမည်ကြီး မင်းသားနဲ့ သရုပ်ဆာင်များ အားဖြည့်ထားတဲ့အတွက် ဇာတ်ကားကောင်းတစ်ကား ဖြစ်လာမှာပါ။
၈။ Valerian and the City of a Thousand Planets (July 21)
သူ့ရဲ့ နမူနာကို ကြည့်ရတာ ၁၉၉၇ ခုနှစ်က ပေါက်ခဲ့တဲ့ The Fifth Element နဲ့ အတော်လေး ဆင်တူပါတယ်။ အဲဒီကား ၂ ခုစလုံးကို ဖန်တီးသူများထဲမှာ Luc Besson ပါဝင်နေပါတယ်။ ကွန်ပြူတာ ဂရပ်ဖစ်များက အလွန်ကောင်းမွန်ပါတယ်။
၉။ The Dark Tower (July 28)
The Dark Tower Series ဟာ Stephen King ရဲ့ အကောင်းဆုံး လက်ရာများထဲမှ တစ်ခုပါ။ Tom Taylor က အဓိက ဇာတ်ကောင်နေရာက ပါဝင် သရုပ်ဆောင်ထားပါတယ်။ Matthew McConaughey ကိုတော့ ဒီကားမှာ ဗီလိန်နေရာက မြင်ရမှာပါ။

၁၀။ Blade Runner 2049 (October 6)
Blade Runner ကလည်း ရုပ်ရှင်ချစ်သူတိုင်း ကြည့်ရမယ့် ကားပါ။ ဇာတ်ကား နမူနာကတော့ အလွန်ကောင်းမွန်ပါတယ်။ ပထမကားကို အကြိုက်တွေ့ခဲ့တဲ့ လူများအဖို့ လက်မလွတ်သင့်တဲ့ ကားဖြစ်ပါတယ်။
၁၁။ Justice League (November 17)
Zack Snyder က ရိုက်ကူးထားတာ ဖြစ်ပြီး လူစွမ်းကောင်းများကို မြင်တွေ့ရမယ့် ကား ဖြစ်ပါတယ်။ လူစွမ်းကောင်းများက Steppenwolf နဲ့ သူ့ရဲ့ Parademons စစ်တပ်ကို နှိမ်နင်းတဲ့ တိုက်ပွဲများ ပါဝင်ပါတယ်။
၁၂။ Star Wars: Episode VIII (December 15)
star-wars-episode-8
Star Wars ချစ်သူများ စောင့်မျှော်နေရတဲ့ ကားဖြစ်ပါတယ်။ ဇာတ်ကား နမူနာတော့ ထွက်ရှိခြင်း မရှိသေးပေမယ့် The Force Awakens ကို စွဲလမ်းခဲ့သူများဆိုရင်တော့ လက်မလွတ်သင့်တဲ့ ကား ဖြစ်ပါတယ်။
Credit: digitaltimes.com.mm