Twitter မှာ Live Video ဘယ်လိုလွှင့်မလဲ

Twitter မှာ Live Video ဘယ်လိုလွှင့်မလဲ

Twitter ဟာ သုံးစွဲသူတွေအတွက် Live video ထုတ်လွှင့်နိုင်မယ့် feature ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ဖြန့်ချိခဲ့ပါတယ်။ Twitter ပေါ်ကနေ Live video ထုတ်လွှင့်လိုသူများအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
- Twitter Live video ကို Android နဲ့ iOS device ပေါ်ကနေ လွှင့်ဖို့အတွက် အရင်ဆုံး Twitter app ကို ဖွင့်ပါ။
- ပြီးသွားရင် New Tweet ကို နှိပ်ပါ။
- ကင်မရာ icon ကိုနှိပ်ပြီး Live ဆိုတာကို နှိပ်ရပါမယ်။
- ပြီးသွားရင် Live နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို စာရေးဖို့အတွက် စာလုံးရေ ၁၄၀ ထက်မပိုတဲ့ Live video အကြောင်းအရာကို ထည့်သွင်းရပါမယ်။
- ထည့်သွင်းပြီးရင် Go Live ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Twitter ပေါ်မှာ Live video ကို စတင် လွှင့်နေပြီဖြစ်ပါတယ်။
အကယ်လို့ ရိုက်ကူးမှုကို ရပ်ဆိုင်းမယ်ဆိုရင် ညာဘက်ထောင့် အပေါ်နားမှာရှိတဲ့ X button ကိုနှိပ်ပြီး Stop broadcasting ဆိုတာကို ရွေးချယ်ရပါမယ်။
Ref: internetjournal.media



Contact Us

Name

Email *

Message *

Back To Top