တစ်ကမ္ဘာလုံးက လေဆိပ်များရဲ့ wi-fi passwords များကို ကြည့်လို့ ရမယ့် အက်ပလီကေးရှင်း
တစ်ကမ္ဘာလုံးက လေဆိပ်များရဲ့ wi-fi passwords များကို ကြည့်လို့ ရမယ့် အက်ပလီကေးရှင်း
play
 update ဖြစ်တဲ့ password များကို အချိန်နဲ့ တပြေးညီတင်ပေးပါတယ်။
လေကြောင်းနဲ့ ခရီးထွက်ဖြစ်သူများအတွက် ကိုယ်ရောက်ရာလေဆိပ်မှာ ဝိုင်ဖိုင်သုံးလို့ ရမယ့် map အက်ပလီကေးရှင်းလေးတစ်ခု ရှိပါတယ်။ ကမ္ဘာအနှံ့ က ဒါဇင်နဲ့ ချီတဲ့ လေဆိပ်တွေရဲ့ ဝိုင်ဖိုင်စကားဝှက်များကို ဖော်ထုတ်ပေးမယ့် ဒီ map လေးကို ခရီးသွား ဘလော့ဂါတစ်ဦးဖြစ်သူ အန်နီး ပိုလတ်က ဖန်တီးခဲ့တာဖြစ်ပြီး ပြောင်းလဲနေတဲ့ စကားဝှက်ပေါ်လိုက်ပြီး ပုံမှန် updates များ တင်ပေးနေပါတယ်။
play
ဒီ map လေးကို အက်ပလီကေးရှင်းပုံစံနဲ့  ထွက်ထားပါတယ်။ ဒါကတော့ WiFox ဆိုတဲ့ အက်ပလီကေးရှင်းလေးဖြစ်ပြီး ဒီအက်ပ်ကို iOS နဲ့ Android တို့ အပြင် Amazon တို့ ကနေပါ ၁.၉၉ ဒေါ်လာနှုန်းနဲ့ ဒေါင်းလုပ်ဆွဲရယူနိုင်ပါတယ်။
နောက်ဆုံးအသစ်ပြန်ပြောင်းလိုက်တဲ့ password ကိုတော့ WiFox အက်ပလီကေးရှင်းမှာ ပုံမှန်ဖော်ပြပေးသွားမှာပါ။ နောက်ဆုံးထွက်ခဲ့တဲ့ဗားရှင်းကတော့ WiFox version 9.0 ဖြစ်ပြီး အရင် iOS ဗားရှင်းဟောင်းတွေနဲ့ လည်း အဆင်ပြေပါတယ်။ ဒီဗားရှင်းမှာတော့ ဘာသာစကားသစ်များဖြစ်တဲ့ ပေါ်တူဂီ ၊ ကိုရီးယား ၊ ရုရှား ၊ ရိုမေးနီးယား ၊ ဗီယက်နမ် ၊ ဂျပန် ၊ ပိုလန်နဲ့ အာရေဗျစကားများပါ ထပ်မံထည့်သွင်းပေးထားပါတယ်။
play
တစ်ကမ္ဘာလုံးကို ခရီးလှည့်နေတဲ့ ပိုလတ်ဟာ သူ့ ရဲ့ ဘလော့ဂ်ကို foXnoMad လို့ အမည်ပေးထားပြီး ခရီးသွားသူတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ရေးသားစုစည်းလိုက်တာပါ။ သူ့ စိတ်ကူးထဲကအတိုင်း လေယာဉ်မှူးများ ၊ခရီးသွားများ နဲ့ တစ်ခြားယုံကြည်ထိုက်တဲ့ သတင်းအရင်းအမြစ်များမှ ပေးတဲ့ အချက်အလက်များကို စုပြီး သူ့ ရဲ့ WiFox map မှာ ပုံမှန်သတင်းသစ်တွေ တင်ပေးနေတာဖြစ်ပါတယ်။
Source: foXnoMad:travel smarter
Credit: duwun.com.mm
Contact Us
Name
Email *
Message *
Back To Top