YouTube ၊ Periscope နဲ့ Twitch တို့ ပေါ်ကနေ တစ်ပြိုင်နက်တည်းရုပ်သံလွှင့်နိုင်ပြီဖြစ်တဲ့ Livestream

Live video ဝန်ဆောင်မှုများကို တစ်ပြိုင်နက်တည်း လွှင့်တင်ပြသသွားမှာပါ။

Livestream ကုမ္ပဏီဟာ အွန်လိုင်းဘယ်နေရာကမဆို လွှင့်တင်ပေးနိုင်မယ့် တိုက်ရိုက်ရုပ်သံဗွီဒီယိုပလက်ဖောင်းတစ်ခု ဖန်တီးဖို့ အတော်လေးကို နီးစပ်မှု ရှိနေပြီ ဖြစ်ပါတယ်။




ပရီမီယံအဆင့်နဲ့ စီးပွားရေးလုပ်ငန်းသုံး ဖောက်သည်များအနေနဲ့ တိုက်ရိုက်စာပို့ ပရိုတိုကော RTMP ပေးထားတဲ့ Livestream မဟုတ်တဲ့ ဗွီဒီယိုဝန်ဆောင်မှုကို တစ်ပြိုင်နက်တည်း လွှင့်တင်ပြသသွားလို့ ရနိုင်တော့မယ်လို့ ကုမ္ပဏီမှ ကြေငြာခဲ့ပါတယ်။ ဒါ့ကြောင့် Livestream မဟုတ်တဲ့ YouTube ၊ Periscope ၊ Twitch နဲ့ တစ်ခြား တိုက်ရိုက်ဗွီဒီယိုတွေကို Livestream ပေါ်ကနေ တစ်ပြိုင်နက်တည်း ပြသနိုင်တော့မှာ ဖြစ်ပါတယ်။
Lifestream ရဲ့ CEO ဖြစ်သူ ဂျက်ဆီဟတ်ဘာ့ဂ်မှ တိုက်ရိုက်ဗွီဒီယိုတွေကို ဦးတည်သွားနေတဲ့ ကုမ္ပဏီရဲ့ ဗျူဟာတွေဟာ ဆင့်ကဲဖြစ်ပေါ်တိုးတက်နေပြီလို့ ဆိုပါတယ်။ ဗွီဒီယိုပလက်ဖောင်းတစ်ခုစီဟာ ကြည့်ရှုသူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ အခွင့်အလမ်းတွေရှိလာမှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေကလည်း ဒီအခွင့်အရေးကို ငြင်းပယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ကုမ္ပဏီအနေနဲ့ စီးပွားရေးထုတ်ကုန်တစ်ခုခုကို ဖြန့် ချိတာတို့ သတင်းစာရှင်းလင်းပွဲကြီးတွေ ကြေငြာတာတို့ လုပ်မယ်ဆိုရင် ဒီအရာတွေကို လူတွေဆီ များနိုင်သမျှ များများ ရောက်အောင် လုပ်ကြရတာပါ။ ဒါဟာ Livestream အနေနဲ့ ဦးတည်ပြီး ပစ်မှတ်ထားနေတဲ့ ဈေးကွက်ဖြစ်ပါတယ်။

Livestream ကိုသုံးပြီး ကိုယ်တင်လိုတဲ့ ဗွီဒီယိုကို ဝက်ဘ်ပေါ်မှ ဖြစ်စေ ၊ iOS အန်းဒရိုက် ၊ Roku နဲ့ Apple TV တို့ မှ ဖြစ်စေ အားလုံးကြည့်ရှုနိုင်အောင် တင်ပေးသွားနိုင်ပါတယ်။ စီးပွားရေးပိုင်းကနေ ကြည့်မယ်ဆိုရင် ဒီလို ဖောက်သည်အကြိုက်ထုတ်ကုန်များကို တိုက်ရိုက် live လွှင့်ပြီး ကြေငြာလို့ လူကြိုက်များလာတာနဲ့ ဈေးကွက်မှာ တောင်းဆိုမှုတွေ တက်တက်လာမှာပါ။
Facebook Live မှာ ရုပ်သံလွှင့်မှုတွေ ဈေးကွက်ထဲဝင်လာပြီးနောက် Livestream ကလည်း အလားတူ ဈေးကွက်ဝင် တိုက်ရိုက်ဗွီဒီယိုရုပ်သံလွှင့်တင်မှုများကို မိတ်ဆက်ကြေငြာလာတာ ဖြစ်ပါတယ်။ Facebook Live features များလိုပဲ YouTube ဟာလည်း တိုက်ရိုက်ရုပ်သံစနစ်များသုံးလာကြပေမယ့် ဒီနှစ်ခုလုံးကို တစ်ပြိုင်နက်လည်း တိုက်ရိုက်ရုပ်သံလွှင့်နိုင်မှာတော့ မဟုတ်ပါဘူး။
play

Livestream ကတော့ ဒီရုပ်သံဗွီဒီယိုတွေကို တစ်ပြိုင်နက်တည်း လွှင့်တင်နိုင်မယ့် ပလက်ဖောင်း ဖြစ်တော့မှာပါ။ Livestream ဟာ ကင်မရာနဲ့ ကွန်ပျူတာတို့ ကိုသုံးပြီး အင်တာနက်ပေါ်ကနေ တိုက်ရိုက်ဗွီဒီယိုများကို တစ်ပြိုင်နက်တည်း လွှင့်တင်သွားနိုင်တဲ့ ဗွီဒီယို streaming platform ဖြစ်ပြီး Spotify ၊ Gannett ၊ World Economic Forum ၊ Tesla ၊ Space X ၊ NBA ၊ RISD ၊ Clinton Global Initiative အပါအဝင် ဒေသတွင်း တီဗွီအစီအစဉ်ပေါင်း ၂၀၀ ကျော်ကို တင်ပေးနေပါတယ်။ 
Source: Tech Crunch
Ref: duwun.com.mm