ဖုန်းကာဗာအတွင်း ထည့်သိမ်းနိုင်ပြီး အဖွဲ့လိုက်ပုံတွေ၊ နောက်ခံဘက်ဂရောင်းအလှပေါ်လွင်အောင် ရိုက်ကူးနိုင်တဲ့ Airselfie ဆယ်ဖီဒုံးပျံ

ဖုန်းကာဗာအတွင်း ထည့်သိမ်းနိုင်ပြီး အဖွဲ့လိုက်ပုံတွေ၊ နောက်ခံဘက်ဂရောင်းအလှပေါ်လွင်အောင် ရိုက်ကူးနိုင်တဲ့ Airselfie ဆယ်ဖီဒုံးပျံ

ဆယ်ဖီရိုက်တဲ့အခါ ဆယ်ဖီတုတ် ဒါမှမဟုတ် လက်မပါအောင် ရိုက်တတ်ရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အဲဒီလို မရိုက်တတ်သူတွေအတွက် ဆယ်ဖီ drone လေး ရှိပါတယ်။ Airselfie ဆိုတာ ဖုန်းကာဗာအတွင်း ထည့်သွင်းရတဲ့ အသေးစား drone တစ်မျိုးဖြစ်ပြီး မိမိလက် သို့မဟုတ် ဆယ်ဖီတုတ်ထက် ပိုအလှမ်းဝေးရာကနေ ဆယ်ဖီတွေ ဒါမှမဟုတ် အဖွဲ့လိုက်ပုံတွေ ရိုက်ကူးလို့ရစေပါတယ်။
ဖုန်းကာဗာအတွင်း အံကိုက်ကျတဲ့ အသေးစား drone တစ်ခုဖြစ်ပြီး အတည်တပ်ဆင်ထားတဲ့ 5-megapixel ကင်မရာ ပါရှိပါတယ်။ ဆယ်ဖီတုတ်အရှည်ထက် ပိုအလှမ်းဝေးရာကနေ ဆယ်ဖီတွေ ရိုက်ကူးစေနိုင်တာမို့ နောက်ခံရှုခင်း ပိုမိုဖမ်းယူနိုင်ပါတယ်။ ပြီးတော့ ပိုမိုကောင်းမွန်တဲ့ အဖွဲ့လိုက်ပုံတွေလည်း ရိုက်ကူးနိုင်ပါတယ်။ အဆိုပါဆယ်ဖီ drone ကို လက်ကနေ တိုက်ရိုက် လွှတ်တင်နိုင်ပါတယ်။
Drone ကို Airselfie app ထဲက အသက်ဝင်လှတဲ့ ပဲ့ထိန်းမဏ္ဍိုင်လေးတွေနဲ့ အထိန်းအကွပ်လုပ်နိုင်ပြီး mode (၃) ခု ပါဝင်ပါတယ်။ ဓာတ်ပုံတွေ ရိုက်ကူးပြီးရင် ပုံတွေကို Airselfie ရဲ့ 4GB storage ထဲ ရောက်သွားပါတယ်။ ဒါမှမဟုတ် ဖုန်းနဲ့ Airselfie နှစ်ခုကြားက WiFi connection ကနေတဆင့် ဖုန်းထဲကို transfer လုပ်နိုင်ပါတယ်။
Airselfie drone ကို အလူမီနီယမ်နဲ့ ပြုလုပ်ထားပြီး ၅၂ ဂရမ် (၁.၈ အောင်စ) အလေးချိန်ထိ အံ့မခန်းဖွယ် ပေါ့ပါးပါတယ်။ ဘက်ထရီအား ၃ မိနစ်လောက်သာ အသုံးခံပေမယ့် အားသွင်းချိန် မိနစ် ၃၀ သာ ကြာမြင့်ပါတယ်။ Airselfie ကို $260 နဲ့ ကြိုတင် pre-order လုပ်နိုင်ပြီ ဖြစ်ပြီး မေလအတွင်း ဖြန့်ချိသွားမယ်ဖြစ်ကြောင်း Airselfie ဝက်ဘ်ဆိုဒ်အရ သိရပါတယ်။
အဆိုပါ Airselfie ဟာ iPhone 7 ၊ 7 Plus ၊ 6s ၊ 6s Plus ၊ Google Pixel နဲ့ Samsung Galaxy S7 Edge တို့နဲ့ တွဲဖက် သုံးစွဲနိုင်ကြောင်း သိရပါတယ်။ 
Ref: Business Insider 
Credit: trend.com.mm



Contact Us

Name

Email *

Message *

Back To Top