Android ဖုန်းတွေမှာ ပါတဲ့ လူသိပ်မသိသေးတဲ့ Function (၈)မျိုး

လူတိုင်းနီးပါး စမတ်ဖုန်းနဲ့အဆင့်မြင့်တဲ့ဖုန်းတွေကို ကိုင်နေကြပေမယ့် အဲ့ဒီ Devices တွေရဲ့စွမ်းဆောင်ရည်တွေအားလုံးကိုတော့ သိတဲ့သူရှားပါးပါတယ်။ ယခုပြောပြပေးချင်တာကတော့ လူတစ်ရာမှာ (၉၀)လောက် မသိကြသေးတဲ့ Android Functions တွေရဲ့ လျှို့ဝှက်ချက်တွေအကြောင်းပါ။
(၁)ဘက်ထရီပါဝါကို Save နိုင်တဲ့ အလွယ်ဆုံးနည်း
ဖုန်းရဲ့ screen အရောင်ကို အရောင်တောက်တောက်တွေသုံးမယ့်အစား အနက်ရောင်(ဒါမှမဟုတ်)ရိုးရှင်းတဲ့ အရောင်မှိုင်းမှိုင်းတွေကို သုံးမယ်ဆိုရင် ဖုန်း ဘက်ထရီပါဝါကို အလွယ်လေး Save လုပ်နိုင်မှာဖြစ်ပါတယ်။အလိုအလျောက် highlight လုပ်ပေးတဲ့ (automatic pixel highlighting)ကို turn off လုပ်ပေးရင်လည်း ဘက်ထရီပါဝါကို ပိုပြီး ကြာကြာခံနိုင်စေပါတယ်။ဒီ feature ဟာ Android ဖုန်းအားလုံးမှာတော့ မပါဝင်ပေမယ့် Samsung စမတ်ဖုန်းနဲ့ tablets တို့မှာတော့ အဲ့ဒီfeature ပါပါတယ်။
10540210-man-1868730_1920-1485350226-650-a8fb4f2e51-1485926380
(၂)အသံထွက်ဖတ်ခိုင်းတဲ့ (Text-to-speech)
Android device တွေမှာဆိုရင် ကိုယ်သိချင်တဲ့ အကြောင်းအရာကို သင် ကိုယ်တိုင်ဖတ်နိုင်ရုံသာမက နားထောင်လို့ပါရပါတယ်။အဲ့ဒီလိုနားထောင် ချင်တယ်ဆိုရင်တော့ Settings ->Accessibility ထဲကို ၀င်ပြီး Text-to-Speech Output option ကိုပြောင်းလိုက်ပါ။
(၃)remote control
Settings -> Security -> Device administrators ထဲကိုဝင်ပြီး Android Device Manager ပြီးရင် Remotely locate နဲ့ remote lock နဲ့ erase ကို Allow လုပ်ပေးလိုက်ပါ။အဲ့ဒီလိုဆိုရင်တော့ ဖုန်းပျောက် သွားခဲ့ရင်တောင်မှ ဖုန်းရဲ့တည်နေရာကို https://www.google.com/android/devicemanager မှတစ်ဆင့် တည်နေရာကိုရှာတာ၊အထဲမှာပါတဲ့ Data တွေကိုမဆုံးရှုံးစေပဲ block လုပ်တာတွေလုပ်လို့ရပါတယ်။
(၄)Guest Mode
တကယ်လို့ သင့်ဖုန်းကို တခြားလူတစ်ယောက်ယောက်ကို ပေးသုံးစေမယ်။ ဒါပေမယ့် သင့်ဖုန်းထဲမှာရှိတဲ့ တစ်ချို့အချက်အလက်တွေကိုတော့ လူမသိစေ ချင်ဘူးဆိုရင် Guest Mode ကို အသုံးပြုလိုက်ပါ။ဖုန်းရဲ့ ထိပ်ပိုင်း ကို (touch )လုပ်ပြီးအောက်ကို ဆွဲချလိုက်ပါ။အပေါ်ပိုင်း ညာဖက်ခြမ်းက user icon ကို touch လုပ်လိုက်ပါ။အဲ့ဒီအခါမှာတော့ Add guest icon ပေါ်လာပါလိမ့်မယ်။ အဲ့ဒီလိုလုပ်ပြီးရင်တော့ ဘယ်လိုအရာတွေကို ကြည့်လို့ရမယ်၊ယူလို့ရမယ်ဆို တာကို ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်ပါပြီ။
10541710-social-media-1795578_1920-1485350034-650-f2ae12c543-1485926380
(၅)Screen ချဲ့
မျက်လုံးသိပ်မကောင်းတဲ့ သူတွေအတွက် အနည်းငယ်တော့ အထောက်အ ကူဖြစ်စေ မှာပါ။Settings -> Accessibility -> Magnification အဆင့် ဆင့်သွားပါ။ပြီးရင်တော့ display မှာရှိတဲ့ ဘယ်နေရာ၊ဘယ်အစိတ်အ ပိုင်းကိုမ ဆို အသာအယာပုတ်(Tap) လုပ်လိုက်ရုံနဲ့zoom ချဲ့နိုင်ပါပြီ။
(၆)Hotspot mode
ဒီအပိုင်းကတော့ လူတိုင်းနီးပါးသိပြီးဖြစ်မှာပါ။မသိသေးတဲ့ သူတွေအ တွက်ြေ ပာပြပေးချင်ပါတယ်။ဖုန်းထဲမှာရှိတဲ့ အင်တာနက်ကို Laptop အပါအ၀င် တခြား devices တွေမှာချိတ်တာပါ။Go to Settings -> Tethering and portable hotspot ၊ပြီးရင်တော့ Portable WLAN hotspot ကို turn on လုပ်လိုက်ရုံပါပဲ။
21
(၇)ခေါင်းရဲ့ လှုပ်ရှားမှုနဲ့ စမတ်ဖုန်းကို Control လုပ်တာ
တစ်ခါတစ်လေမှာ ချမ်းလို့ပဲဖြစ်ဖြစ်၊တခြားအကြောင်းအရာတွေကြောင့် လက် ထုတ်ပြီး ဖုန်းကို တစ်ခုခုလုပ်တာ ဥပမာ-ဖွင့်တာ၊ပိတ်တာ၊ အဲ့ဒီလို လုပ်ချင် တယ်ဆိုရင် အကောင်းဆုံးနည်းတစ်ခုရှိပါတယ်။ EVA Facial Mouse ဆိုတဲ့ App ကို Install လုပ်ပါ။အဲ့ဒီ App က Android device တွေကို ခေါင်းရဲ့ လှုပ်ရှားမှုနဲ့ Control လုပ်နိုင်ပါတယ်။အသေးစိတ်အချက်အလက်တွေကိုတော့ http://techviola.blogspot.ru/2017/01/how-to-control-your-android-with-your.html မှာ ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်။
Android-6-0-Marshmallow-Flappy-Bird-Hidden-Game-in-Android-Easter-Eggs-Marshmallow-Google-Chrome-Dinosaur-Android-Easter-Eggs-371252

(၈) secret game
ဒါကိုတော့ Android ဗားရှင်း 2.3 လောက်ကစပြီး Android Devices တိုင်း လိုလိုမှာ ပါပါတယ်။Google ကပေးထားတဲ့ လျှို့ဝှက်လက်ဆောင်လို့ ပြောလို့ရ ပါတယ်။ဒါပေမယ့် ရှာရတာတော့ နဲနဲခက်နိုင်ပါတယ်။အရင်ဆုံး Settings ထဲကို သွား၊ About phone (ဒါမှမဟုတ်) About tablet ထဲကို ၀င်၊ Android version ဆိုတဲ့ နေရာကို မြန်မြန်ဆန်ဆန်နဲ့အကြိမ်များစွာအသာ အယာ ပုတ် (tap) လုပ်ပါ။အဲ့ဒီ လိုဆို ရင် ပန်းရောင်အဖျော့သေးသေးလေး တစ်ခု(marshmallow) ဟာ ပုံမှပြထားတဲ့အတိုင်း screen ပေါ် မှာ ပေါ်လာ ပါလိမ့်မယ်။အဲ့ဒါ ကို ပဲ မြန်မြန်ဆန်ဆန်ထပ်ပြီး (tap)လုပ်ပါ။အဲ့ဒီလိုဆိုရင် အထူးစပရှယ် mini-game သေးလေးတစ်ခုပွင့်လာပါလိမ့်မယ်။
Ref;brightside
Credit: Shwemom