App တွေ မသုံးဘဲ Android ဖုန်းရဲ့ဂိမ်း lag ကိုဘယ်လိုဖြေရှင်းမလဲ

Android ဖုန်းတွေမှာ တချို့ ဂိမ်းအမြင့်တွေကို ကစားတဲ့အခါ မျိုးမှာ lag ဖြစ်တာ တစ်နည်းအားဖြင့် ထစ်နေတာ၊ နှေးနေတာမျိုးတွေကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာ အခြား Third Party App တွေ သုံးစရာမလိုဘဲ ကိုယ်ကစားချင်တဲ့ ဂိမ်းအတွက်ဖုန်းရဲ့ ဂိမ်းစွမ်းရည်ပိုင်းကို မြှင့်တင်နိုင်ပါတယ်။ Android ဖုန်းရဲ့ System စနစ်ထဲမှာ Force 4x MSAA Options ကို ဖွင့်ပေးထားမယ် ဆိုရင်တော့ ဂရပ်ဖစ် စွမ်းဆောင်ရည်များစွာ လိုအပ်တဲ့ ဂိမ်းတွေကို ကောင်းမွန်စွာနဲ့ ကစားနိုင်မှာပါ။
အရင်ဆုံးဖုန်းရဲ့ Settings icon ကို တစ်ချက်နှိပ်ပြီး Settings ထဲကို ၀င်လိုက်ပါ။
Settings စနစ်ပွင့်လာပြီ ဆိုရင်တော့ ဖုန်းရဲ့ OS စနစ်ထဲက Developer Options ကို ဖွင့်ပေးဖို့အတွက် လိုအပ်မှာဖြစ်ပါတယ်။ မိမိရဲ့ဖုန်းမှာ Developer Options ကို ဖွင့်ထားပြီးရင်တော့ အောက်က အဆင့် ၃ ၊ အဆင့် ၄ နဲ့ အဆင့် ၅ တွေကို ကျော်ပြီး အဆင့် ၆ ကနေ စတင်လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။
   
Developer Options ကို ဖွင့် ပေးဖို့အတွက် ဖုန်းထဲ Settings ထဲကနေ အောက်ဆုံးနားကို ပွတ်ဆွဲပြီး About Phone ကိုရှာပြီး နှိပ်ပါ။
About Phone ကိုနှိပ်လိုက်ရင်တော့ ဖုန်းရဲ့ System info စနစ်ပေါ်လာမှာဖြစ်ပြီး အဲဒီထဲက မှ Build number ဆိုတဲ့စာသားကို သတ်မှတ်အကြိမ်ရေအတိုင်း ဆက်တိုက်နှိပ်ပါ။ (Build number ကို မတွေ့ရင်တော့ Software Version ဆိုတဲ့စာသား ကိုရှာပြီးနှိပ်ပါ။
   
အဲ့ဒီလိုနှိပ်လိုက်ရင်တော့ မြင် ကွင်းမှာ You are now a developer! ဆိုတဲ့ စာသားပေါ် လာမှာဖြစ်ပါတယ်။ အဲလိုပေါ်လာ ရင်တော့ Developer Options ကို ဖွင့်လိုက်ပြီပဲ ဖြစ်ပါတယ်။
ပြီးရင်တော့ About phone ကနေ ပြန်ထွက်ဖို့အတွက် Back ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းရဲ့ System စနစ်ထဲမှာ Developer options ဆိုတာ ပေါ်လာမှာဖြစ်ပြီး အဲဒီ Developer options စာသားကို တစ်ချက်နှိပ် လိုက်ပါ။
Developer Options ထဲကို ရောက်ရင်တော့ Developer Options ဆိုတဲ့စာသားဘေးနား က ခလုတ်လေးက ပွင့်နေတဲ့ပုံစံ ဖြစ်နေမှာဖြစ်ပါတယ်။ ပြီးရင် တော့ Force 4x MSAA ဆိုတဲ့ စာသားဘေးနားက ခလုတ်ကို တစ်ချက်နှိပ်ပြီး Enable လုပ်လိုက်ပါ။
   
Ref: internetjournal.media