ဆယ်စုနှစ်တစ်ခုစာ အားသွင်းစရာ မလိုသည့် ဘက်ထရီတစ်မျိုး သိပ္ပံပညာရှင်များတီထွင်

ဆယ်စုနှစ်တစ်ခုစာ အားသွင်းစရာ မလိုသည့် ဘက်ထရီတစ်မျိုး သိပ္ပံပညာရှင်များတီထွင်

အားပြန်ပြန်သွင်းရတဲ့ ဘက်ထရီတွေရဲ့ အဓိကပြဿနာဟာ ကြာရှည်အားမခံတာပါပဲ။ ဒီပြဿနာကို အဖြေရှာနေခဲ့တာလည်း ကြာပြီ ဖြစ်ပါတယ်။ အခုလေးတင်ပဲ ဗူးထဲကနေ ဖွင့်ဖောက်လိုက်တဲ့ အသစ်စက်စက်ဖုန်းအကောင်းစားတစ်လုံးကို ကြည့်လိုက်ရင် တစ်သက်လုံးပဲ သုံးသွားလို့ ရတော့မလိုနဲ့  နှစ်နှစ် သုံးနှစ်လောက် သုံးပြီးတဲ့အခါ  ဘက်ထရီအားမနေတော့တာတွေ ခဏခဏ ကြုံနေကြပါတယ်။ ဒီတစ်ခါမှာတော့ ဓါတုဗေဒသမိုင်းအတွက် ထူးကဲတဲ့ ရလဒ်တစ်ခုအဖြစ် ဆယ်စုနှစ် တစ်ခုအထိ အားသွင်းစရာမလိုတဲ့ ဘက်ထရီတစ်မျိုးကို ဟားဗတ်တက္ကသိုလ်မှ သုတေသီပညာရှင်တွေကနေ တီထွင်လိုက်ပါတယ်။
play

ယခု အသစ်တီထွင်လိုက်တဲ့ ဘက်ထရီပါဝါနည်းပညာကို flow battery လို့ ခေါ်ပါတယ်။ flow battery တွေဟာ လျှပ်စီးကြောင်းဖြစ်စေဖို့ အရည် liquids နှစ်ခုအကြား အိုင်ယွန်ကို အပြောင်းအလဲ ပြုလုပ်ပေးတဲ့ ဘက်ထရီတစ်မျိုးဖြစ်ပါတယ်။ ဒီဘက်ထရီတွေကို အသုံးချမှုအမျိုးမျိုးသုံးနိုင်ပြီး ထုတ်ကုန်တော်တော်များများနဲ့ အဆင်ပြေပါတယ်။ တစ်ခုရှိတာက ဒီဘက်ထရီကို ဆယ်နှစ်ကျော်သုံးသွားနိုင်အောင် ပုံမှန်ထိန်းသိမ်းပေးဖို့ တော့ လိုပါတယ်။
သုတေသနအဖွဲ့ ဟာ ဒီလိုဘက်ထရီမျိုးတွေမှာ သုံးထားတဲ့ အီလက်ထရိုလိုက်ပုံစံဖွဲ့ စည်းမှုကို ပြန်ပြီး တည်ဆောက်ထားတာ ဖြစ်ပြီး ရေမှာ ပိုပြီး ပျော်ဝင်လွယ်အောင် လုပ်ထားပါတယ်။ ဒါ့ကြောင့် ဘက်ထရီတွေဟာ ပြန်ပြင်ထားတဲ့ အီလက်ထရိုလိုက်ပုံစံနှင့်အတူ ရေထဲမှာ အသားတကျစီးဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အဆင်ပြေပြေပျော်ဝင်ခြင်းကြောင့် ဘက်ထရီရဲ့ အရည်အသွေးကို မထိခိုက်စေဘဲ ဘေးကင်းစိတ်ချမှု ရှိစေတဲ့အပြင် ထုတ်လုပ်ရာမှာလည်း  အကုန်အကျ သက်သာမှာ ဖြစ်ပါတယ်။

အရေးကြီးဆုံး အချက်က စိတ်ချရမှုရှိတဲ့ ဘက်ထရီမျိုးတွေဟာ သုံးရပြုရတာ အများကြီး ပိုခက်ခဲတတ်တယ်ဆိုပေမယ့် ယခု ဘက်ထရီကို တီထွင်ခဲ့တဲ့ ပညာရှင်တွေကတော့ အားကို လုံးဝမရှိတော့တဲ့အခြေအနေရောက်ပြီး အားအပြည့်သွင်းမှုပေါင်း အကြိမ် ၁၀၀၀ အထိအားသွင်း စမ်းသပ်ကြည့်ရာမှာ ဘက်ထရီစွမ်းဆောင်ရည်စုစုပေါင်းရဲ့ ၁% ပဲ အကြမ်းဖျဉ်း ထိခိုက်မှု ရှိတာကို တွေ့ ရပါတယ်။ လစ်သီယံအိုင်ယွန် ဘက်ထရီမျိုးဟာ အများဆုံး ၂ နှစ်ကနေ ၃ နှစ်အထိပဲ သုံးလို့ ရတဲ့ ဘက်ထရီမျိုး ဖြစ်ပါတယ်။ ဒီဘက်ထရီတွေကို ၅ နှစ်အထက် မသုံးသင့်ပါဘူး။ လစ်သီယံအိုင်ယွန်ဘက်ထရီတွေနဲ့ ယှဉ်ကြည့်ရင် ဘက်ထရီအားမနေတဲ့ အနေအထားဟာ အလွန့် အလွန်နည်းပါးတဲ့  ဒီဘက်ထရီဟာ အကြိမ်ပေါင်း ၁၀၀ ကျော် အားအပြည့်ခမ်းသွားမှသာ ဘက်ထရီစွမ်းရည် လျော့ကျလာတာကို သတိပြုမိလာစေပါတယ်။
play

Apple ဟာ သူ့ ရဲ့ MacBook ဘက်ထရီတွေကို ပါဝါကုန်သုံးပြီး အားပြန်သွင်းမှုပေါင်း အကြိမ် ၁၀၀၀ ခံနိုင်အောင် ကြံဆနေတာပါ။ ဒီ flow battery တွေသာ မိုဘိုင်းလ်ဈေးကွက်ထဲဝင်လာမယ်ဆိုရင် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးကို အနည်းဆုံး ၁၀ နှစ်လောက်အထိ ပြဿနာမရှိကိုင်သုံးလို့ ရသွားမှာ ဖြစ်ပါတယ်။ သို့ သော်လည်း ဟားဗတ်မှ ပညာရှင်များကတော့ သူတို့ ရဲ့နည်းပညာကို ဇီဝလောင်စာသုံးစွဲမှုကို လျှော့ချပေးသွားနိုင်မယ့် နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်များလို သန့် စင်စွမ်းအင်ကဏ္ဍမှ ဘက်ထရီများမှာ အကြီးအကျယ် သုံးသွားဖို့ ဆန္ဒရှိနေကြပါတယ်။
Credit: duwun.com.mm



Contact Us

Name

Email *

Message *

Back To Top