ခက်ရင်းတစ်ချောင်းရဲ့ အသုံးဝင်ပုံများ

အိမ်မှာ စမ်းလုပ်ကြည့်ပါ။ တကယ်အသုံးတည့်ပါတယ်။

ထမင်းစားတဲ့အခါ အသုံးပြုတဲ့ ခက်ရင်းတစ်ချောင်းဟာ ထမင်းစားပွဲမှာသာ သုံးလို့ရနိုင်တာမဟုတ်ပါဘူး။ အခြားနေရာတွေမှာလည်း သုံးလို့ရနိုင်ပါသေးတယ်။ ဒီလျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဖုန်းအားသွင်းကြိုး

ဖုန်းကို အားသွင်းဖို့ USB ကြိုးတွေကို ကွန်ပျူတာစားပွဲပေါ်မှာ အမြဲတမ်းထားမယ်ဆို ခက်ရင်းတစ်ချောင်းကို ဆောင်ထားပါ။ စားပွဲပေါ်မှာ ခက်ရင်းကို ကော်နဲ့ကပ်ထားပြီး ခက်ရင်းခွကြားမှာ ကြိုးရဲ့ခေါင်းဘက်ကို ညှပ်ထားလိုက်မယ်ဆို တကူးတက လိုက်မရှာရတော့ဘူးပေါ့။


၂။ ဖယောင်းတိုင်စိုက်ဖို့တိုင်

စားပွဲပေါ်မှာ ဖယောင်းတိုင်လေးထွန်းထားတဲ့ ရိုမန့်တစ်ညစာကို ဖန်တီးမယ်ဆို ဖယောင်းတိုင်ထွန်းမယ့်တိုင်လေးက လှနေဖို့တော့ လိုတာပေါ့။ ခက်ရင်းခွနဲ့ ဖယောင်းတိုင်စိုက်ဖို့တိုင်လေး လုပ်ကြည့်မယ်လေ။ ခက်ရင်းရဲ့ အစွန်ဆုံးအချွန်နှစ်ဘက်ကို ပလာယာသုံးပြီး နောက်ကိုလှန်လိုက်ပါ။ အလယ်က နှစ်ချောင်းကိုတော့ လားရာမတူတဲ့ဘက်ကို တစ်ဖက်စီ လှန်ပေးရပါမယ်။ ထောင့်ချိုးပုံစံဖြစ်သွားအောင် ထပ်လုပ်လိုက်ပါဦး ။ ဒါဆိုရင် ဖယောင်းတိုင်စိုက်ထွန်းမယ့် တိုင်လှလှလေး ရပါပြီ။ ခက်ရင်းလက်ကိုင်ကို ကွေးပြီး စားပွဲပေါ်မှာ တင်ထားလိုက်ရုံပေါ့။


၃။ သံရိုက်ရင် လက်ကိုမထိအောင်
သံရိုက်တာ မကျွမ်းကျင်ဘူးဆိုရင် တူက လက်ကိုချော်ထိမိသွားပါလိမ့်မယ်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ သံကို ခက်ရင်းခွလေးနဲ့ညှပ်ထိန်းပြီး တူရိုက်လို့ရပါတယ်။

၎။ အပ်ချည်လုံးမရှုပ်ထွေးအောင်

အပ်ချည်ကို အမြဲသုံးနေတဲ့လူ၊ အပ်ချုပ်စက်သုံးတဲ့လူတွေအဖို့ ချည်လုံးရှုပ်သွားလို့ ပြန်ရှင်းရတာ အချိန်ပုတ်ပါတယ်။ ဖန်ခွက်တစ်လုံးရဲ့ဘေးမှာ ခက်ရင်းတစ်လက်ကို တိပ်နဲ့တွဲပတ်ထားလိုက်ပါ။ ချည်လုံးကို ဖက်ခွက်ထဲထည့်၊ ချည်စကို ခက်ရင်းခွကြားမှာညှပ်ထားပြီး ဆွဲသုံးမယ်ဆို အပ်ချည်မရှုပ်တော့ဘူးလေ။

Source : Wearex