ဖန်တီးဥာဏ်ကို မြှင့်တင်ပေးသွားမယ့် ထိပ်တန်းဂိမ်း ၁၀ မျိုး

ဖန်တီးဥာဏ်ကို မြှင့်တင်ပေးသွားမယ့် ထိပ်တန်းဂိမ်း ၁၀ မျိုး

ဂိမ်းကို ဖျော်ဖြေရေးသက်သက်လို့ ထင်နေကြသူတွေရှိပေမယ့် ဂိမ်းတွေကို ဘဝအတွက် အရေးပါတဲ့လေ့ကျင့်ရေးကွင်းသဖွယ် သုံးနေကြသူတွေလည်း ရှိပါတယ်။ လေ့လာမှုတွေအရ ဂိမ်းကစားသူတွေဟာ သာမန်လူတွေထက် ပိုပြီး ဖန်တီးမှုစွမ်းအားမြင့်သူတွေ ဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလိုဂိမ်းများထဲမှာမှ  လူတစ်ယောက်ရဲ့ စိတ်ကူးဥာဏ်စွမ်းကို ထက်မြက်အောင် ပံ့ပိုးကူညီပေးသွားမယ့် ထိပ်တန်း ဂိမ်း ၁၀ ခုအကြောင်းကို အသားပေးဖော်ပြလိုက်ပါ။
(၁) Minecraft
play

Minecraft ကို ဆော့ဖူးတဲ့သူတွေဆိုရင် ဒီဂိမ်းဟာ ဆင်ခြင်ကြံဆဥာဏ်ကို နှိုးဆွပေးတဲ့ ဂိမ်းကောင်းလေးတစ်ခုဆိုတာ သိကြပါတယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ဆက်စပ်တည်ဆောက်ရတာဖြစ်လို့ ဒီဂိမ်းဆော့သူအနေနဲ့ အဆောက်အဦနဲ့ ဆိုင်ရာအကောင်းဆုံးလက်ရာများကို ဖန်တီးရာမှာ ဖန်တီးဥာဏ်စွမ်းကို အမြင့်ဆုံး level အထိ သုံးနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှ မှတ်ပုံတင်ထားသူပေါင်း သန်း ၁၀၀ အထိရှိတဲ့ Minecraft ကို ဆော့ခြင်းအားဖြင့်လည်း မိမိရဲ့ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
(၂) Big Brain Academy
play

နေ့ စဉ်ဇယားနဲ့ တကွ စိတ်ကို လန်းဆန်းကြည်လင်စေမယ့် လေ့ကျင့်ခန်းများစွာပါရှိတဲ့ ဂိမ်းလေး ဖြစ်ပါတယ်။ ဒီဂိမ်းဆော့တဲ့သူဟာ တွက်ချက်ခြင်း ၊ သုံးသပ်ဆင်ခြင်နိုင်ခြင်းနဲ့ အမျိုးအစားခွဲခြားဖြန့် ကျက်နိုင်ခြင်းစွမ်းရည်တွေကို ရရှိစေနိုင်ပါတယ်။ဒီစွမ်းရည်တွေကို အသုံးချခြင်းအားဖြင့် ဂိမ်းကစားသူဟာ အချိန်နဲ့ အမျှ ဖန်တီးမှုတက်လာမှာ ဖြစ်ပါတယ်။
(၃) Terraria
play

Minecraft လိုပဲ ဘလောက်တုံးလေးတွေ တည်ဆောက်ရတဲ့ 2D ဂိမ်းတစ်ဂိမ်း ဖြစ်ပါတယ်။ Minecraft လိုပဲ လေးထောင့်အတုံးလေးတွေ တည်ဆောက်ရသလို ကိုယ်လိုချင်တဲ့ ပုံသဏ္ဍာန်မထုတ်ခင်မှာ ပထမဆုံး စိတ်ကူးနဲ့ ပုံဖော်ဖို့ စဉ်းစားရတာ ဖြစ်လို့ စဉ်းစားစိတ်ကူးဥာဏ် ထက်သန်စေမှာပါ။
(၄) Dragon Ninja Rush
play

Google Play Store မှာ rating 4.6/5.0 ရထားတဲ့ ဒီဂိမ်းလေးဟာ ဖန်တီးဥာဏ်မြှင့်တင်ပေးတဲ့ အကောင်းဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။နင်ဂျာတစ်ယောက်လို ပြေးရခုန်ရ တိုက်ခိုက်ရတဲ့ ဒီဂိမ်းလေးထဲမှာ နင်ဂျာစစ်သည်တော်ဖြစ်လာဖို့ ဖန်တီးဥာဏ်သုံးပြီး တိုက်ပွဲအမျိုးမျိုးမှာ ဗျူဟာဆင်တိုက်ရပါတယ်။
(၅) Little Big Planet
play

ပဟေဠိဂိမ်းတစ်ခုဖြစ်တဲ့ Little Big Planet မှာတော့ စိတ်ကူးဥာဏ်ကို နှိုးဆွပေးမယ့် စဉ်းစားစရာလေးတွေ ထည့်ထားတဲ့ ဒီဂိမ်းကလည်း ကိုယ့်ရဲ့ စူးစမ်းစိတ်ကို တိုးပွားစေမှာပါ။
(၆) Animal Crossing
play

စိတ်ပြေလက်ပျောက်ပဲ ဆော့ဆော့ စိတ်ကူးကောင်းစေဖို့ အတွက်ပဲ လေ့ကျင်စရာအနေနဲ့  ဆော့ဆော့ တကယ်ကောင်းတဲ့ ဂိမ်းကောင်းလေး ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန်နဲ့ အချိန်မီ ချမှတ်ပေးရတဲ့ ဒီဂိမ်းလေးကတော့ မြို့ တော်အနှံ့ လျှောက်သွားရပြီး ဖန်တီးမှုပါရတဲ့ ဂိမ်းမျိုး ဖြစ်ပါတယ်။
(၇) Scribblenauts
play

အရင်ကတော့ စာလုံးဆက်တဲ့ ဂိမ်းတစ်ခုလို့ သိထားတဲ့ ဒီဂိမ်းလေးကို ဝေါဟာရကြွယ်ဝဖို့ ပဲ ကစားကြပေမယ့် ဒီဂိမ်းဟာ ပဟေဠိတွေပါ ဖြေရှင်းရတာတွေ ပါရှိပါတယ်။ တစ်ခုခုကို ဥာဏ်စမ်းရတဲ့အပိုင်းတွေနဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်လေးတွေ ချပေးရတဲ့ ဂိမ်းဖြစ်ပါတယ်။
(၈) SimCity
play

၁၉၈၉ ကတည်းက ထွက်လာတဲ့ SimCity ကို ကိုယ်ပိုင်မြို့ တွေတည်ဆောက်ရတဲ့ ဂိမ်းတစ်ဂိမ်းအဖြစ် လူသိများပါတယ်။ နေစရာအဆောက်အဦတွေ ၊ ဓါတ်အားပေးစက်ရုံတွေ နဲ့ ရေဒလက်တွေ အပါအဝင် ငွေကြေးစီမံခံ့ခွဲတာတွေပါ ပါဝင်လာတဲ့ ဒီဂိမ်းဟာ ကိုယ့်စိတ်ကူးထဲက ကိုယ်ပိုင်မြို့ လေးတွေကို တည်ဆောက်လို့ ရတာကြောင့် ကလေးလူကြီးဘယ်သူမဆို ကိုယ်ပိုင်ဥာဏ်ရှိသလောက် ဦးနှောက်ကို ခရီးဆန့် ခိုင်းလို့ ရတဲ့ ဂိမ်းလေးဖြစ်ပါတယ်။
(၉) Portal
play

Portal ဂိမ်းဟာ ရိုးတယ်ထင်သလောက် ထူးခြားတဲ့ဂိမ်းပါ။ ပစ်ရခတ်ရတာလောက်တင်မကဘဲ ဘယ်လိုမျိုး ပြန်တုန့် ပြန်မလဲဆိုတဲ့အချက်တွေပါ ထည့်တွက်ပြီး လှုပ်ရှားရတာဖြစ်လို့ အက်ရှင်နဲ့ စဉ်းစားရတာကို ကြိုက်သူများအတွက် ဒီဂိမ်းဟာ သင့်တော်ကောင်းမွန်ပါတယ်။
(၁၀) Tetris
play

မူလက ပဟေဠိဂိမ်းဖြစ်ပြီး အမြန်ဆုံးဖြတ်ချက်ချပြီး ကစားသွားရတဲ့ ဂိမ်းမျိုး ဖြစ်ပါတယ်။ ဂိမ်းမှာပေးထားတဲ့ အပိုင်းလေးတွေကို သူ့ နေရာနဲ့ သူ နေသားတကျ ပြန်စီစဉ်ပေးဖို့ အတွက် ဦးနှောက်သုံးရပါတယ်။ ဒီတော့ သာမန်စဉ်းစားပုံကနေ ဖောက်ထွက်ပြီး စဉ်းစားရတာတွေ ရှိပါတယ်။
အခုပြောခဲ့တဲ့ ဂိမ်းတွေအားလုံးဟာ ကိုယ့်ရဲ့ စဉ်းစားမှုပုံစံကို ပုံစံပြောင်းပေးနိုင်သလို ဖန်တီးဥာဏ်ကိုလည်း တက်သထက်တက်လာစေမှာ ဖြစ်ပါတယ်။ အပျော်သဘောဆော့သူများအတွက် ကိုယ့်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို တိုးစေမယ့် ဒီဂိမ်းလေးတွေကို ဆော့ခြင်းအားဖြင့် ဆုံးဖြတ်ချက် မြန်ဆန်စေသလို အတွေးအခေါ်ပုံသဏ္ဍာန်လည်း ပြောင်းလဲလာစေမှာပါ။
Credit: duwun.com.mm



Contact Us

Name

Email *

Message *

Back To Top