မက်ဇူကာဘတ် အလုပ်ပြုတ်ဖို့ ခြေတစ်လှမ်းအလို

ကမ္ဘာကျော် Apple ကုမ္ပဏီ တည်ထောင်သူ စတိဗ်ဂျော့ဘ် ဟာ သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ နှင်ထုတ်ခံရပြီးနောက် နှစ် ၃၀ အကြာမှာ ဒီကနေ့ လူမှုကွန်ယက် လောက မှာ နာမည်အကြီးဆုံး နဲ့ သုံးစွဲသူအများဆုံး ဖြစ်တဲ့ ဖေ့စ်ဘုတ် ကုမ္ပဏီ ရဲ့ တည်ထောင်သူ ၊ ပိုင်ရှင် ဖြစ်တဲ့ မက်ဇူကာဘတ် ဟာလည်း သူ ရဲ့ အမှုဆောင်အရာရှိချုပ် အလုပ်ကနေ အလုပ်ပြုတ်ဖို့ ခြေတစ်လှမ်းမျှသာ လိုတော့တဲ့ အခြေအနေ ကို ရောက်ရှိလာခဲ့ရပြီ ဖြစ်တယ် လို့ Reddit က ထုတ်ဖော်ရေးသားလိုက်ပါတယ်။
ဖေ့စ်ဘုတ် ရဲ့ အမှုဆောင်အရာရှိချုပ် မက်ဇူကာဘတ် ကို အလုပ်ထုတ်ပြီး သူ့နေရာမှာ Sum Of Us အဖွဲ့အစည်း ရဲ့ လွတ်လပ်တဲ့ဘုတ်အဖွဲ့ဝင်ဒါရိုက်တာ တွေ နဲ့ အစားထိုးပြီး ကုမ္ပဏီကို ထိန်းကြောင်းသွားပြီး ရှယ်ယာအဖွဲ့ဝင်တွေက ပရိုပိုဆယ်တစ်စောင် ကို ဒါရိုက်တာအဖွဲ့ဝင်တိုင်းကို တင်ပြခဲ့တယ် လို့ သိရပါတယ်။ Sum of Us ဆိုတာ ဟာ အွန်လိုင်းအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ရာသီဥတုအပြောင်းအလဲ၊ လူမှုအခွင့်အရေး ၊ အလုပ်သမားအခွင့်အရေး ၊ လူ့အခွင့်အရေး စတဲ့ အခြေအနေတွေအတွက် တိုက်ပွဲဝင်ပေးနေတဲ့ လွတ်လပ်တဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီ ပရိုပိုဆယ် နဲ့ ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပေးဖို့ ဖေ့စ်ဘုတ် ပြောရေးဆိုခွင့်ရှိသူ က ငြင်းဆန်ထားပါတယ်။ ဇူကာဘတ် နုတ်ထွက်ဖို့ လူပေါင်း ၃ သိန်းကျော် လက်မှတ်ရေးထိုးထားတဲ့ ထောက်ခံချက်တွေကို Sum Of Us က ရရှိထားပြီး SumOfUs ရဲ့ အကြံပေးအရာရှိဖြစ်တဲ့ Lisa Lindsley ကတော့ ” ဒီ ပရိုပိုဆယ် ဟာ မက်ဇူကာဘတ် ကို တိုက်ခိုက်တာ မဟုတ်ဘဲ ကုမ္ပဏီကို ရေရှည်ရပ်တည်သွားနိုင်ဖို့ ဆောင်ရွက်တာသာ ဖြစ်တဲ့အတွက် အားလုံးက နားလည်ယုံကြည်ပေးဖို့လိုတယ် ” လို့ ခိုင်ခိုင်မာမာ ပြောကြားခဲ့ပါတယ်။
ပရိုပိုဆယ်မှာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ Facebook က လုပ်ဆောင်ခဲ့တဲ့ အမှားအယွင်းတွေ ပါရှိခဲ့ပြီး VR ထုတ်ကုန်ပိုင်းမှာ ငွေကြေး နဲ့ သိက္ခာပိုင်း နစ်နာမှုတွေ ရှိခဲ့တာကို အကျယ်တ၀င့်ဖော်ပြခဲ့ပါတယ်။ ရိုက်တာ သတင်းဌာန ရဲ့ ဖော်ပြချက်အရ တော့ ဒီ ပရိုပိုဆယ် ဟာ မက်ဇူကာဘတ် ရဲ့ ဗျူးဟာတစ်မျိုး ဖြစ်ပြီး သူရဲ့ ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းခဲ့ပြီးနောက် ရေးဆွဲခဲ့တဲ့ စီမံကိန်းတစ်ခု သာ ဖြစ်တယ် လို့ ဆိုပါတယ်။
အခုအချိန်မှာတော့ Sum Of Us က တင်ပြတဲ့ ပရိုပိုဆယ် ဟာ ဆိုင်းငံ့အခြေအနေတစ်ခု ဖြစ်သွားခဲ့ပြီး လာမည့် ဧပြီလအကုန်မှာမှ ဘုတ်အဖွဲ့ဝင် အထူးအစည်းအဝေးကျင်းပပြီး ဆုံးဖြတ်သွားမှာဖြစ်လို့ မက်ဇူကာဘတ် လည်း အလုပ်ပြုတ်ဖို့ ခြေတစ်လှမ်းသာ လိုတော့တဲ့ အခြေအနေဖြစ်တယ် လို့ သိရပါတယ်။
အများပိုင် ကုမ္ပဏီ ကို ပြောင်းလဲခဲ့ပြီးနောက်ပိုင်းမှာ ငွေကြေးထည့်ဝင်ခဲ့တဲ့ ရှယ်ယာအဖွဲ့ဝင်တွေ၊ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတွေ နဲ့ တည်ထောင်သူတွေ ဟာ သဘောထားအမြင်ချင်း မတူညီတဲ့ ဖြစ်စဉ် ဟာ နည်းပညာလောက နဲ့ ထင်ရှားတဲ့ ကုမ္ပဏီတွေမှာ အများအပြား ဖြစ်ပေါ်ခဲ့ပြီး Tesla, Bank of America, the Walt Disney Company, IBM, Amazon, Netflix စတဲ့ ကုမ္ပဏီတွေ ဟာ အခုလို ပြသာနာမျိုးတွေ ကြုံတွေ့ခဲ့ရတယ် လို့ ဆိုပါတယ်။
ကိုယ်ကိုယ်တိုင် တည်ထောင်ထားတဲ့ ကုမ္ပဏီတွေထဲမှာ အမှားအယွင်းတွေ လုပ်ကိုင်မိတာတွေရော ၊ နောက်ကျောကို ဓါးနဲ့ ထိုးခံရတာတွေအပြင် ဆုံးဖြတ်ချက်အမှားတွေကြောင့် အလုပ်က ထွက်ခဲ့ရသူတွေ ထဲမှာ ထင်ရှားကျော်ကြားခဲ့သူတွေအနေနဲ့ Groupon ကို တည်ထောင်ခဲတဲ့ Andrw Groupon, Blackberry ကို တည်ထောင်ခဲ့တဲ့ Mike Black Berry, Esty ကို တည်ထောင်ခဲ့တဲ့ Rob Esty , Tesla ကို တည်ထောင်ခဲ့တဲ့ Martin , Twitter ကို တည်ထောင်ခဲ့တဲ့ Jack Dorsey နဲ့ Yahoo ကို တည်ထောင်ခဲ့တဲ့ Jerry Yang တို့က အထင်အရှား ရှိနေပါတယ်။
Ref : Reddit , Venturebeat , Reuters
Credit: Digital Times