နှစ်သစ်ကူးကာလ တရုတ်မှာ အငှားရည်းစား ရှာတဲ့ဖုန်း APPLICATION နာမည်ကျော်

သန်းပေါင်း များစွာသော တရုတ်နွယ်ဖွားတွေဟာ နှစ်သစ်ကူးပွဲတော်အတွက် မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံဖို့ အလုပ်များနေချိန်မှာ အသက် ၂၄ နှစ်အရွယ် မစ္စတာ Luoluo ကတော့ အထီးကျန်နေတဲ့ အမျိုးသားတွေအတွက် အလုပ်များလို့ နေပါတယ်။ တယ်လီဖုန်း Application တစ်ခုကနေပြီးတော့ ရည်းစားအငှား ခေါ်ယူလိုတဲ့ အမျိုးသားတွေရဲ့ စိတ်ဝင်တစား မေးမြန်းမှုတွေကို ဖြေပေးနေရတာ ဖြစ်ပါတယ်။
အမျိုးသားတွေဟာ နယ်အပြန်ခရီးမှာ မိဘတွေကို ကျွန်တော်တို့ ရည်းစားပါ ဆိုပြီး မိန်းကလေး တစ်ယောက်လောက်ကို ပြချင်ကြတာပါ။ မိသားစုတွေ ပြန်ဆုံကြတဲ့ နှစ်သစ်ကူးပွဲမှာ လူပျိုကြီးတွေဟာ အမြဲတမ်း အမျိုးတွေရဲ့ အိမ်ထောင်ပြုဖို့ ဖိအားပေးကြတာကို နားမခံနိုင်အောင် ကြားရကြပါတယ်။ ဒါကြောင့်လည်း အိမ်အပြန်ခရီးမှာ နားခံသာအောင် ရည်းစား အငှားလေး ခေါ်သွားပြီး မျက်နှာပြဖို့ လိုကြတာ ဖြစ်ပါတယ်။
Hire Me Plz လို့ အမည်ပေးထားတဲ့ ရည်းစား အငှားလိုက်တဲ့ App ကို တည်ထောင်သူ မစ္စတာ Cao Tiantian က နှစ်သစ်ကူးအတွက် အလုပ်အပ်ထားသူ တစ်ထောင်လောက် ရှိတယ်လို့ အတည်ပြုပေးပါတယ်။
ရည်းစားငှားလို့ ကုန်ကျစရိတ်ဟာ တရုတ်ငွေ တစ်ယွမ်ကနေ ယွမ်နှစ်ထောင်အထိ အစားစား ရှိပါတယ်။ ခေါ်သွားပြီး မိသားစုနဲ့ ညစာစားတာ၊ စကားစမြည် ပြောတာ၊ မာကျောက်ရိုက်တာ၊ နှိပ်နယ်စကား ပြောကြတာ အစရှိသဖြင့် ဈေးက အစားစား ဖြစ်ပါသတဲ့။ နှစ်သစ်ကူး ကာလမှာ ဈေးဟာ အလွန်ကို မြင့်တက်သွားခဲ့ပြီး ယွမ် ၃၀ဝ၀၊ ယွမ် ၁၀ဝ၀ဝ အထိ ဈေးတွေ တက်ကုန်ပါတယ်။ ခုနှစ်ရက်စာ အလုပ်လက်ခံထားပြီး ပြည့်ဖို့ နှစ်ရက်ပဲ လိုတော့တယ်လို့ အငှားရည်းစား လိုက်ပြီး အပိုဝင်ငွေရှာသူ အမျိုးသမီး တစ်ဦးက ပြောကြားပါတယ်။
Credit: thevoice