ထွင်းဖောက်မြင် display ဒီဇိုင်း နဲ့ ထွက်လာဖွယ်ရှိတဲ့ iPhone 8

optical sensor နဲ့ အမြင်လှည့်စားပေးထားတာပါ။

အိုင်ဖုန်းတစ်လုံးရဲ့ မျက်နှာပြင် display ကို ဟိုဖက်သည်ဖက် ထွင်းဖောက်မြင်နေရတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ တကယ်တော့ ဒါမျိုးကို စိတ်ကူးကြည့်တာတောင် စိတ်ကူးရခက်ပါတယ်။ ဒါပေမယ့်လည်း Apple ဟာ သူ့ ရဲ့ iPhone 8 မှာ ထွင်းဖောက်မြင် display နဲ့ ထုတ်သွားဖို့ ရှိပါတယ်။


ConceptsiPhone ဌာနကနေ ဖန်တီးလိုက်တဲ့ ဒီဇိုင်းဟာ တော်တော်လေးကို ဆန်းပြားတဲ့ iPhone 8 ဒီဇိုင်းဖြစ်နေပါတယ်။ ဒီဖုန်းကို ရှေ့ ကနေကြည့်လိုက်ရင် ဖောက်ထွင်းပြီး မြင်နေရုံတင်မကဘဲ ယန္တရားသံ လျှပ်စစ်နှုန်းတင်ထားတဲ့ စပီကာသံနဲ့ အသံလှိုင်းပုံဖော်လက်ဗွေစကင်နာ စနစ်လိုမျိုး အဆင့်မြင့် features တွေပါ ထည့်သွင်းလာတာပါ။ ဒါဟာ တော်တော်လေးကို လက်ဖျားခါလောက်တဲ့ ဒီဇိုင်းနဲ့ စိတ်ကူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
တကယ်တမ်းတော့ iPhone 8 ရဲ့ display ဟာ ဟိုဖက်သည်ဖက် ထွင်းဖောက်ကြည့်မြင်လို့  မရပါဘူး။ ဒီလိုမျိုး မှန်ပြင်အလွတ်တစ်ချပ်လို့ ဟိုဖက်သည်ဖက် ဖောက်ပြီး မြင်နေရတယ်ဆိုတာ ဘယ်လိုမှလည်း မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး ပုံစံထွက်ဖို့ အတွက် ဖုန်းရဲ့ကျောဘက်မှ optical sensor ဆိုတဲ့ ကိုယ့်မျက်စိရဲ့ မြင်ကွင်းကို အာရုံခံပေးနိုင်တဲ့ sensor ပါရှိပြီး ဖုန်းရဲ့ နောက်ကျောဘက်မှာရှိတဲ့ ဘက်ဂရောင်းကို ရှေ့ ဘက် screen ပေါ် ပြန်ပြီး ဖော်ပြပေးနိုင်တာကြောင့် ထွင်းဖောက်မြင်နေသလို ဖြစ်နေတာပါ။
ဒီဒီဇိုင်းမှာ တစ်ချို့ အိုင်ဖုန်းပရိသတ်တွေ သိပ်မကြိုက်တဲ့ antenna bands တွေသုံးထားပေမယ့် physical Home ခလုတ်ကို ဖြုတ်ထားပါတယ်။
ယခုနှစ်ဆောင်းဆန်းပိုင်းမှာ ထွက်လာမယ့် iPhone 8 မှာ စတီးဘောင်နဲ့ ကွပ်ထားပြီး မှန်ပြင်ကွေးထားတဲ့ feature နဲ့ ထွက်လာမယ်လို့ ခန့် မှန်းထားပါတယ်။ ကောလာဟလသတင်းများအရ iPhone 8 မှာ ကြိုးမဲ့ အားသွင်းစနစ် ၊ OLED display ၊ IP68 rating ရှိတဲ့ Galaxy S7 ထက် ပိုပြီး သာလွန်တဲ့ အဆင့်မြင့်ရေစိုခံစနစ်သုံးသွားမယ်လို့ ဖော်ပြနေကြပါတယ်။ ကင်မရာပိုင်းမှာတော့ Augmented Reality နည်းပညာသုံး dual-lens တွေကို သုံးသွားဖို့ ရှိပါတယ်။ ဒီကင်မရာမျိုးဟာ အရာဝတ္ထုတွေရဲ့ 3D ပုံရိပ်တွေကို တိတိကျကျမှန်မှန်ကန်ကန် scan ဖတ်နိုင်မှာပါ။ယင်းကင်မရာနဲ့ လာတဲ့ iPhone တစ်လုံးဟာ လူရဲ့ မျက်နှာတို့ ကင်မရာချိန်တားရာနေရာမှ အရာဝတ္ထုတို့ ကို ဖတ်ရှုမှတ်သားနိုင်မှာ ဖြစ်ပါတယ်။ဒါကတော့ selfies ထက် အများကြီးအဆင့်ပိုမြင့်တဲ့ အမြင်ပိုင်းနည်းပညာတစ်ရပ်ဖြစ်ပါတယ်။
play

Apple ရဲ့ ၁၀နှစ်မြောက်မှာ ထွက်လာမယ့် iPhone ဟာ နည်းပညာအရ ၊ ပုံသဏ္ဍာန် နဲ့ အရည်အသွေးအရ ဘယ်လောက်အထိ အဆင့်မြင့်လာပြီး လူကြိုက်များမလဲဆိုတာကို စက်တင်ဘာအထိ စောင့်ကြည့်သွားရမှာပါ။
Source: CultofMac
Credit: duwun.com.mm