Facebook Live Video များအတွက် Notifications များကို Disable ပြုလုပ်နည်း

Facebook Live Video များအတွက် Notifications များကို Disable ပြုလုပ်နည်း

Facebook က Live Video များကို ထုတ်လွှင့်ပေးနိုင်တဲ့ Facebook Live စမ်းဆောင်ချက်ကို ပြုလုပ်ပေးထားပါတယ်။ သူငယ်ချင်းတစ်ယောက်က Live Video များ ထုတ်လွှင့်တဲ့ အခါမှာ သင့်ထံမှာ Notification များ ရရှိမှာ ဖြစ်ပါတယ်။ အဲဒီ Notifications များဟာ သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် အဲဒီ Notification များကို ပိတ်ထားနိုင်ပါတယ်။

Facebook မှာ Live Notifications များကို ပိတ်နည်း

အရင်ဆုံး သင့်ရဲ့ Facebook အကောင့်ထဲ Login ၀င်ပါ။ နောက်အဆင့်မှာ Settings ထဲသွားပါ။ ဘယ်ဘက်အခြမ်းမှ Notifications ကဏ္ဍထဲသွားပါ။

အဲဒီအထဲရောက်ရင် On Facebook ရဲ့ ညာဘက်ဘေးမှ Edit ခလုတ်ကို နှိပ်ပါ။

Live Videos ကဏ္ဍရဲ့ ညာဘက်ဘေးမှ Drop Down Menu ကို နှိပ်ပါ။ All Off ကို ရွေးချယ်ပေးပါ။

အဲဒါဆိုရင် Live Videos များအတွက် Notifications များကို သင် မြင်ရမှာ မဟုတ်တော့ပါဘူး။

ref : how to geek
Credit: digitaltimes.com.mm



Contact Us

Name

Email *

Message *

Back To Top