လူကြိုက်များနေသည့် အလတ်တန်းစား Galaxy A3 / A5 2017 စမတ်ဖုန်းများ

ဇန်နဝါရီလတုန်းက မြန်မာပြည်ထဲမှာ ဖြန့် ချိခဲ့တဲ့ Galaxy A စီးရီးတွေ ဖြစ်ပါတယ်။
Galaxy S8 စမတ်ဖုန်းဈေးကွက်ထဲ မဝင်ရောက်သေးခင် ယူကေမှာ တစ်နေ့ ကမှ ဖြန့် ချိလိုက်တဲ့ အလတ်တန်းစား Galaxy A5 စမတ်ဖုန်းသစ်များကို စိတ်ဝင်စားမှုမြင့်တက်နေကြတယ်လို့ Express.co.uk သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
play

Samsung ရဲ့ အဆင့်မြင့် Galaxy S8 စမတ်ဖုန်းဈေးကွက်ထဲ မဖြန့် ချိသေးပေမယ့် ယခု A စီးရီး စမတ်ဖုန်းတွေကိုလည်း နှစ်သက်ကြသူ များပြားနေပါတယ်။ နောက်ဆုံးထွက် ၂၀၁၇ ထုတ်ကုန်များဖြစ်တဲ့ Galaxy A3 နဲ့ A5 တို့ ဟာ အလတ်တန်းစား စမတ်ဖုန်းကောင်းကောင်း ကိုင်ဆောင်လိုသူများအတွက် ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းများလည်း ဖြစ်ပါတယ်။ ဈေးနှုန်းအရ Galaxy S7 ထက် ဈေးပိုချိုပေမယ့် Galaxy A5 2017 မှာဆိုရင် ယခင်အဆင့်မြင့် စမတ်ဖုန်းများလို features စုံပါရှိသလို IP68 အဆင့်ရှိတဲ့ရေစိုခံဒီဇိုင်းနဲ့ တောင် ထွက်လာတာပါ။
မျက်နှာပြင် ၅.၂ လက်မနဲ့ လာတဲ့ A5 ဆိုရင် display ပိုင်းမှာ AMOLED screen နဲ့ ထွက်ရှိလာတာဖြစ်လို့ အရောင်အသွေးပိုင်းမှာ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ processor မှာတော့ Exynos 7880 processor ကို သုံးထားပြီး Android 6.0.16 Marshmallow OS ကို သုံးထားပါတယ်။ RAM အနေနဲ့ 3GB ရှိပြီး 256GB အထိ storage ထပ်တိုးစိုက်နိုင်တဲ့ internal storage ကတော့ 32GB ရှိပါတယ်။ ထူးခြားတာက ရှေ့ နောက်ကင်မရာ နှစ်လုံးစလုံးကို 16MP sensor ကို သုံးထားတာပါ။ ဘက်ထရီကတော့ အားအမြန်သွင်းနိုင်တဲ့ နည်းပညာသုံးထားတဲ့ 3000 mAh ဘက်ထရီဖြစ်ပါတယ်။

ရေစိုခံအဆင့်မှာ IP68 ရှိပြီး ယူကေဈေးကွက်ထဲကို ဝင်လာတဲ့နောက်ထပ် Galaxy စမတ်ဖုန်းတစ်လုံးကတော့ Galaxy A3 2017 ဖြစ်ပါတယ်။ သူကတော့ မျက်နှာပြင် အငယ်စား ၄.၇ လက်မနဲ့ လာတဲ့ စမတ်ဖုန်းဖြစ်ပြီး သုံးထားတဲ့ processor ကတော့ Exynosy 7970 processor ဖြစ်ပါတယ်။ Android ဗားရှင်းကတော့ A5 နဲ့ အတူတူ ဖြစ်ပြီး RAM 2GB/internal storage 16 GB အပြင် နောက်ထပ်လည်း microSD ကတ်ထပ်စိုက်နိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကင်မရာကို 13MP သုံးထားပြီး ရှေ့ ကင်မရာကို 8MP သုံးထားပါတယ်။ ဘက်ထရီကတော့ 2350 mAh ဘက်ထရီ ဖြစ်ပါတယ်။
နောက်ထပ်စိတ်ဝင်စားဖို့ ကောင်းတာက ဈေးနှုန်းပါပဲ။ Galaxy A3 2017 ကို ၃၄၈ ဒေါ်လာ ဝန်းကျင် (မြန်မာငွေ ၄၇၀၀၀၀ ကျပ်) လောက်နဲ့ ရောင်းချပေးနေပြီး A5 2017 ကတော့ ဒေါ်လာ ၄၆၀ ဝန်းကျင် (ြ့မန်မာငွေ ၆၂၀၀၀၀) ခန့် နဲ့ ရောင်းချပေးနေတာပါ။ ယူကေဈေးကွက်မှာတော့ ဒါဟာ ဝယ်ရတန်တဲ့ ဈေးနှုန်းလို့ သတ်မှတ်နိုင်ပါတယ်။ အရောင်လေးမျိုးနဲ့ လာပြီး ကောင်းကင်နက်ရောင် ၊ သဲရွှေရောင် ၊ နှင်းပြာရောင်နဲ့ မက်မွန်တိမ်ရောင် စသည်ဖြင့် မိမိနှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Galaxy A7 ကိုတော့ နောက်လာမယ့် မတ်လထဲမှသာ ရောင်းချသွားဖို့ ရှိပါတယ်။
play

မြန်မာပြည်ဈေးကွက်မှာတော့ Galaxy A5 တစ်လုံးလျှင် မြန်မာငွေ ၅၂၅,၀၀၀ ကျပ်၊ Galaxy A7 အတွက် ၆၂၅,၀၀၀ ကျပ်ဖြင့် နိုင်ငံတဝှမ်း ရှိ Samsung အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။
Source: Ibtimes
Credit: duwun.com.mm