အချက်အလက်တွေ ပိုမိုပြည့်ပြည့်စုံစုံဖြစ်လာတဲ့ Google Maps ဗားရှင်းသစ်

အချက်အလက်တွေ ပိုမိုပြည့်ပြည့်စုံစုံဖြစ်လာတဲ့ Google Maps ဗားရှင်းသစ်

Google Maps သုံးရတာ ပိုအဆင်ပြေသွားပါပြီ။ Android ဖြင့်မောင်းနင်တဲ့ Maps ဗားရှင်းသစ်ဟာ တစ်ချက်ကြည့်ရုံနဲ့ လိုအပ်တဲ့ အချက်အလက်အားလုံး အကုန်ရရှိနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ App ရဲ့ ပင်မစာမျက်နှာပေါ် အချိန်နဲ့တစ်ပြေးညီ update တွေ ရရှိစေတော့မှာ ဖြစ်တယ်လို့ Google က ၎င်းရဲ့ ဘလော့ခ်ပို့စ်တစ်ခုမှာ တနင်္လာနေ့က ကြေငြာခဲ့ပါတယ်။
Google Maps အောက်ဆုံးဘားမှာ Places ၊ Driving နဲ့ Transit ဆိုပြီး tab ၃ခု ပြထားပါတယ်။ Places tab က မိမိအနီးအနားရှိ အစားအစာနဲ့ သောက်ဖွယ်ရွေးချယ်စရာတွေ ရှာဖွေဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်သလို ဈေးသက်သာတဲ့အစားအစာ၊ အကောင်းဆုံး ညစာစသည်စသည်ဖြင့် စာရင်းတွေ ပါဝင်ပါတယ်။ ပြီးတော့ ဆေးဆိုင်နဲ့ အေတီအမ်စက်ရှိတဲ့နေရာတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ set up လုပ်ထားမယ်ဆိုရင် Driving နဲ့ Transit tab မှာ မိမိနေအိမ်နဲ့ အလုပ်နေရာသို့ သွားမယ့် အဆင်ပြေဆုံးလမ်းကြောင်းပြ ဖြတ်လမ်းပါဝင်ပါတယ်။ Driving ကဏ္ဍမှာ ဒေသတွင်းယာဉ်ကြောပိတ်ဆို့မှုသတင်းထုတ်ပြန်ချက်တွေ ယာဉ်လမ်းကြောင်းတွေ ထည့်သွင်းပေးထားပါတယ်။ Transit မှာ အနီးဆုံး ဘတ်စ်ကားဂိတ်နဲ့ ရထားဘူတာရဲ့ အချိန်စာရင်းတွေ တိုးမြင့်ဖော်ပြပေးထားပါတယ်။
ကိုယ်သွားမယ့် ခရီးရောက်ရှိဖို့ Google Maps အပြင် Yelp လို အခြား app တွေလည်း အသုံးပြုနိုင်ပေမယ့် ဂူဂဲလ်ကုမ္ပဏီအနေနဲ့ စားသောက်ဆိုင်နဲ့ပတ်သက်တဲ့ အကျဉ်းချုပ်ဖော်ပြချက်တွေနဲ့ အမျိုးမျိုးသော သယ်ယူပို့ဆောင်ရေး အချိန်ဇယားတွေအပါအဝင် ရွေးချယ်စရာတွေအကြောင်း ပိုမိုသိရှိစေဖို့ updates များစွာ လုပ်ပေးထားပါတယ်။ 
သိပ်မကြာသေးမီက လူအုပ်ရှောင်ရန် "avoid crowds" နဲ့ ကားပါကင်ရှာရန် "find parking" ဆိုတဲ့ feature တွေ ထပ်ထည့်ပေးထားပါတယ်။ ဒီနောက်ဆုံး Maps ဗားရှင်းက အရင်ဟာထက် များစွာ ပိုမိုသွက်လက်မြန်ဆန်ပါတယ်။ 
Ref: Mashable 
Credit: trend.com.mm



Contact Us

Name

Email *

Message *

Back To Top