Instagram account hack ခံရတဲ့အခါ ဘာလုပ်သင့်သလဲ

Instagram account hack ခံရတဲ့အခါ ဘာလုပ်သင့်သလဲ



Instagram ကို အသုံးပြု သူများအနေနဲ့ Instagram account hack ခံရတယ်ဆိုရင် အောက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်နိုင်ပါတယ်။ Instagram account ကို email နဲ့ account ပြုလုပ်ထားနိုင်သလို Facebook နဲ့ ချိတ်ဆက်ပြီးလည်း register လုပ်ကာ သုံးနိုင်ပါတယ်။
Instagram account hack ခံရတယ်လို့ သိလိုက်တာနဲ့ register လုပ်ထားတဲ့ email နဲ့ recovery ပြန်လုပ်နိုင်ပါတယ်။ လူမှုကွန်ရက် account တစ်ခုခုနဲ့ register လုပ်ထားတယ်ဆိုရင်လည်း အဲဒီ account တွေကနေ recovery ပြန်လုပ်နိုင်ပါတယ်။
Email ကနေ recovery လုပ်မယ်ဆိုရင် ပထမဆုံး www.instagram.com ကို ဖွင့်ပါ။ ပြီးရင် Login နေရာမှာ Forgot ? ဆိုတာကို တွေ့ရပါမယ်။ အဲ့ဒါနှိပ်လိုက်ပါ။
ဒါဆိုရင် password reset ပြုလုပ်ဖို့အတွက် Instagram account မှာ အသုံးပြုထားတဲ့ email လိပ်စာကို ထည့်သွင်းပေးရပါမယ်။ Email ထည့်သွင်းပြီးရင် ဖော်ပြထားတဲ့ စာလုံးကို Recaptcha မှာရိုက်ထည့်ပြီး reset password ဆိုတဲ့ခလုတ်ကို နှိပ်ရပါမယ်။
တကယ်လို့ ကိုယ့်ရဲ့ email ထဲကို mail မရောက်လာဘူးဆိုရင် Instagram help center မှာသွားပြီး Report form တင်နိုင်ပါတယ်။
အဲ့ဒီနေရာကနေ form တင်ပြီး ညွှန်ကြားချက်များအတိုင်း password reset ချနိုင်ပါတယ်။ Password ကို reset ချပြီး ကိုယ့်ရဲ့ account ကို ပြန်လည် အသုံးပြုနိုင်ပြီဆိုရင် third-party app တွေနဲ့ အခြား ထုတ်ကုန်တွေမှာ မျှဝေသုံးစွဲထားတဲ့ Instagram account ကို ထပ်မံ မသုံးစွဲနိုင်အောင် ပြုလုပ်ရပါမယ်။
Instagram account ကို အခြားသော third-party app တွေနဲ့ချိတ်ဆက် ထားတယ်ဆိုရင် အဲ့ဒီ app တွေ hack ခံရတဲ့အချိန်မှာ ကိုယ့်ရဲ့ Instagram account ဟာလည်း လုံခြုံမှုရှိတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် Instagram account နဲ့ ချိတ်ဆက်ထားတဲ့ third-party app တွေကို revoke access ပြုလုပ်ပြီး အသုံးပြုခွင့်ကို ပိတ်ပင်ရပါမယ်။ Third-party app တွေကို revoke access ပြုလုပ်ဖို့အတွက် Instagram ကိုဖွင့်ပါ။ ကိုယ့် account ထဲက Edit profile ဆိုတာကို နှိပ်ရပါမယ်။
ပြီးရင် third-party app တွေကို revoke access ဆိုပြီး လုပ်ရပါမယ်။
နောက်ထပ်ပြုလုပ်ရမယ့် နည်းလမ်းကတော့ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းနဲ့ အခြား device တစ်ခုခုပေါ်မှာ မျှဝေသုံးစွဲနေတာမျိုးမဖြစ်စေရန်အတွက် Log out တွေ ပြန်လည်ပြုလုပ် သင့်ပါတယ်။
- Ref: getlogdog
Credit: internetjournal.media



Contact Us

Name

Email *

Message *

Back To Top