ဘောလုံးထဲထည့်ပြီး ပေတစ်ရာအမြင့်ကနေ ပစ်ချလိုက်ပေမယ့် ဘယ်လိုမှမနေတဲ့ iPhone 7 ဗွီဒီယို

ဘောလုံးထဲထည့်ပြီး ပေတစ်ရာအမြင့်ကနေ ပစ်ချလိုက်ပေမယ့် ဘယ်လိုမှမနေတဲ့ iPhone 7 ဗွီဒီယို

နှစ်ကြိမ်တိုင်တိုင် စမ်းသပ်ခဲ့ပါတယ်။
အိုင်ဖုန်းတစ်လုံးရဲ့ ခံနိုင်ရည်ကို လက်တည့်စမ်း ကလိကြသူတွေ အများကြီးရှိပါတယ်။ ဒီထဲမှာမှ iPhone 7 ကို NFL Super Bowl သုံး ဘောလုံးထဲထည့်ပြီး ပေတစ်ရာအမြင့်ကနေ ဖြုတ်ချလိုက်ပေမယ့် မကွဲမကြေတဲ့အကြောင်း ဗွီဒီယိုနဲ့ ထွက်လာပါတယ်။



iPhone 7 လိုတန်ဖိုးကြီးစမတ်ဖုန်းတစ်လုံးကို အခုလို စမ်းသပ်တာဟာ အတော်စွန့် စားရာရောက်ပါတယ်။ YouTube ရဲ့ တီဗွီချန်နယ်တစ်ခုဖြစ်တဲ့ GizmoSlip မှာ iPhone 7 တစ်လုံးကို လက်ပစ်ဘောလုံးထဲ ခွဲထည့်ပြီး ဒရုန်းနဲ့ သယ်ပြီး ပေတစ်ရာအမြင့်ကနေ လွှတ်ချစမ်းသပ်ခဲ့ပါတယ်။

ဗွီဒီယိုထဲမှာတော့ GizmoSlip Team ဟာ အမေရိကန်အမျိုးသားဘောလုံးအသင်းမှာ သုံးတဲ့ လက်ပစ်ဘောလုံးတစ်လုံးကို သုံးထားပါတယ်။ ဒီဘောလုံးကို ဓါးနဲ့ ခွဲပြီး အထဲမှာ iPhone 7 ကို ထည့်ပေးလိုက်ပါတယ်။ ပြီးတာနဲ့  ပြန်ချုပ် ၊ ကော်ပါကပ်ပေးပြီး လေပါထည့်ပေးထားပါတယ်။ ဒရုန်းမှာ မတပ်ခင် ဒီဘောလုံးကို အပြန်အလှန်ပစ်တမ်း ဖမ်းတမ်းပါ ကစားကြည့်ပါသေးတယ်။ ဒီနောက်တော့ ဘောလုံးကို ဒရုန်းယာဉ်အောက်ခြေမှာ ထည့်ပေးထားလိုက်ပြီး ရီမုနဲ့ မီတာ သုံးဆယ် (ပေတစ်ရာအမြင့်) အရောက်မှာ လွှတ်ချကြည့်ပါတယ်။ ပေတစ်ရာအမြင့်ကနေ ပြုတ်ကျလာတဲ့ ဘောလုံးကို ပြန်ဖွင့်ပြီး အထဲက iPhone 7 ကို ပြန်ထုတ်လိုက်လိုက်ပါတယ်။ပြီးတာနဲ့ နည်းပညာအရ ခံနိုင်ရည်စမ်းသပ်မှုကို ပြန်တိုင်းကြည့်ပါတယ်။ ဖုန်းဟာ ပုံမှန်အတိုင်း အလုပ်လုပ်တာကို တွေ့ ရပါတယ်။

ဒါနဲ့ နှစ်ကြိမ်တိတိ ပေတစ်ရာအမြင့်ကနေ ဖုန်းကို ဖြုတ်ဖြုတ်ချခဲပါတယ်။ ဘောလုံးထဲမှာ ထည့်ထားတဲ့အတိုင်း iPhone 7 ရဲ့ လေးတဲ့ဘက်အခြမ်းဟာ အောက်ကိုပဲ မျက်နှာမူပြီး မြေကြီးနဲ့ ရိုက်ရိုက်မိပေမယ့် ဖုန်းပျက်မသွားပါဘူး။ ဖုန်းကိုယ်ထည်မှာ မဆိုစလောက် ကွေးသွားတယ်ဆိုပေမယ့် တကယ့်အသစ်ဂျပ်ချွတ်အတိုင်း အလုပ်လုပ်နိုင်တာကို တွေ့ ရပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် iPhone 7 ဟာ ဘာ့ကြောင့် ကမ္ဘာကျော်သလဲဆိုတာကို တွေ့ ရမှာ ဖြစ်ပါတယ်။ Apple brand ဖြစ်တာကြောင့် လူတွေကြိုက်တယ်ဆိုတာထက် ဒီစမတ်ဖုန်းကိုယ်တိုင်မှာကိုက ထူးခြားတဲ့ နည်းပညာနဲ့ ဖွဲ့ စည်းမှုပါရှိလို့ အခုလို လူကြိုက်များရခြင်း ဖြစ်တယ်လို့ မှတ်ချက်ချရမှာပါ။

Source: Cnet


Credit: duwun.com.mm


Contact Us

Name

Email *

Message *

Back To Top