တစ်ခါ အားသွင်းထားရုံနဲ့ ၁၅ ရက်ခံတဲ့ Oukitel ရဲ့ K10000 စမတ်ဖုန်း

ကိုယ့်ဖုန်းက ဘက်ထရီအတန်းလေး အနီကိုရောက်သွားတာမြင်ရင် ကျွန်တော်တို့ တော်တော်များများ ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ဖုန်းတွေကသာ အဆင့်မြင့်လာတယ်၊ ဘက်ထရီတွေကတော့ ထူးထူးခြားခြားပြောင်းလဲမှု မရှိတာကို တွေ့ ရပါတယ်။
အခုအခါမှာတော့၊ တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီ Oukitel ဟာ တစ်ခါအားသွင်းပြီး ထားရင် နောက်ထပ်အားပြန်သွင်းစရာမလိုဘဲ နှစ်ပတ်တိတိအသုံးခံတဲ့ဖုန်းအသစ်တစ်မျိုးကို မိတ်ဆက်လိုက် ပါပြီ။ဒီဖုန်းကို K10000 လို့ အမည်ပေးထားပြီး Android ဖုန်းတစ်လုံးဖြစ်ကာ လက်ရှိ iPhone 6S ထက် ဘက်ထရီ တို့ ထက် အရွယ်အစား ၁၀ ဆ ပိုမိုကြီးမားတဲ့ 10,000 mAh ဘက်ထရီပါရှိပြီး သာမန်သုံးစွဲမှုနဲ့ ဆိုရင် ၁၀ ရက်ကနေ ၁၅ ရက်အထိ သုံးစွဲနိုင်ပါတယ်။
5.1 Lollipop ၊ ၅.၅ လက်မအရွယ် 720 p resolution ရှိတဲ့ ဖန်သားပြင်၊ 1GHz quad-core processor ၊ RAM 2GB နဲ့ internal storage 16 GB ပါရှိပါတယ်။ microSD ကတ်လည်း ထပ်စိုက်လို့  ရပါသေးတယ်။ နောက်ကျော ကင်မရာကတော့ 8 megapixels ဖြစ်ပြီး ရှေ့ ကင်မရာကတော့ 2 megapixels ဖြစ်ပါတယ်။
‘ကမ္ဘာ့ဘက်ထရီပမာဏအများဆုံးဖုန်း’ လို့ ကုမ္ပဏီက ကြွေးကြော်ထားတဲ့ K10000 ဖုန်းနဲ့ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ တခြားဖုန်းတွေကိုပါ OTG နည်းနဲ့ အားပြန်သွင်းပေးလို့ ရတာဖြစ်ပြီး iPhone 6S Plus တစ်လုံးကို သုံးကြိမ်တိတိ အားပြန်သွင်းပေးလို့ ရတယ်လို့ ဆိုပါတယ်။
လောလောဆည်မှာတော့ gearbest.com ကနေ ကြိုတင်မှာယူနိုင်ပြီး ဇန်န၀ါရီလထဲမှာ စတင် ပို့ ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဈေးကတော့ ဒေါ်လာ ၂၄၀ ပါ။
Ref: Dailymail 
Credit: trend.com.mm