ခုချိန်ထိ သင့်ကို single ဖြစ်နေစေတဲ့ သင့်ရဲ့ အမူအကျင့် (၅) ခု

ခုချိန်ထိ သင့်ကို single ဖြစ်နေစေတဲ့ သင့်ရဲ့ အမူအကျင့် (၅) ခု

တစ်ကိုယ်ရေတစ်ကာယသမားတွေဟာ ဖိုမကိစ္စကို တတ်နိုင်သမျှ ဆန့်ကျင်ဝေဖန်လေ့ရှိပါတယ်။ သူတို့ပြုမူပြောဆိုပုံ မူမမှန်လို့ single ဖြစ်နေတာ သူတို့ မသိကြပါဘူး။ သူတို့ကို ဘယ်သူမှ မကြိုက်လို့ မဟုတ်ပါဘူး။ မိမိအရည်အချင်းတွေ ဘယ်လိုအသုံးချရမယ်၊ မိမိပျော့ကွက် အားနည်းချက်တွေကို ဘယ်လို လက်ခံယုံကြည်ထားရမယ်ဆိုတာ သဘောပေါက်သွားတဲ့အချိန်မှာ တစ်စုံတစ်ယောက်နဲ့ ရိုမန်းတစ်ဆန်ဆန် အချစ်ရေးဆက်ဆံမှု ရှိလာပါလိမ့်မယ်။
Single ဘဝက ကျွတ်ဖို့ သင်လုပ်ရမယ့်အချက်က အမူအကျင့်တွေ ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ခုချိန်ထိ single ဖြစ်စေတဲ့ အကျင့်စရိုက်တွေ ပြောင်းလဲပစ်ရပါမယ်။ မပြောင်းဘူးဆိုရင် လက်တွဲဖော်ရဖို့ ဝေးနေဦးမှာပဲ ဖြစ်ပါတယ်။
၁။ အပြင်သိပ်မထွက်ခြင်း
အပြင်မထွက်ဘဲ တစ်နေကုန် အိမ်တွင်းအောင်းသူတွေဟာ လူတွေနဲ့ ထိတွေ့ဆက်ဆံမှု လုပ်နိုင်ခြေ ပိုနည်းပါတယ်။ လူသစ်တွေနဲ့ ရံဖန်ရံခါ တွေ့ဆုံမှုမရှိပါက သင်နဲ့လိုက်ဖက်မယ့်သူနဲ့ ဘယ်လိုတွေ့ရမလဲ။
၂။ သီးသန့်နေတတ်ခြင်း
တကယ်လို့ သင်ဟာ သီးသန့်နေတတ်သူ ဖြစ်ပြီး လူတွေနဲ့ ဆက်ဆံပြောဆိုရမှာ ဝန်လေးပါက မိမိကိုယ်ကိုယ် ပြောင်းလဲပစ် ရပါလိမ့်မယ်။ အပြင်ထွက်ပြီး လူတွေနဲ့ စကားပြောဆိုဆက်ဆံပါ။
၃။ မက်ဆေ့ခ်ျမပြန်ခြင်း
အချိန်အလဟသဖြစ်တယ်ဆိုပြီး မက်ဆေ့ခ်ျပြန်မပို့တတ်တဲ့ အကျင့်ရှိသူ များစွာ ရှိပါတယ်။ ဒါပေမယ့် သင့် crush က သင့်ကို မက်ဆေ့ခ်ျပို့နေရင် သူနဲ့အဆက်အသွယ်ရှိအောင်ဖန်တီးဖို့ အမြန်ဆုံး စာပြန်ပို့ဖို့ သင့်တာဝန်ဖြစ်ပါတယ်။
၎။ မိမိကိုယ်ကို မချစ်ခြင်း
အချစ်ခံချင်ရင် အရင်ဦးဆုံးလုပ်ရမှာက မိမိကိုယ်ကိုယ် အရင်ချစ်ဖို့ဆိုတာ သတိရဖို့ အရေးကြီးပါတယ်။
၅။ ပျင်းရိခြင်း
အပျင်းကြီးခြင်းက ချစ်သူဖြစ်လာမယ့်အခွင့်အရေးနဲ့ ဝေးကွာသွားစေပါတယ်။ သင်လုပ်ရမှာက အဲဒီပျင်းရိမှုကို ဖယ်ရှားပါ။ Single ဘဝနဲ့လည်း ဝေးကွာသွားတာ တွေ့ရပါလိမ့်မယ်။ 
Ref: Youngisthan 
Credit: trend.com.mm



Contact Us

Name

Email *

Message *

Back To Top