သင်ချစ်ရတဲ့သူတွေအတွက် Valentine နေ့ မှာလက်ဆောင်Apk လေးတွေလုပ်ပေးချင်သူတွေအတွက်

Valentine’s Apk Gift Maker ကိုအသုံးပြုပြီးတော့ သင်ချစ်ရတဲ့သူတွေအတွက်
Valentine နေ့ မှာလက်ဆောင်Apk လေးတွေလုပ်ပေးနိုင်ပါတယ်။

လက်ဆောင် Apk အလန်းလေးလုပ်ဖို့ ကွန်ပျူတာမလိုပါဘူး၊
ProgrammingLanguage တွေရထားဖို့လည်းမလိုပါဘူး။
မိမိတို့ဖုန်းပေါ်ကနေ Valentine’s Apk Gift Maker ကိုအသုံးပြုပြီးတော့
ကိုယ်လုပ်ပေးချင်တဲ့သူကို အလွယ်တကူ လုပ်ပေးလို့ရပါတယ်။
ဒီနေ့ကကျနော့်ရဲ့အသက် ၁၇ နှစ်ပြည့်မွေးနေ့မို့လို့ အမှတ်တရလေးဖြစ်သွားအောင် ဒီ App လေးကိုထုတ်လိုက်တာပါ။ ဖိုင်ဆိုဒ်ကလည်း 4MB ကျော်ကျော်လေးပဲရွိပါတယ်။
မနေ့ညကမှသတိရလို့ချရေးတာဖြစ်တဲ့အတွက် အရင် Gift App Maker အတိုင်းပဲပြန်ရေးပေးထားပါတယ်။
သုံးရတာလည်း သိပ်မကွာလှပါ။ အချိန်မရတော့တဲ့အတွက် icon တွေကအစသေချာမဆွဲလိုက်ရဘူး။
ဒါပေမယ့်အထဲကလုပ်ဆောင်ချက်တွေကတော့ လုံးဝအလန်းတွေပါပဲ 😎
လုပ်ဆောင်ချက်များ
=============
ကိုယ်ထည့်ချင်တဲ့သူရဲ့ပုံကို 10 ပုံအထိထည့်လို့ရပါတယ်။
ကိုယ်ကြိုက်တဲ့နောက်ခံသီချင်းထည့်သွင်းလို့ရပါတယ်။
App ရဲ့နောက်ခံပုံ/အရောင်ကိုစိတ်ကြိုက်ပြောင်းထားနိုင်ပါတယ်။
ကိုယ်ကြိုက်တဲ့စာသားလေးထည့်သွင်းရေးသားလို့ရပါတယ်။
Apk နာမည်ကိုလည်းကိုယ်ပေးချင်သလိုပေးလို့ရပါတယ်။
Apk icon ကိုလည်းကိုယ်ကြိုက်တဲ့ပုံထားနိုင်ပါတယ်။
ကိုယ်ခေါ်စေချင်တဲ့ဖုန်းနံပါတ်ထည့်ထားနိုင်ပါတယ်။
ကိုယ်ပို့ချင်တဲ့ Message စာသားတွေကိုလည်းရေးထည့်ထားနိုင်ပါတယ် 🙂
တစ်ချက်နှိပ်လိုက်ရုံနဲ့အပေါ်ကကိုယ်ထည့်ထားသမျှကို Apkတခုအနေနဲ့ထုတ်ပေးနိုင်ပါတယ်။
ကိုယ်ထုတ်လိုက်တဲ့ App က ဖုန်း Stroage ထဲမှာ မိမိတို့Apkနာမည်.apk ဆိုတဲ့နာမည်နဲ့ရောက်နေမှာပါ။
စိတ်ကြိုက်ပြန် Share လို့ရပါတယ်။
ကိုယ်ပေးချင်တဲ့သူကိုလက်ဆောင်ပြန်ပေးလို့ရတာပေါ့ 😀
အသုံးပြုနည်း
=========

အသုံးပြုနည်းကတော့လွယ်ပါတယ်။
ပထမဦးဆုံးဝင်ဝင်ချင်းစာမျက်နှာကိုရောက်ရင် Start ကိုနှိပ်ပါ။
(ဒီနေရာမှာ ကိုယ်လုပ်စ Project ရှိနေရင် Delete Current Project ဆိုတဲ့ ခလုတ်လေးပေါ်လာမှာပါ။
လုပ်လက်စအဟောင်းကိုဖျက်ချင်ရင်နှိပ်ပါ။ ဒါမှမဟုတ်ဒီတိုင်းပဲ ထပ်လုပ်မယ်ဆိုလည်းရပါတယ် Start ကိုနှိပ်ပြီးကျော်သွားနိုင်ပါတယ်။)



“Step 1”
ဒါဆို Step 1 စပါပြီ။အပေါ်ဆုံး App icon လေးကိုနှိပ်ပြီးကိုယ်ထားချင်တဲ့ Apk icon ကိုသွားရွေးပေးရမှာပါ။
အောက်နားက ပထမကွက်လပ်ထဲက Enter your app name မှာတော့ ကိုယ်ပေးချင်တဲ့ Apk နာမည်ကိုရိုက်ထည့်ပေးရမှာပါ။
( ဥပမာ – နင့်အတွက် ဘာညာကွိကွ 😛 )
ဒုတိယကွက်လပ်ထဲမှာတော့ ကိုယ်ဖတ်စေချင်တဲ့စာသားကိုထည့်ရေးရမှာပါ။
(ဥပမာ – ငါနင့်ကိုချစ်တယ် ဘာညာကွိကွ 😂😂😂)
Slideshow Duration! ကတော့ ဓာတ်ပုံတွေတစ်ပုံပြီးတစ်ပုံအော်တို Slideshow လုပ်ခိုင်းဖို့ အချိန်ပါ။
၃ စက္ကန့်ကနေ ၁ မိနစ်အထိစိတ်ကြိုက်ရွေးထည့်နိုင်ပါတယ်။
အားလုံးပြီးရင်တော့ Preview ကိုနှိပ်ပြီး ကိုယ်ရွေးထားထည့်ထားတာလေးတွေကိုပြန်ကြည့်လို့ရပါတယ်။
သေချာပြီဆိုရင်တော့ Next နဲ့ဆက်သွားလို့ရပါပြီ။
“Step 2”

ဒါဆို Step 2 ကိုရောက်ပါပြီ။
အဲ့ဒီမှာအသဲပုံငါးခုတွေ့ရပါလိမ့်မယ်။
ကိုယ်ထည့်ချင်တဲ့ပုံငါးပုံရွေးထည့်ဖို့ခလုတ်တွေပါ။
တစ်ခုချင်းစီကိုနှိပ်ပြီး ကိုယ်ထည့်ချင်တဲ့ပုံတွေကို သွားရွေးပေးလိုက်ပါ။
ကိုယ်ရွေးပြီးရင်တော့ အဲ့ဒီအသဲပုံနေရာမှာကိုယ်ရွေးထားတဲ့ပုံလေးတွေနဲ့ပြောင်းသွားပါလိမ့်မယ်။
ဘေးနားမှာလည်းအမှန်ခြစ်ပေါ်လာပါလိမ့်မယ်။
Background Image ဆိုတဲ့ခလုတ်ကတော့ ကိုယ့် Apk ထဲကနောက်ခံပုံဖြစ်လာမယ့်ကောင်ကိုသွားရွေးထည့်ပေးဖို့ပါ။
စိတ်ကြိုက်ပုံထားဖို့နှိပ်ပြီး ပုံတစ်ပုံသွားရွေးထည့်ပေးလိုက်ပါ။
အားလုံးပြီးရင်တော့ Preview ကိုနှိပ်ပြီး ကိုယ်ရွေးထားထည့်ထားတာလေးတွေကိုပြန်ကြည့်လို့ရပါတယ်။
သေချာပြီဆိုရင်တော့ Next နဲ့ဆက်သွားလို့ရပါပြီ။
“Step 3”

ဒါဆိုရင်တော့ Step 3 ကိုရောက်သွားပါပြီ။
ဒီ Step 3 မှာတော့အပေါ်က Step 2 လိုပါပဲ စိတ်ကြိုက်ထည့်ချင်တဲ့ပုံ ၅ ပုံသွားရွေးပေးရမှာပါ။
အားလုံးပြီးရင်တော့ Preview ကိုနှိပ်ပြီး ကိုယ်ရွေးထားထည့်ထားတာလေးတွေကိုပြန်ကြည့်လို့ရပါတယ်။
သေချာပြီဆိုရင်တော့ Next နဲ့ဆက်သွားလို့ရပါပြီ။
“Step 4”

ဒါဆို Step 4 ကိုရောက်လာပါပြီ။
ဒီ Step 4 ကတော့ နောက်ခံသီချင်းရွေးမယ့်အပိုင်းပါ။
အပြာရောင် Music ပုံကိုနှိပ်ပြီး ကိုယ်ထည့်သွင်းလိုတဲ့သီချင်းကိုသွားရွေးပေးရမှာပါ။
ပြီးရင်တော့ဘေးမှာအမှန်ခြစ်ပြလာပါမယ်။
Play ခလုတ်လေးကိုနှိပ်ပြီး ကိုယ်ရွေးထားတဲ့သီချင်းကိုဖွင့်ကြည့်နိုင်ပါတယ်။
ပြီးရင်တော့ Stop ပြန်နှိပ်လို့ရပါတယ်။
Enter phone number ဆိုတဲ့ကွက်လပ်လေးကတော့ ကိုယ်ခေါ်ချင်တဲ့သူရဲ့ဖုန်းနံပါတ်ကိုထည့်ဖို့ပါ။
(ဥပမာ – အဲ့ဒီကွက်လပ်ထဲမှာ ကိုယ့်နံပါတ်လေးထည့်မယ် ပြီးရင်ထွက်လာတဲ့ Apk လေးကိုကိုယ့်ချစ်သူကိုပေးမယ်ဆိုပါတော့၊
ဒါဆိုသူအဲ့ဒီ App ကိုဖွင့်တဲ့အခါ Menu ခေါ်တဲ့အခါမှာ Call ဆိုတာလေးတွေ့ရပါလိမ့်မယ် အဲ့ဒါကိုနှိပ်လိုက်တာနဲ့ အခုဒီမှာကိုယ်ထည့်လိုက်တဲ့ နံပါတ်ကိုတိုက်ရိုက်တန်းခေါ်ပေးမှာပါ 😀 )
အားလုံးပြီးရင်တော့ Preview ကိုနှိပ်ပြီး ကိုယ်ရွေးထားထည့်ထားတာလေးတွေကိုပြန်ကြည့်လို့ရပါတယ်။
သေချာပြီဆိုရင်တော့ Next နဲ့ဆက်သွားလို့ရပါပြီ။
“Final Step”

ဒါဆိုရင်တော့နောက်ဆုံး Final Step ကိုရောက်သွားပါပြီ။
ပထမဦးဆုံးအပေါ်ကွက်လပ်ထဲမှာတော့ ကိုယ်ပို့ချင်တဲ့ Message စာသားလေးကိုရေးထည့်ထားဖို့ပါ။
( ပြီးရင်ထွက်လာတဲ့ Apk လေးကိုကိုယ့်ချစ်သူကိုပေးမယ်ဆိုပါတော့၊
ဒါဆိုသူအဲ့ဒီ App ကိုဖွင့်တဲ့အခါ Menu ခေါ်တဲ့အခါမှာ Send Message ဆိုတာလေးပါပါတယ်။
အဲ့ဒါကိုနှိပ်လိုက်တာနဲ့ စာပို့လိုရတဲ့ Messenger,Viber, Message စတဲ့ App တွေပေါ်လာပါလိမ့်မယ်။
ကိုယ်ပို့ချင်တဲ့နေရာကိုနှိပ်လိုက်တာနဲ့ ကိုယ်စိတ်ကြိုက်တဲ့သူဆီပို့ပေးလို့ရပါတယ်။
Message ကိုရွေးခဲ့မယ်ဆိုရင်တော့ အပေါ်ကကျွန်တော်တို့ထည့်ခဲ့တဲ့နံပါတ်ကိုတိုက်ရိုက်ပို့ပေးမှာပါ 😀 )
အားလုံးပြီးရင်တော့ Preview ကိုနှိပ်ပြီး ကိုယ်ရွေးထားထည့်ထားတာလေးတွေကိုပြန်ကြည့်လို့ရပါတယ်။
သေချာပြီဆိုရင်တော့ Create Your Apk ကိုနှိပ်လိုက်ပါတော့။
သုံးစက္ကန့်လောက်စောင့်ပေးလိုက်ပါ။
Apk Create လုပ်ပေးနေပါလိမ့်မယ်။
ပြီးသွားရင်တော့ Install လုပ်ဖို့ကျလာပါမယ်။
Sdcard ထဲမှာလည်း ကိုယ့် Apk နာမည်နဲ့ ( မိမိApkအမည်ဏ္ဍvDayApp.apk ) ဆိုတဲ့ဖိုင်တစ်ခုနဲ့ထွက်လာမှာပါ။
အဲ့ဒါကို pCloud,Mediafire,Dropbox,Google Drive တို့လို Cloud တစ်ခုခုမှာတင်ပြီး ကိုယ်ပေးချင်တဲ့သူကို အွန်လိုင်းကနေလင့်ပြန်ချပေးလို့ရပါတယ်။
နီးရင်တော့ Zapya နဲ့သာ Share လိုက်ပေါ့ 😛