Valentine's Day အတွက် ပန်းရောင်ဒီဇိုင်းနဲ့ ထွက်လာတဲ့ Pokemon GO

Valentine's Day အတွက် ပန်းရောင်ဒီဇိုင်းနဲ့ ထွက်လာတဲ့ Pokemon GO

updates သစ်တွေ မျှော်နေတဲ့ Pokemon GO ပရိတ်သတ်တွေအတွက် စိတ်ပျက်စရာကောင်းတဲ့ ကြေငြာချက်တစ်ခုပါပဲ။ Niantic Labs ဂိမ်းကုမ္ပဏီဟာ ဒီနေ့ ကနေ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ အထိ Valentine's Day နေ့ ပွဲလုပ်သွားမှာ ဖြစ်ပြီး အသစ် update နည်းနည်းပဲ တင်ထားပါတယ်။
play

ဒီပွဲမှာ Chansey နဲ့ Clefable လို့ ခေါ်တဲ့ ပန်းရောင်မိစ္ဆာကောင်လေးတွေကို တွေ့ မြင်ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြား ပိုကီမွန်ကောင်လေးတွေ ဖြစ်တဲ့ Cleffa ၊ Igglybuff နဲ့ Smoochum တို့ ကနေလည်း ကိုယ့်ရဲ့ Eggs တွေကို အကောင်ဖောက်ပေးနိုင်မယ်လို့ သိရပါတယ်။ ဒီပွဲမှာ အထူးအစီအစဉ်အနေနဲ့ ပိုကီမွန်တစ်ကောင်ကို ဖမ်းမိတာတို့ ၊ အကောင်ဖောက်နိုင်တာတို့ လုပ်နိုင်ရင် Candy နှစ်ဆ ပိုရမှာ ဖြစ်ပါတယ်။ တကယ်လို့ Buddy တစ်ကောင်မိထားတယ်ဆိုရင် Candy ကို အရင်ကထက် နှစ်ဆပိုမြန်မြန် စုဆောင်းနိုင်တော့မှာပါ။ နောက်တစ်ခုက Pokemon GO မှာ ဝယ်ရတဲ့ items တစ်မျိုးဖြစ်တဲ့  Lure Modules တွေကိုရှာဖို့  ဒီပွဲကျင်းပစဉ်ကာလအတွင်း အရင်က နာရီဝက်ပဲ ရှိရာကနေ ၆ နာရီအထိ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။
Niantic Labs ဂိမ်းကုမ္ပဏီအနေနဲ့ လက်တလောမှာ ဒီဂိမ်းကို အကြီးစားအဆင့်မြှင့်တင်မှုများ မလုပ်ထားသလို features သစ်များ contents သစ်များ ထည့်မထားရသေးပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က ဒီဂိမ်းမှာ ပိုကီမွန်အကောင်သစ်တစ်ချို့ ထပ်ထည့်ထားတယ်လို့ ကြေငြာခဲ့ပြီး မကြာခင်မှာ နောက်ထပ် အသစ်အသစ်များ ထည့်သွားဖို့ ရှိတယ်လို့ ဆိုခဲ့ပေမယ့် အခုထိတော့ မတွေ့ ရသေးပါဘူး။

အရင် ၂၀၁၆ နှစ်လယ်လောက်က အကြီးအကျယ် နာမည်ကျော်သွားတဲ့ ဒီဂိမ်းဟာ အခုဆိုရင် စိတ်ဝင်စားတဲ့သူ နည်းနေပြီ ဖြစ်သလို ဒီဂိမ်းကို တစ်ချို့ နေရာဒေသများမှာ တားမြစ်ပိတ်ပင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု ဝီကွန်ဆင်ပြည်နယ်ရဲ့ အကြီးဆုံးမြို့ တစ်မြိုြ့ဖစ်တဲ့ မီဝေါကီမြို့ မှ ပိုကီမွန်ကစားသူများဟာ အာဏာပိုင်များထံမှ ကစားခွင့်ပြုမှာသာ Pokemon GO ဆော့လို့ ရတော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့  ပိုကီမွန်ကစားသူများ ချန်ထားခဲ့သည့် ဘီယာပုလင်းခွံများ၊ စက္ကန့် စုတ် အစားအသောက် အမှိုက်ခွံများကြောင့် မြို့ တော်ကို ညစ်ညမ်းအလှပျက်စေသလို ဒေသခံများဟာ ပိုကီမွန်ကစားသူများကြောင့် ယာဉ်ကြောပိတ်ဆို့ မှုများ ၊ ညဥ့်နက်သန်းခေါင် ဆူညံသံများနဲ့ ပျံကျရောက်လာသည့် လမ်းသူရဲများကို စိတ်ပူနေကြပါတယ်။
play

Pokemon GO အနေနဲ့ ကစားသူစိတ်ကြိုက်ဖြစ်အောင် ထူးထူးခြားခြား update features များနဲ့ အကောင်များကို အသစ်ထပ်ထည့်ဖို့ လိုအပ်လာပါပြီ။ ဒါ့အပြင် ဒီဂိမ်းကို နိုင်ငံမရွေး ဆော့လို့ ရအောင် ပုံစံပြောင်းဖို့ လိုအပ်နေပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံတွင်း Pokemon GO အပါအဝင် AR ဂိမ်းများကို လူတစ်ဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှု နှင့် နိုင်ငံ့လုံခြုံရေးထိပါးမည့် စိုးရိမ်ချက်နှင့် တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒါဟာ Pokemon GO လို AR ဂိမ်းများကို မီးနီတားလိုက်တာ ဖြစ်ပါတယ်။ဒီတော့ Niantic ဂိမ်းကုမ္ပဏီအနေနဲ့ ယခုလို အတားအဆီးများကို ကျော်လွှားနိုင်ဖို့ နည်းလမ်းသစ်ထွင်ပြီး စဉ်းစားရတော့မှာပါ။
Source: Niantic Labs
Credit: duwun.com.mm



Contact Us

Name

Email *

Message *

Back To Top