ဓါတ်ပုံနဲ့ ဗွီဒီယိုတွေ ကြည့်ပြီးတာနဲ့ ပြန်ပျောက်သွားတော့မယ့် Viber



ဓါတ်ပုံ ဗွီဒီယိုများကို ကြည့်ချိန်သတ်မှတ်ပြီး ဖျောက်ဖျက်ပစ်ပါတယ်။
စာပို့ တဲ့အက်ပ်တွေမှာ ပြဿနာတစ်ခုက storage မဆန့် တောတာပါပဲ။ အဓိက နေရာစားသွားတာတွေက ဓါတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် Viber မှာ ခဏခဏတွေ့ ရတဲ့ အချက်က ကိုယ့်ဆီကို ဓါတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေများလာပြီဆိုတာနဲ့ storage မလောက်တော့ဘူးဆိုပြီး မက်ဆေ့တက်တက်လာလို့ နေရာရွှေ့ ပြီး သိမ်းရတာတွေ ရှိလာပါတယ်။ တစ်ချို့ ဓါတ်ပုံတွေ ဗွီဒီယိုတွေက ကိုယ့်အတွက်လည်း တကယ်မလိုအပ်ပါဘူး။ ဒီအတွက် ခေါင်းစားစရာ မလိုတော့ပါဘူး။



လူသုံးအများဆုံး စကားပြောချက်တင်အက်ပ်တစ်ခုဖြစ်တဲ့ Virber ဟာ ဆက်သွယ်ပြောဆိုရေးမှာ ကိုယ်လိုသလို ထိန်းချုပ်လို့ ရနိုင်အောင် ဒီနေ့ ပဲ secret messages လို့ ခေါ်တဲ့ features တစ်ခု ဖြန့် ချိလိုက်ပါတယ်။ ဒီ feature မှာဆို ကိုယ်ပို့ လိုက်မယ့် ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို send မလုပ်ခင် chat ရဲ့ archives ထဲမှာ ထားမလားလို့ ရွေးချယ်နိုင်ပါတယ်။ Viber မှာ ကိုယ်ပြောခဲ့တဲ့ မှတ်တမ်းကို ဖျက်လိုက်တာနဲ့ နှစ်ဦးနှစ်ဖက်စလုံးမှာရှိတဲ့ မက်ဆေ့တွေ ဖျက်ပြီးသားဖြစ်သွားမှာပါ။ ဒီ feature ကတော့ အရင်နှစ် နှစ်ဦးပိုင်းကတည်းက end-to-end encryption ဆိုပြီး ထွက်ခဲ့ပါတယ်။

ဒီတစ်ခါ လျှို့ ဝှက်မက်ဆေ့ပေးပို့ နည်းသစ်မှာတော့ ကိုယ်နဲ့ Group ဖွဲ့ ထားတဲ့သူတွေ ပြန် share လိုက်တဲ့ ဓါတ်ပုံတွေကို အချိန်မှတ်ပြီး ဖျောက်ပစ်လို့ ရမှာ ဖြစ်ပါတယ်။ ဒီ feature ဟာ Snapchat လိုပဲ archives ထဲမှာ ရောက်မသွားအောင် ထုတ်ပစ်လို့ လည်း ရမှာပါ။ ဓါတ်ပုံတစ်ပုံကို တစ်ယောက်ယောက်ဆီပို့ တဲ့အခါမှာ သူကြည့်ပြီး ၁ စက္ကန့်  ၊ ၃ စက္ကန့်  ၊ ၇ စက္ကန့် ဖြစ်ဖြစ် ၁၀ စက္ကန့် ဖြစ်ဖြစ် ကြည့်ချိန်သတ်မှတ်ပြီး ဖျောက်ဖျက်ပစ်ပါတယ်။ သတ်မှတ်ချိန်ပြည့်မီပြီဆိုတာနဲ့ ဒီပုံကို သူတို့ ထပ်မြင်ရမှာ မဟုတ်ပါဘူး။


ဗွီဒီယိုမှာလည်း အခုလိုပဲ အချိန်မှတ်ပြီး ဖျက်ပစ်လို့ ရနိုင်ပါပြီ။ ဒီ လျှို့ ဝှက်မက်ဆေ့ feature ဟာ Viber သုံးတဲ့ ဘယ် iOS ဖြစ်စေ Android ဖြစ်စေ အဖွဲ့ လိုက်ပဲ ပြောပြော တစ်ဦးချင်းပဲ ပြောပြော သုံးလို့ ရနိုင်ပါတယ်။

Viber ဟာ တစ်ကမ္ဘာလုံးမှာ သုံးစွဲသူပေါင်း သန်း ၈၀၀ ထိ ရှိပြီဖြစ်ပြီး လစဉ် ပုံမှန်သုံးကြသူပေါင်း သန်း ၂၆၀ အထိ ရှိတဲ့ အက်ပ်တစ်ခု ဖြစ်ပါတယ်။ ဒီအက်ပ်ဟာ တစ်ခြား နာမည်ကျော် မက်ဆေ့အက်ပ်တွေဖြစ်တဲ့ အက်ဒွပ်စနိုးဒင်သုံးတဲ့ Signal အက်ပ် ၊ WhatsApp ၊ Line နဲ့ Kakao Talk တို့ နဲ့ ယှဉ်လို့ ရတဲ့ နာမည်ကျော် အက်ပ်တစ်ခု ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံသားပိုင် ဒီကုမ္ပဏီကို ၂၀၁၄ ခုနှစ် မှာ ဂျပန်နိုင်ငံမှာ Rakuten ကုမ္ပဏီမှာ ဝယ်ယူခဲ့ပြီး တစ်ကမ္ဘာလုံးဆီ ဖြန့် ချိနေတာပါ။



ယခု ထွက်လာတဲ့ လျှို့ ဝှက်မက်ဆေ့စနစ်ဟာ Viber မှာ အသစ်ဖြစ်နေပေမယ့် သူနဲ့ အပြိုင်နာမည်ကြီး Line နဲ့ Kakao Talk တို့ မှာ ပေးပြီးသားဖြစ်နေပါတယ်။Line မှာဆို Timer ပါရှိသလို Kakao Talk မှာလည်း မက်ဆေ့တွေ ဖတ်ပြီးတာနဲ့ ဖျက်ပစ်တဲ့ features တွေ ပါရှိပါတယ်။ Viber ဟာ သုံးစွဲသူရဲ့ privacy ပိုင်းဆိုင်ရာ feature များကို အသစ်အသစ် ထည့်သွားဖို့ လုပ်နေတာ ဖြစ်လို့ မကြာခင်မှာ ယခုထက်ပိုပြီး ကောင်းမွန်ပြည့်စုံတဲ့ chat app တစ်ခုကို တွေ့ မြင်ရဖို့ ရှိပါတယ်။

Source: Tech Crunch
Credit: duwun.com.mm