YouTube Go ကို ဘယ်လိုသုံးမလဲ

YouTube Go ဆိုတာကတော့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကမှ အိန္ဒိယနိုင်ငံ မှာ တရားဝင် စတင်ဖြန့်ချိ ပေးလိုက်တဲ့ app ဖြစ်ပါတယ်။
YouTube က ဗီဒီယို ဖိုင်တွေကို ကြည့်တဲ့အခါမှာ မိုဘိုင်းဖုန်း ဒေတာ သုံးစွဲမှုကိုလျော့ချပေးနိုင်မယ့် app တစ်ခုဖြစ်ပြီး ထူးခြားချက်အနေနဲ့ YouTube ကနေ ကိုယ်ကြိုက်နှစ်သက်တဲ့ ဗီဒီယိုဖိုင်တွေကို offline အသုံးပြုနိုင်အောင် သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး သူငယ်ချင်းအပေါင်းအသင်းများနဲ့လည်း Bluetooth ကနေ ဗီဒီယိုဖိုင်တွေကို ဝေမျှနိုင်ပါတယ်။ အရင်က YouTube app မှာ ပါဝင်တဲ့ Offline ဆိုတဲ့ feature ဟာ download ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်တွေကို အချိန်အတိုင်းအတာ တစ်ခုထိသာ သိမ်းဆည်းပေးနိုင်မှာဖြစ်ပြီး YouTube Go ကတော့ ဗီဒီယိုတွေကို ဖုန်းရဲ့ Internal storage ထဲမှာ သိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။
YouTube Go ကို အိန္ဒိယနိုင်ငံမှာသာ တရားဝင်ဖြန့်ချိပေးတာဖြစ်ပေမယ့် မြန်မာနိုင်ငံကနေ အသုံးပြုချင် သူတွေအနေနဲ့ ဒီနေရာကနေ download ပြုလုပ်နိုင်ပါတယ်။
YouTube Go ကို download ပြုလုပ်ပြီးရင် Android device ထဲမှာ Install ပြုလုပ်လိုက်ပါ။ အနိမ့်ဆုံး Android version 5.1 ရှိရမှာဖြစ်ပါတယ်။
Install လုပ်ပြီးရင် YouTube Go app ကို ဖွင့်လိုက်ပါ။ App အတွင်းမှာ Home နှဲှ့Saved ဆိုတဲ့ tab နှစ်ခုကို တွေ့ရပါလိမ့်မယ်။ Home ဆိုတဲ့ tab ဘက်မှာ ဗီဒီယိုဖိုင်တွေကို ရှာဖွေပြီး save ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Saved ဆိုတဲ့ tab မှာတော့ save ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်တွေကို Bluetooth နဲ့ အချင်းချင်းဝေမျှနိုင်အောင် ပြုလုပ်နိုင်သလို Offline ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ Home ဘက်မှာ YouTube video ကို ရှာဖွေပြီး နှိပ်လိုက်ရင် Basic quality နဲ့ Standard quality ဆိုပြီး ဖိုင်အမျိုးအစားနှစ်မျိုးကို ဖော်ပြပါလိမ့်မယ်။ နှစ်သက်ရာဖိုင်အမျိုးအစားကို ရွေးချယ်ပြီး Save ပြုလုပ်ရပါမယ်။
Save ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်ကို အသုံးပြုမယ်ဆိုရင် Saved ဆိုတဲ့ tab ဘက်မှာ တွေ့ရမှာဖြစ်ပြီး၊ Send ဆိုတဲ့ ခလုတ်ကိုတော့ download ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်တွေကို Bluetooth နဲ့ ဝေမျှရာမှာ သုံးနိုင်ပါတယ်။
Tags: YouTube
Credit: internetjournal.media