Android Google Search App မှာ Offline အနေနဲ့ ရှာဖွေနိုင်ပြီ

Google ဟာ Android အတွက် ထုတ်လုပ်လိုက်တဲ့ Google App Update မှာ ရှာဖွေမှုတွေအတွက် အင်တာနက်နဲ့ အင်တာနက်ကွန်နက်ရှင် အခြေအနေပေါ်မူတည်နေမှုကို လျှော့ချလိုက်ပါတယ်။
အသုံးပြုသူတွေအနနဲ့ Search လုပ်မှုတွေကို ‘Offline’ ဖြစ်နေတဲ့အခါမှာ ပြုလုပ်နိုင်မှာ ဖြစ်ပြီး Google App ဟာ အဆိုပါ Search ပြုလုပ်မှုတွေကို သိမ်းဆည်းထားမှာပါ။ အဲ့ဒီနောက် ရှာဖွေမှုရဲ့ ရလဒ်တွေကိုတော့ Device မှာ Signal ပြန်ရတော့မှ (Notification ပြပြီး) ထုတ်ဖော်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
Google ရဲ့ Product Manager ဖြစ်သူ Shekhar Sharad က ဘလော့ဂ်ပို့စ်အနေနဲ့ “ဒါကြောင့် နောက်ပိုင်းမှာ လိုင်းမရတာတွေဖြစ်သွားရင် Search လုပ်တာကို ရပ်နေစရာမလိုတော့ပါဘူး၊ သင့်ဖုန်းထဲမှာ ဒီတိုင်းပဲ ရှာထားလိုက်ပါ။ Google app ဟာ Behind-the-scenes အနေနဲ့ နောက်ကွယ်ကနေ လှုပ်ရှားနေပြီး ကွန်နက်ရှင်ပြန်ရတာနဲ့ သင်ရှာဖွေထားတဲ့ ရလဒ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
Search လုပ်ထားတဲ့ Pending ဖြစ်နေတဲ့ ရလဒ်တွေကို Google App ရဲ့ Manage Searches Option အောက်မှာ သွားရောက်ကြည့်ရှုနိုင်ပြီး မကြာခင်မှာ iOS ပစ္စည်းတွေမှာလည်း ရရှိနိုင်ဖို့အတွက် စီစဉ်နေကြောင်းလဲ သိရပါတယ်။
Credit: akhayar.com