တီဗီရုပ်သံလိုင်းများကို ကြည့်ရှုနိုင်တဲ့ Asus Zenfone Go TV ကို ဝေဖန်သုံးသပ်ခြင်း



အင်တာနက်မှာ YouTube လို ၀က်ဆိုက်များကနေ ဗီဒီယိုများ၊ ရုပ်ရှင်များစွာကို ကြည့်ရှုနိုင်ပါတယ်။ အခုဆိုရင် MRTV- 4 ရဲ့ ရုပ်သံလိုင်းများကိုတောင် Mobile App ကနေ ကြည့်နိုင်ပါပြီ။ ဒါပေမယ့် အွန်လိုင်းမှ တီဗီလိုင်းများ၊ ဗီဒီယို၊ ရုပ်ရှင်များကို ကြည့်ရင် မိုဘိုင်းဒေတာ များစွာ ကုန်ကျစေပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ Asus က Zenfone Go TV ကို ထုတ်လုပ်ပေးထားပါတယ်။ Asus Zenfone Go TV မှာ Digital TV Tuner ပါတဲ့အတွက် သင့်နိုင်ငံနဲ့ အခြားနိုင်ငံများမှ အခမဲ့ တီဗီရုပ်သံလိုင်းများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်း

Zenfone Go TV ဟာ Zenfone 2 Series များနဲ့ ဒီဇိုင်းဆင်တူပါတယ်။ ပါဝါခလုတ်ကို ထိပ်နဲ့ အသံခလုတ်များကို အနောက်ဘက် ကင်မရာရဲ့ အောက်မှာ တပ်ဆင်ထားပါတယ်။ ပလတ်စတစ် ကိုယ်ထည်က မာကျောကြံ့ခိုင်ပြီး လဲလှယ်နိုင်တဲ့အတွက် ဖုန်းကို ထူထဲစေတဲ့ အခြား Case များ မလိုအပ်ပါဘူး။

Zenfone Go TV မှာ ၅.၅ လက်မ HD Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၆၇ ဖြစ်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားတဲ့အတွက် Screen Protector များ မလိုအပ်ပါဘူး။ Asus က Zenfone 2 Series များလို ဈေးနှုန်းသက်သာအောင် Zenfone Go TV ကို ပုံစံထုတ်ထားပါတယ်။

Zenfone Go TV မှာ 1.4GHz Quad-Core Snapdragon 400 မောင်းနှင်မှာ ဖြစ်ပါတယ်။ Dual SIM Phone ဖြစ်တဲ့အတွက် SIM Card ၂ ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ 2GB RAM တပ်ဆင်ထားပါတယ်။ 16GB or 32GB Storage Model များ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot ပါတဲ့အတွက် Storage ကို မြှင့်တင်နိုင်ပြီး 64GB အထိ ၀င်ဆန့်တဲ့ ကဒ်စိုက်နိုင်ပါတယ်။ 3010mAh ဘက်ထရီက အရှင်ဖြစ်ပြီး ဖြုတ်၊ တပ်နိုင်ပါတယ်။









Digital TV Tuner

Zenfone Go TV ရဲ့ အဓိက အစိတ်အပိုင်းမှာ Digital TV Tuner ဖြစ်ပါတယ်။ အခြားစမတ်ဖုန်းများမှာတော့ တီဗီရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုချင်ရင် Digital TV Tuner ကို သီးခြား ၀ယ်ယူ အသုံးပြုရတာ ဖြစ်ပါတယ်။ စမတ်ဖုန်းမှာ ပြသနေတဲ့ ရုပ်သံလိုင်းများကို အခြား စကရင်တစ်ခုကနေ ကြည့်ရှုနိုင်ဖို့အတွက် Asus PlayTo (MiraCast) ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ရုပ်သံလိုင်းများ ကြည့်ရှုရင် ဘက်ထရီ သက်တမ်းဟာ ၁၁ နာရီ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အကောင်းဆုံး အချက်ကတော့ မိုဘိုင်းဒေတာ ကုန်ကျမှု မရှိဘဲ အခမဲ့ တီဗီရုပ်သံလိုင်းများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ZenUI

Zenfone Go TV မှာ စွမ်ဆောင်ချက်များစွာ ပါတဲ့ ZenUI OS ထည့်သွင်းထားပါတယ်။ ZenUI မှာ Customize များစွာ ပြုလုပ်နိုင်ပြီး Themes များစွာကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ Asus Mobile Manager ကနေ Apps, Battery , Memory နဲ့ Data Management များကို စီမံခန့်ခွဲနိုင်ပါတယ်။ မိုဘိုင်းဒေတာ သို့မဟုတ် ၀ိုင်ဖိုင်ကို အသုံးပြုရမယ့် Apps များကို သတ်မှတ်နိုင်ပါတယ်။ Background မှာ အလိုအလျှောက် စတင်ဖွင့်မယ့် Apps များ၊ Push Notifications ပြသမယ့် Apps များကိုလည်း ရွေးချယ်နိုင်ပါတယ်။ အဲဒီ အတွက် မိုဘိုင်းဒေတာနဲ့ မန်မိုရီ စားသုံးမှုကို ထိန်းချုပ်နိုင်မှာပါ။ App Lock စွမ်းဆောင်ချက်က သင့် Apps များကို အခြားလူများ မသုံးနိုင်အောင် ကာကွယ်ပေးပါတယ်။

ကင်မရာ

Zenfone Go TV ရဲ့ 13MP Rear Camera က ကောင်းမွန်ပါတယ်။ White Balance ကလည်း တိကျပါတယ်။ အခြား Zenfone Models များမှာလို ဓါတ်ပုံအရည်အသွေးက ကောင်းမွန်ပါတယ်။ Shooting Modes များစွာ ထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက်မှာတပ်ဆင်ထားတဲ့ 5MP Camera က Selfie ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်ပါတယ်။

အနှစ်ချုပ်

Asus Zenfone Go TV ဟာ Digital TV Tuner ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ မိုဘိုင်းဒေတာ မကုန်ဘဲ စမတ်ဖုန်းကနေ တီဗီလိုင်းများ ကြည့်ရှုချင်သူများအတွက် အလွန် အသုံးဝင်တဲ့ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။

ref: musicphotolife , androidcommunity , asus
Credit: digitaltimes.com.mm