လစဉ်ကြေး ၃၀၀၀ ပေးပြီး ရုပ်ရှင်ကားများ ကြည့်ရအောင်

တစ်ခါ sign up လုပ်ပြီးတာနဲ့ တိုက်ရိုက် ရက် ၃၀ တိတိ အခမဲ့ ကြည့်ရှုခွင့်ရမှာ
ရုပ်ရှင်ဇာတ်ကားဝါသနာအိုးများအတွက် အက်ပလီကေးရှင်းကောင်းလေးတစ်ခု ရှိပါတယ်။ ဒီအက်ပလီကေးရှင်းလေးကတော့ လစဉ်ကြေး ၃၀၀၀ သွင်းသွားရုံနဲ့ တင် ဇာတ်ကားများ ကြည့်ရှုသွားနိုင်မယ့် iflix ဆိုတဲ့ အက်ပလီကေးရှင်းလေးဖြစ်ပါတယ်။



ဒီအက်ပလီကေးရှင်းလေးမှာ အမျိုးအစားလိုက် category ခွဲပြီး ကြည့်နိုင်ဖို့ စီစဉ်ထားပါတယ်။ iflix မှာ တီဗွီနဲ့ ရုပ်ရှင် Movies ဆိုပြီး နှစ်မျိုးခွဲထားပြီး ကလေးများအတွက် ကာတွန်းကားများ ၊ Animations ကားများ စီစဉ်ထည့်သွင်းပေးထားပါတယ်။ ရုပ်ရှင်ကားများအနေနဲ့ မြန်မာဇာတ်ကားများအပြင် ထောင်နဲ့ ချီတဲ့ နိုင်ငံခြားမှ ဇာတ်ကား အသစ်အဆန်းများကို မြန်မာစာတန်းထိုးအပြင် တရုတ် ၊ အင်္ဂလိပ် ၊ အင်ဒိုနီးရှား နဲ့ မလေးရှားစကားများအပြင် စိတ်ကြိုက် ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။ ဒီအက်ပလီကေးရှင်းကို စပြီး မှတ်ပုံတင် Sign up လုပ်ပြီး ဖုန်းနံပတ်နဲ့ အတည်ပြုပြီးသွားပြီးနောက် ဇာတ်ကားများကို မိမိဖုန်း ၊ လက်ပ်တော့ နဲ့ တက်ဘလက်များကနေ တိုက်ရိုက် ရက် ၃၀ တိတိ အခမဲ့ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်မအားသေးရင်လည်း အွန်လိုင်းဖွင့် ဒေါင်းလုပ်ဆွဲပြီး အားတဲ့အချိန်မှသာ offline နဲ့ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။


iflix ကို မိမိဖုန်းမှာ ရှိတဲ့ Google Play Store ကနေ iflix လို့ ရိုက်ပြီး ရှာလို့ ရသလို https://play.google.com/store/apps/details?id=iflix.play လင့်ခ်ကနေ သွားပြီး တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ iflix ဟာ 15MB ကျော်ပဲ ရှိတဲ့ အက်ပလီကေးရှင်းဖြစ်လို့ ဆွဲရတာ မြန်ဆန်သလို စက်ကိုလည်း လေးမသွားစေပါဘူး ။ အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲပြီးနောက် ဝင်လိုက်ပါ။ ဒါဆိုရင် iflix ကို သုံးဖို့ sign up လုပ်ပြီး စာရင်းသွင်းရမယ့် ပုံစံပေါ်လာမှာပါ။ဒီထဲမှာ ကိုယ့်ရဲ့ နာမည် ၊ အကောင့်အမည်နဲ့ စကားဝှက်ပေးပြီးနောက် iflix ဆီက ကုဒ်နံပါတ် ရဖို့ ကိုယ်သုံးနေတဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးရမှာပါ။ ဒါဆိုရင် iflix ကနေ ကိုယ့်နံပါတ်ကို ဂဏန်းလေးလုံးပါ ကုဒ်တစ်ခု ချပေးသွားမှာပါ။ ဒီကုဒ်ကို iflix က တောင်းတဲ့နေရာမှာ ထည့်ရေးပေးလိုက်တာနဲ့ အတည်ပြုပြီး ဖြစ်သွားမှာပါ။ iflix မှာ ကိုယ့်အကောင့်ကို အတည်ပြုပြီးသွားရင်တော့ ရက်ပေါင်း ၃၀ တိတိ ကြာအောင် ကိုယ်နှစ်သက်ရာဇာတ်ကားများကို အခမဲ့ တိုက်ရိုက်ကြည့်ရှုလို့ ရသလို ဒေါင်းလုပ်ဆွဲလို့ ရမှာပါ။

iflix ကို ဝက်ဘ်ဆိုက်ကနေ ကြည့်ရှုချင်တယ်ဆိုရင်တော့ http://www.iflix.com ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒီဆိုက်မှာတင်ထားသမျှ ဇာတ်ကားများဟာ ရုပ်ထွက်အရည်အသွေး ကောင်းမွန်ပြတ်သားသလောက် အသံစနစ်များလည်း အဆင်ပြေတာကြောင့် ကြည့်ရတာ အဆင်ပြေပါတယ်။ မြန်မာကားချစ်သူများအတွက် From Bangkok to Mandalay လို လက်ရှိနာမည်ကြီးကား အပါအဝင် အဖြူ အမည်း ၊ ဘယ်သောအခါမှ စတဲ့ မြန်မာကားများစွာကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။



လစဉ်ကြေး အနေနဲ့ တစ်လကို ငွေ ၃၀၀၀ ပေးပြီး တစ်ကားချင်းပဲ ကြည့်ကြည့် ၊ episode အလိုက် လာတဲ့ တစ်ပိုင်းချင်းပဲ ကြည့်ကြည့်နှစ်သက်ရာ ကြည့်ရှုလို့ ရသလို ယ်နေရာမှာမဆို သင့်ရဲ့ဖုန်း၊ Laptop၊ Tablet ဒါမှမဟုတ် TV တို့ကို အသုံးပြု ပြီးစိတ်ကြိုက်ရွေးချယ် ကြည်ရှုနိုင်တော့မှာပါ။ အင်တာနက် မဖွင့်ဘဲ ကြည့်လိုသူများကအတွက် ရွေးစရာ အနေနဲ့ iflix ရဲ့ Download & Watch Offline feature ကနေ wifi အင်တာနက်ရှိတဲ့အချိန်မှာ ဒေါင်းလုပ်ဆွဲပေးထားပြီး Offline ပြန်ကြည့်နိုင်ပါတယ်။ ဒါကတော့ ဖုန်းများအတွက် သီးသန့် feature ဖြစ်ပြီး ဒီ ဒေါင်းထားတဲ့ ဗွီဒီယိုများဟာ အကောင့်ထဲမှာ ၇ ရက်အထိ ထားပေးသွားမှာ ဖြစ်ပါတယ်။ ဒီကားများကို တစ်ခါကြည့်ပြီးတာနဲ့ ၂ ရက် (၄၈ နာရီ) ကြာရင် အလိုလို ပျက်သွားမှာ ဖြစ်ပါတယ်။


iflix မှာ လစဉ်ကြေးပေးဖို့ ဆိုရင် Credit / Debit card များအပြင် အွန်လိုင်းငွေကြေး ဝန်ဆောင်မှုများကနေ ပေးလို့ ရပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ iflix အကောင့်လုပ်ပြီးတာနဲ့ သူ့ ရဲ့ https://www.iflix.com/frequentlyasked.html#qHiFWvi3GDHHFSAj.97 လင့်ခ်ကနေ ဝင်ကြည့်နိုင်တော့မှာပါ။
Credit: duwun.com.mm