အင်္ဂါဂြိုလ်မှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ကြောင်း သိပ္ပံပညာရှင်များ သက်သေပြ


အင်္ဂါဂြိုလ်ကို လေ့လာနေကြတဲ့ NASA မှ သိပ္ပံပညာရှင်ဟာ ဒီဂြိုလ်ပေါ်မှာ လူများ နေထိုင်နိုင်မယ့် အရေးပါတဲ့ စမ်းသပ်ချက်တစ်ခုကို စမ်းသပ်လိုက်ပါတယ်။ ဒီစမ်းသပ်ချက်အရ အင်္ဂါဂြိုလ်ဟာ ကမ္ဘာပေါ်မှာလိုပဲ အာလူးများအပါအဝင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်တယ်လို့ တွေ့ ရှိခဲ့တာ ဖြစ်ပါတယ်။


မတ်ဒေမွန်သရုပ်ဆောင်ထားတဲ့ ဟောလီးဝုဒ်နာမည်ကျော် သိပ္ပံစိတ်ကူးယဉ် ဇာတ်ကား တစ်ကားဖြစ်တဲ့ The Martian ကို ကြည့်ဖူးသူများ မှတ်မိနေကြမယ့် ဇာတ်ဝင်ခန်းတစ်ခန်း ရှိပါတယ်။ ဒီဇာတ်ကားထဲမှာ အင်္ဂါဂြိုလ်ကို စူးစမ်းလေ့လာရင်း အသက်ပျောက်သွားတယ်လို့ ယူဆပြီး ချန်ထားပစ်ခံရတဲ့ မတ်ဒေမွန်ဟာ အင်္ဂါဂြိုလ်ပေါ် အာလူးစိုက်ပျိုးစမ်းသပ်ရာမှာ အောင်မြင်ခဲ့ပါတယ်။ တကယ့်တကယ်မှာတော့ အင်္ဂါဂြိုလ်ပေါ်မှာ အခုထိ လူတွေ မဆင်းသက်နိုင်သေးပါဘူး။ ဒီဇာတ်ကားပေါ်ပြီး နှစ်နှစ်ခန့် အကြာမှာ NASA မှ သိပ္ပံပညာရှင်များဟာ စက်ရုပ်များ ၊ ဂြိုလ်လေ့လာရေးယာဉ်များ သုံးပြီး အင်္ဂါဂြိုလ်လို့ ခေါ်တဲ့ ဂြိုလ်နီပေါ်မှာ ဟင်းသီးဟင်းရွက်များ စမ်းသပ် စိုက်ပျိုးကြည့်ခဲ့ပါတယ်။ ဒီစမ်းသပ်ချက်အရ အင်္ဂါဂြိုလ်ပေါ်မှာ သီးပင်စားပင် စိုက်နိုင်တယ်ဆိုတဲ့ အဖြေကို ရရှိခဲ့တာကြောင့် အာကာသမှာ လူနေမယ့် အစီအစဉ်ဟာ အလားအလာကောင်းလာပါတယ်။


အင်္ဂါဂြိုလ်ပေါ်မှာ အာလူးစမ်းသပ်စိုက်ပျိုးမယ့် အစီအစဉ်ကို ပီရူးနိုင်ငံ လီမာမြို့ မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ အာလူးဌာနမှ အင်္ဂါဂြိုလ်မြေဆီလွှာမှာ ကမ္ဘာပေါ်က သီးနှံတွေ စိုက်လို့ ရမရဆိုတာကို တစ်နှစ်ကြာ စမ်းသပ်လာတာ ဖြစ်ပါတယ်။ ဒီလိုစမ်းသပ်ဖို့ အတွက် အင်္ဂါဂြိုလ်ပေါ်မှ ရာသီဥတုများကို လေ့လာခဲ့သလို ၊ လေထုဖိအား ၊ အောက်ဆီဂျင် လယ်ဗယ် နဲ့ နေ့ ည အပြောင်းအလဲ အပူချိန်ကွာခြားချက်များလည်း ထည့်သွင်း ဒီဇိုင်းချစိုက်ပျိုးထားခဲ့တာ ဖြစ်ပါတယ်။



သုတေသနရလဒ်အရ အာလူးများဟာ အင်္ဂါဂြိုလ်ပေးမှာ အညှောင့်ပေါက်နိုင်သလို အဆင်ပြေပြေ ရှင်သန်ကြီးထွားနိုင်တယ်လို့ တွေ့ လာရပါတယ်။ ပီရူးမှ အာလူးဌာနဟာ ဒီစမ်းသပ်ချက်ကို Live ကင်မရာနဲ့ တိုက်ရိုက်တင်ဆက်ခဲ့ပြီး တင်ပြခဲ့ပါတယ်။ စမ်းသပ်ချက်ဟာ အင်္ဂါဂြိုလ်ဟာ အနာဂါတ်လူနေအိမ်ဖြစ်လာမလားဆိုတဲ့ သံသယများအတွက် ခိုင်မာတဲ့ အဖြေတစ်ကွက်ဖြစ်လာခဲ့ပါတယ်။ သို့ သော်လည်း အင်္ဂါဂြိုလ်ကို ကမ္ဘာလို ပြောင်းလဲဖို့ တော့ နောက်ရာစုမှ မြင်ရဖို့ ရှိနေပါတယ်။
Credit:duwun.com.mm