ကိုယ်ကြိုက်တဲ့အသင်းရဲ့ ဘောလုံးပွဲစဉ်များကို ဖုန်း calendar ထဲ ဘယ်လို ထည့်ထားမလဲ


Android ဖုန်းတွေမှာ TTS (Text to speech) ဆိုတဲ့ input စနစ် ပါဝင်ပါတယ်။ ဖုန်းရဲ့ကီးဘုတ်စနစ်ကနေ ရိုက်ထည့်လိုက်တဲ့ စာသားတွေကို ဖုန်းကနေ အသံထွက်ဖတ်ပေးမှာ ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုပြီး မိခင်ဘာသာစကား မဟုတ်တဲ့ အခြားသော ဘာသာစကား တွေကိုလည်း အသံထွက် ဖတ်ခိုင်းနိုင်မှာလည်း ဖြစ်ပါတယ်။ အသံထွက်ဖတ်တဲ့ အနှေး-အမြန်ကိုလည်း လိုသလိုချိန်ညှိ နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ဘာသာစကား လေ့လာသူတွေ အနေနဲ့လည်း ဒီစနစ်ကို အသုံးပြုပြီး မိမိလေ့လာနေတဲ့ ဘာသာစကားအတွက် နားထောင်မှု စွမ်းရည်ပိုင်းကို လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။
ဒီစနစ်ကို အသုံးပြုဖို့ အတွက်ကတော့ ဖုန်းမှာ အင်တာနာစနစ် ဖွင့်ထားပေးရမှာ ဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက်ကို အသုံးပြုနိုင်သလို WiFi စနစ်ကို အသုံးပြုပြီးလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ခုအသံထွက်ရဲ့ အနှေးအမြန်ကို ဘယ်လိုမျိုး ချိန်ညှိလဲဆိုတာကို ဦးစွာဖော်ပြ ပေးမှာဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းရဲ့ Settings ထဲကို သွားဖို့အတွက် Settings icon ကို နှိပ်ပါ။
ပြီးရင်တော့ Settings ထဲက Language & input ဆိုတဲ့စာ သားကိုရှာပြီး နှိပ်ပါ။
Language & input ဆိုတဲ့ စနစ်ထဲကို ရောက်သွားရင်တော့ SPEECH ဆိုတဲ့အပိုင်းမှာ Text-to-speech output ဆိုတဲ့စာ သားကို ရှာနှိပ်ပေးပါ။
Text-to-speech output စနစ်ထဲကိုရောက်သွားရင်တော့ GENERAL ဆိုတဲ့အပိုင်းမှာ Speech rate ဆိုတာကိုတွေ့မှာပါ။ အဲဒီစာသားကို နှိပ်လိုက်ပါ။
Speech rate စာသားကို နှိပ်လိုက်ရင်တော့ ဘောက်တစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ မိမိ ထားရှိချင်တဲ့ အနှေး-အမြန်နှုန်း ကို သတ်မှတ်ပေးပါ။ ပုံမှန်နှုန်းဆို ရင်တော့ Normal ကို ရွေးပေးပါ။
ဒါဆိုရင်တော့ စကားပြောတဲ့ အသံအနှေး-အမြန်နှုန်းကို သတ် မှတ်ပေးပြီးပြီပဲဖြစ်ပါတယ်။ ပြီးရင်တော့ မိမိနားထောင် ချင်တဲ့ ဘာသာစကားကို ရွေးချယ်ပေးဖို့ အတွက် Text-to-speech output စနစ်ကို ဖုန်းကနေ Back ခလုတ်နှိပ်ပြီး ပြန်သွားလိုက်ပါ။ Text-to-speech output စနစ်ရဲ့ PREFERRED ENGINE စနစ်အပိုင်းက Google Text-tospeech engine ဆိုတဲ့စာသား ဘေးနားက Settings icon ကို တစ်ချက်နှိပ်ပေးပါ။ (တချို့ဖုန်း တွေမှာတော့ Settings icon အစား ( ? ) ဒါမှမဟုတ် ( > ) စတဲ့ပုံစံများဖြင့် ရှိနိုင်ပါတယ်။)
ပြီးရင်တော့ Language ဆို တဲ့စာသားကို တစ်ချက်နှိပ်ပါ။
Language စနစ်ကိုရောက် သွားမှာဖြစ်ပြီး မိမိလေ့လာချင်တဲ့ ဘာသာစကားကို ရွေးချယ်ပေး လိုက်ပါ။
ဘာသာစကား ရွေးချယ်ပြီးရင် တော့ Back ခလုတ်တစ်ချက်နှိပ် ပြီး ပြန်ထွက်လိုက်ပါ။ ပြီးရင်တော့ မိမိရွေးချယ်လိုက်တဲ့ဘာသာစ ကားရဲ့ Listen to an example ကို နှိပ်ကာ အသံထွက်အမြန်နှုန်းကို စမ်းသပ်နားထောင် ကြည့်နိုင်မှာ ဖြစ်ပါတယ်။
Credit: internetjournal.media