ဖုန်းထဲမှာ မရှိမဖြစ် ထည့်ထားသင့်တဲ့ Camera App (၇) မျိုး


ကိုယ့်ရဲ့ ဖုန်းဟာ အမြင့်ပိုင်း စမတ်ဖုန်း အမျိုးအစား မဟုတ်ဘဲ တော်သင့်ရုံ အနေအထားလောက် အဆင့်ရှိတဲ့ ဖုန်းတစ်လုံး ဖြစ်နေမယ်ဆိုရင် ပါဝင်တဲ့ Function တွေမှာ အခြားအမြင့်ပိုင်း ဖုန်းတွေလောက် ပြီးပြည့်စုံနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချို့နေရာတွေမှာ ပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ မပေးနိုင်တာကြောင့် Third party application တွေ ထည့်သွင်းပြီး အကူအညီ ထပ်မံရယူ ကြရပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာကတော့ ကင်မရာ ရိုက်ကူးတဲ့အခါမှာ အမြင့်ပိုင်း ဖုန်းတွေလောက် camera စနစ် အစုံအလင် မပါဝင်ရင် ဘယ်လိုမျိုး App တွေ ထည့်သွင်းပြီး ရိုက်ကူးသင့်တယ် ဆိုတာကို သိရအောင် ဖော်ပြပေးလိုက်ပါတယ်။ အခုဖော်ပြ ပေးလိုက်တဲ့ App တွေဟာ ဖုန်းနဲ့ ကင်မရာ ရိုက်တဲ့သူတွေ အသုံးတည့်နိုင်လောက်မယ့် Camera app (၇) မျိုးကိုရွေးချယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။
၁။ Manual App
Manual App ဟာ iPhone ကင်မရာ သုံးစွဲသူတွေအတွက် ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ ထပ်ပေါင်းထည့် ပေးနိုင်မယ့် App တစ်ခုပဲဖြစ်ပါတယ်။ သူက DSLR တွေမှာပါဝင်တဲ့ Function တွေကို မိုဘိုင်းဖုန်းပေါ်မှာသုံးနိုင်အောင် ဖန်တီးပေးထားပါတယ်။ Shutter Speed, ISO, White balance, Focus နဲ့ Exposure တွေကို လိုသလိုချိန်ညှိ ရိုက်ကူးနိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ ဓာတ်ပုံရိုက်ကူးတဲ့ အချိန်မှာ တစ်ပြိုင်တည်း Viewfinder မှာ ကိုယ်ချိန်ညှိတဲ့ အကြောင်းအရာတွေရဲ့ Effect တွေပြောင်းလဲ သွားတာကို မြင်တွေ့နေမှာ ဖြစ်ပါတယ်။ ဒါအပြင် App ကို သုံးစွဲရတာလည်း အသုံးပြုသူ တစ်ယောက်အတွက် လွယ်ကူအောင် ဖန်တီးပေးထားပါတယ်။
Black ဒါမှမဟုတ် White ဆိုတဲ့ Themes နှစ်မျိုးကို ရွေးချယ်သုံးစွဲနိုင်သလို EXIF viewer လည်း ပါဝင်ပါတယ်။ ဓာတ်ပုံပညာမှာ အထိကကျတဲ့ Rule of third ကို ချိန်ရိုက်နိုင်ဖို့ Grid line တွေလည်း ထည့်သွင်းနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ စိတ်ကူးထဲမှာ ပေါ်ပေါက်လာတဲ့ အရာတွေကို သီအိုရီအရ ရိုက်ကူးနိုင်ဖို့အကောင်းဆုံး အထောက်အပံ့တွေ ကောင်းကောင်းပေးနိုင်မယ့် App တစ်ခုပဲဖြစ်ပါတယ်။ App က ရှင်းရှင်းလင်းလင်းနဲ့ သုံးစွဲရလွယ်ကူတာကိုလည်း တွေ့ရပါတယ်။ iOS အတွက်ပဲ သုံးစွဲနိုင်ပြီး အခကြေးငွေပေးရတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။
၂။ Camera FV-5
ဒီ Camera FV-5 App ကတော့ Android user တွေအတွက် သီးသန့်ထုတ်ထားတဲ့ Camera Application ဖြစ်ပါတယ်။ Manual mode နဲ့ ရိုက်ကူးဖို့အတွက် တော်တော်တန်တန် ကောင်းမွန်တဲ့ Android Application တွေထဲမှာ ရှားပါး App တစ်ခုပဲ ဖြစ်ပါတယ်။ App မှာပါဝင်တဲ့ Function တွေက ကိုယ့်ရဲ့ Android ဖုန်းရဲ့ ကင်မရာရဲ့ လုပ်ဆောင်ချက်တွေကို ထပ်ပေါင်း ထည့်ပေးနိုင်ဖို့ Shutter Speed, ISO, White balance, Focus နဲ့ Exposure function တွေ အခြားအခြားသော လိုအပ်မယ့် Function တွေစုံလင်စွာ ပါဝင်တာကိုတွေ့ ရပါတယ်။  
Camera FV-5 ထဲမှာ ပါဝင်တဲ့ Shutter ခလုတ်ကို မနိုပ်ခင်မှာပဲ အမျိုးမျိုးသော စနစ်တွေကို ကိုင်တွယ်လုပ်ဆောင်ရတာ လွယ်ကူရှင်းလင်း စေတာကို တွေ့ရပါတယ်။ Rule of third ရိုက်ကူးနိုင်ဖို့အတွက် Grid line တွေ ထည့်သွင်းနိုင်သလို လိုအပ်တဲ့ နေရာလေးပဲ ဖြတ်တောက်ရိုက်ကူးနိုင်ဖို့ View finder screen ပေါ်မှာ nine crap guide ပါဝင်ပါတယ်။ ရိုက်ထားသမျှ ဓာတ်ပုံတွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့ EXIF viewer လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာပေါ်မှာ ဓာတ်ပုံ Edit ကောင်းကောင်း လုပ်နိုင်အောင် Raw file ကိုလည်း Export လုပ်နိုင်ပါသေးတယ်။  အခမဲ့ ရနိုင်တဲ့ App တစ်ခုတော့ မဟုတ်ပေမယ့် ဝယ်သုံးရင် တန်တာကို တွေ့ရပါလိမ့်မယ်။
၃။ Focus
Focus App ရဲ့ အဓိက လုပ်ဆောင်ချက်က ပုံရိပ်ကိုပြတ်သားအောင် အလေးပေး လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ Viewfinder ပေါ်မှာ ပေါ်လာတဲ့ ပုံရိပ်ကို အပြတ်သားဆုံး ဖမ်းယူရရှိနိုင်အောင် လုပ်ဆောင်ပေးမယ် App တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ထပ် ပါဝင်တဲ့ အရည်အသွေး တစ်ချို့ကတော့ အရောင်အသွေးမျိုးစုံနဲ့ ရိုက်ကူးနိုင်ခြင်းနဲ့ Bokeh effect လိုမျိုး background ကို ဝါးသွားအောင် ဖန်တီးပေးနိုင်မယ့် စနစ်တွေ ပါဝင်ပါတယ်။ ရိုက်ကူးပြီးတဲ့ ဓာတ်ပုံတွေကို Edit လုပ်ဖို့ ပြန်ထုတ်ပေးတဲ့အခါမှာ High resolution စနစ်တွေနဲ့ ပြန်ထုတ်ပေးနိုင်တဲ့ TIFF ဖိုင်စနစ်တွေကိုလည်း အထောက်အပံ့ ပေးထားပါတယ်။
ဒီ App ထဲမှာပါဝင်တဲ့ အခြားအသုံးဝင်တဲ့ Function တွေကတော့ ဓာတ်ပုံရိုက်တဲ့အခါ Flash ထပ်ဖြည့်နိုင်တာ၊ Shutter Speed ကိုချိန်ညှိပေးနိုင်တာ၊ White balance, Exposure ကို ချိန်ညှိနိုင်တာတွေနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ တစ်ချိန်တည်းမှာပဲ အလင်းရောင် အနေအထားကိုလည်း ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ Apple watch နဲ့လည်း remote လုပ်ပြီး ရိုက်ကူးနိုင်ပါတယ်။
၎။ Camera 360
Camera 360 ကတော့ သုံးစွဲသူတွေ သိပြီးသား နာမည်ကြီးတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ ရိုက်ကူးတဲ့ အချိန်မှာ Filter တွေ အများအပြား ထပ်ပေါင်းထည့်ပြီး ရိုက်ကူးနိုင်သလို Instagram ကိုလည်း တပြိုင်တည်း တင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ funny sticker ပေါင်းများစွာ ပါဝင်ပြီး Crap လုပ်ရိုက်ကူးကာ လူမှုကွန်ရက်ပေါ်ကိုလည်း တင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ဓာတ်ပုံ မရိုက်ကူးခင်မှာပဲ ရိုက်ကူးနိုင်မယ့် ပုံစံတွေကို တစ်ပြိုင်တည်း ကြည့်နိုင်မယ့်Preview function တွေပါဝင်ပါတယ်။
၅။ Camera+
Camera+ ထွက်တာ နှစ်အတော်အတန် ကြာခဲ့ပြီဆိုပေမယ့် iOS ကင်မရာ App တွေထဲမှာတော့ အကောင်းဆုံး ဖြစ်နေသေးတာ အခုအချိန်အထိပါပဲ။ Professional ဓာတ်ပုံတွေကို ရိုက်ကူးနိုင်လောက်တဲ့ အဆင့်ထိ ဖြစ်အောင် စနစ်တွေ ထည့်ပေးထားတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ပုံစံဒီဇိုင်းကလည်း Apple ကထုတ်တဲ့ ထုတ်ကုန်တွေလို ရိုးရှင်းပြီး သုံးရလွယ်တဲ့ interface မျိုးဖြစ်အောင် ဖန်တီးပေးထားပါတယ်။
App မှာပါဝင်တဲ့ များပြားလှတဲ့ Function တွေထဲက အသုံးများမယ့် Function တွေကတော့ Filter တွေထည့် ရိုက်တာ HDR စနစ် ထပ်ပေါင်းထည့်ခြင်း၊  Focus ချိန်ညှိခြင်း၊ exposure control နဲ့ ရိုက်နေတဲ့ အချိန်မှာ ချိန်ညှိနိုင်တဲ့စနစ်၊ အလင်းရောင် ပိုပေးနိုင်ခြင်း နဲ့ ရိုက်ပြီးတဲ့ အချိန်မှာ ချက်ချင်းပဲ ပြန်ကြည့်နိုင်မယ့် Viewer စနစ်တွေ ပါဝင်တာကို တွေ့ရပါတယ်။ အခုလို manual စနစ်တွေသုံးပြီး ရိုက်ကူးလိုက်တဲ့ အချိန်မှာ ထွက်လာတဲ့ ဓာတ်ပုံတွေဟာ ရိုးရိုးတန်းတန်း ရိုက်လိုက်တဲ့ ပုံထွက်အများကြီး ကွာခြားသွားအောင် Camera+ က ဖန်တီးပေးနိုင်ပါတယ်။
၆။ Proshot
Rule of third အတွက် Grid line တွေပါဝင်မယ်။ ဓာတ်ပုံရဲ့အချိုးအစားတွေ ပြုပြင်နိုင်မယ်။ RAW ဖိုင်တွေ ထုတ်နိုင်မယ်။ White balance ချိန်ညှိနိုင်မယ်။ Exposure ကိုလိုသလို ချိန်ညှိနိုင်မယ်။ Shutter speed setting တွေ ပါဝင်နေမယ် ဆိုရင်တော့ အဲဒီ App ကလည်း နာမည်ကြီး Proapp ပဲဖြစ်ပါတယ်။ App ထဲမှာပါဝင်တဲ့ စနစ်တွေ လုပ်ဆောင်ချက်တွေဟာ ဓာတ်ပုံရိုက်ဖို့ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့အတိုင်း ဖန်တီးနိုင်ဖို့ Function များအပြား ထည့်ပေးထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံ Theory တွေအတိုင်ဖန်တီး ရိုက်ကူးနိုင်အောင် အကူအညီ ကောင်းကောင်းပေးနိုင်ပါတယ်။
Screen ပေါ်မှာတင် တစ်ချိန်တည်း ချိန်ညှိမှုတွေ ပြုလုပ်နိုင်အောင် live histogram ကို အထောက်အပံ့ ပေးထားပြီး ဓာတ်ပုံရိုက်ကူးမယ့် အချိန်မှာဖြစ်နေတဲ့ မှောင်နေခြင်း၊ လှုပ်ရှားနေတဲ့ ပုံရိပ်စတာတွေကို ရိုက်ကူးနိုင်ဖို့ Funtion တစ်ခုလည်း ထည့်ပေးထားပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို EXIF Data အနေနဲ့ သိမ်းဆည်းနိုင်ပြီး မိုဘိုင်းဖုန်းတွေထဲမှာ ထည့်သွင်းထားသင့်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ IOS, Andriod, Windows OS ကဲ့သို့သော Platform အစုံမှာ ထည့်လို့ရတဲ့ တစ်ခုတည်းသော App ဖြစ်လို့ပါပဲ။
၇။ Instagram
Instagram ကတော့ ထွေထွေထူးထူး  မိတ်ဆက်ပေးစရာ မလိုတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ Social media နဲ့ Camea app ကိုပေါင်းစပ် ပေးထားတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်မယ်ပြီးရင် Filter တွေထည့်ပြီး edit လုပ်မယ်။ Filter တွေကိုလည်း အများအပြား ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် စတေကာတွေလည်း ဓာတ်ပုံပေါ်မှာ ထည့်ရိုက်နိုင်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ရိုက်ကူးထားသမျှ ဓာတ်ပုံတွေကို instagram ပေါ်မှာပဲ သူငယ်ချင်းတွေကို ဝေမျှနိုင်သလို Facebook ကိုလည်း တစ်ပြိုင်တည်း တင်နိုင်ပါတယ်။ အခြား manual app တွေကို လုပ်ဆောင်ချက်များများ မပါပေမယ့် iOS နဲ့ Android မှာပါ သုံးနိုင်တဲ့ App ပဲဖြစ်ပါတယ်။
Credit: internetjournal.media