ဖေ့စ်ဘွတ်ခ်သုံးရင် သိထားရမယ့် ကျင့်ဝတ်များ (Facebook Etiquette)

ပို့စ် (Post) တစ်ခုရဲ့ အတိမ်အနက်ကို သိထားသင့်ပါတယ်


ကွန်မန့် (Comment) ပေးတဲ့အခါ တစ်ယောက်ယောက်က ရေးထားလို့ ပြန်ဖြေတာ၊ ကိုယ့်ကို မေးထားတဲ့ မေးခွန်း ဖြစ်နေမှသာ ပြန်ဖြေသင့်ပါတယ်။ ပို့စ် (Post) တိုင်းမှာ ကွန်မင့် (Comment) လိုက်ပေးနေတာ အကျိုးမရှိတဲ့ အလုပ်ဖြစ်တာမို့ မလုပ်သင့်ပါဘူး။ ကိုယ့် ရေးတဲ့ ပို့စ် (Post) နဲ့ ကွန်မင့် (Comment) တွေရဲ့ အသံအနိမ့်အမြင့် အနေအထားကို သတိထား ရွေးချယ်ပါ။ ရိုင်းပျတာ၊ ဆဲရေးတိုင်းထွာတာ၊ နားလည်မှုလွဲတတ်တာမျိုးတွေ ဖြစ်နိုင်တာမို့ ဆင်ဆင်ခြင်ခြင်ရေးပါ။

ပုဂ္ဂိုလ်ရေး (Personal) ကိစ္စတွေကို မတ်ဆင်ဂျာ (Messenger) ကနေသာ ပြောသင့်ပါတယ်။ သူများ ဝေါလ် (Wall) ပေါ်မှာ သွားရေးတာ၊ တက်ခ် (Tag) လုပ်ပြီး မတင်သင့်ပါဘူး။ တွေ့သမျှ မိမိ စိတ်ဝင်စားတိုင်း ရှယ် (Share) လုပ်လို့လည်း မသင့်တော်ပါဘူး။ ကိုယ် တင်လိုက်တဲ့ ပို့စ် (Post) တစ်ခုရဲ့ အတိမ်အနက်နဲ့ ဘယ်လောက်အထိ ရောက်သွားနိုင်သလဲကို အမြဲ သတိထားပါ။



သူစိမ်းတွေကို မိတ်ဆွေကြည့်ဖွဲ့ (Friend Request) ပါ။ ကိုယ့်ရဲ့ ဖရန့် (Friend) အရေအတွက်များတာကို ဂုဏ်ယူစရာ အဆင့်အတန်းတစ်ခုလို့ ယူဆသူတွေ ရှိတယ်။ ဒါပေမဲ့ အဲလို မိတ်ဆွေအပေါင်းအသင်းတကယ်မများဘဲနဲ့ တကယမခင်ဘဲနဲ့ ကြွားချင်လို့သက်သက်ကြီးတော့ မိတ်ဆွေများအောင် လျှောက် အပ် (Add) လုပ်တာကတော့ မသင့်တော်ပါဘူး။ ထည့်ပြီးမှ ဖြုတ်နေရတာ မကောင်းပါဘူး။ လုပ်သင့်ရင်လည်း ရဲရဲသာ လုပ်လိုက်ပါ။



လွတ်လပ်တဲ့ အင်တာနက်ခေတ် မှာ လူတိုင်းလွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့် ဖေ့စ်ဘွတ် ဆိုတာ အသွားနှစ်ဖက်ပါတဲ့ ဓါးလိုပဲ။ ဖရန့် အချင်းချင်းကြား ပိုပြီးရင်းနှီးမှုရစေနိုင်သလို၊ သင့်အကြောင်း မလိုအပ်တာတွေကိုပါ သူစိမ်းတွေ သိသွားစေနိုင်တယ်။



ဒီ ကျင့်ဝတ်တွေကို လိုက်နာမယ်၊ မလိုက်နာဘူးဆိုတာထက် ကိုယ်လက်ခံ၊ လက်မခံတာ ကိုယ်ပိုင်သဘောသာ ဖြစ်ပါတယ်။ ရယ်မောစရာတွေ တင်မယ်ဆိုရင် ဖတ်ရသူတွေလည်း စိတ်ချမ်းသာမယ်။ ပြုံးရယ်သွားစေနိုင်တယ်။ ဒီလိုပဲ အားနေယားနေ ရှိသမျှ ပို့စ်အောက်ဝင်၊ ကွန်မန့်တွေ လျှောက်ပေး (အပြုသဘောဆောင်တဲ့ အကြံပေးတာမျိုးတွေကို မဆိုလိုပါဘူး) နေရင်တော့ စိတ်သောကရောက်စရာတွေ များစေမှာပေါ့။



ထိန်းချုပ်မှု များလွန်းရင်လည်း ဆန်းသစ်တီထွင်မှု (Creativity) ပိုင်းမှာ အားနည်းစေမယ်။ တုံပြန်မှုမှာ မြန်ဆန်မှုမရှိတော့ဘဲ အလုပ်လုပ်တာမှာ နှေးကွေးစေနိုင်တယ်။ အများသူငါတွေနဲ့ ကိုယ် ဆက်စပ်နေတာကို မပြတ် သိထားပါ။ ကိုယ်ပိုင် သီးသန့်ရှိမှုကိုတော့ အထိပါးမခံပါနဲ့။ ဖေ့စ်ဘွတ် သုံးရတာ ပျော်စရာဖြစ်ပါစေ။ အကျိုးရှိတာ ဖြစ်ပါစေ ဆိုတဲ့ စိတ်လေးထားပြီး သုံးကြမယ်ဆိုရင် ဖေ့စ်ဘွတ်ခ် သုံးလို့ စိတ်ဓာတ်ကျစရာတွေလည်း မဖြစ်တော့ဘူးပေါ့။ အားလုံးအတွက် ကိုယ့်အကောင့် (Account) ကိုယ့်ဝေါလ် (Wall) ကနေ စပြီး ဆင်ခြင်ကြည့်ကြရအောင်။

Spurce : hongkiat
Credit: duwun.com.mm