ယခုနှစ်ရာသီ မေဂျာလိဂ်ဘောလုံး ပွဲစဉ်များကို Facebook ထုတ်လွှင့်ပြသမည်



အမေရိကန်ဘောလုံး ပရိသတ်များအနေနဲ့ Kaka, Clint Dempsey နဲ့ David Villa တို့ရဲ့ ကန်ချက်တွေကို Facebook ပေါ်ကနေ တိုက်ရိုက် ကြည့်ရှုနိုင်တော့မယ်လို့ သိရပါတယ်။

Facebook အနေနဲ့ Univision နဲ့ ပူးပေါင်းပြီး ယခုနှစ်ရာသီ မေဂျာလိဂ်ဘောလုံးပွဲစဉ် အနည်းဆုံး ၂၂ ပွဲကို ထုတ်လွှင့်ပြသသွားဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီပွဲစဉ်တွေကို Univision Deportes ရဲ့ Facebook စာမျက်နှာကနေ အင်္ဂလိပ်ဘာသာနဲ့ ပြသသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးပြသမယ့် ပွဲစဉ်က မတ်လ ၁၈ ရက်မှာကစားမယ့် Chicago Fire နဲ့ Atlanda United တို့ရဲ့ ပွဲစဉ်ဖြစ်ပါတယ်။

Facebook နဲ့ Univision တို့ဟာ နာမည်ကျော် မက္ကဆီကန်ဘောလုံးလိဂ်ဖြစ်တဲ့ Liga MX ပွဲစဉ် ၄၆ ပွဲကို ထုတ်လွှင့်ပြသဖို့အတွက်လည်း သဘောတူညီမှု ရရှိထားပါတယ်။

အခုလို Facebook, Univision နဲ့ မေဂျာလိဂ်တို့ ပူးပေါင်းဆောင်ရွက်ရတဲ့ အဓိကရည်ရွယ်ချက်က ပရိသတ်တွေအနေနဲ့ ဘောလုံးပွဲတွေကို မိုဘိုင်းထုတ်ကုန်တွေကတစ်ဆင့် ကြည့်ရှုနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဘောလုံးပွဲကို ကွင်းထဲမှာလာပြီးမကြည့်နိုင်ရင်တောင်မှ Facebook ပေါ်မှာ ပရိသတ်တွေနဲ့ အပြန်အလှန် ဆက်သွယ်ရင်း မြင်ကွင်းကောင်းကောင်းနဲ့ ကြည့်ရှုနိုင်ပါလိမ့်မယ်” လို့ Facebook ရဲ့ global sports partnership အကြီးအကဲဖြစ်သူ Dan Reed က ပြောကြားခဲ့ပါတယ်။

Facebook ဟာ မေဂျာလိဂ်ဘောလုံးပွဲတွေအပြင် မေဂျာလိဂ်ဘေ့စ်ဘော ပွဲစဉ်တွေကိုလည်း တစ်ပတ်တစ်ပွဲ ထုတ်လွှင့်ပြသနိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Ref: CNET
Credit: internetjournal.media