စောင့်ကြည့်ရေးအတွက် Facebook မှ အချက်အလက်များ အသုံးပြုသည့် ကုမ္ပဏီများကို ပိတ်ပင်တားမြစ်သွားမည်

ကမ္ဘာအရပ်ရပ်မှ ကုန်အမှတ်တံဆိပ်များ ၊ မီဒီယာကုမ္ပဏီများနဲ့ အဖွဲ့ အစည်းများဟာ Facebook မှ အချက်အလက်များကို နည်းအမျိုးမျိုးနဲ့ အသုံးချနေကြပါတယ်။ သို့ သော်လည်း Facebook ဟာ ကုမ္ပဏီမှ တင်ထားသမျှ သတင်းအချက်များကို စောင့်ကြည့်ရေးရည်ရွယ်ချက်နဲ့ သုံးသွားမယ့် Developers များနဲ့ ကုမ္ပဏီများကို ပိတ်ပင်တားမြစ်သွားတော့မှာပါ။

Facbook နဲ့ Instagram မှ အသစ်ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းသစ်အရ သုံးစွဲသူများကို နောက်ယောင်ခံပြီး စောင့်ကြည့်သွားဖို့ အတွက် tools တွေကို ကုမ္ပဏီဆီမှ အချက်အလက်များသုံးပြီး ဖန်တီးသွားမယ်ဆိုရင် ယင်းdevelopers များကို Facebook ရဲ့ စည်းမျဉ်းသစ်အရ ပိတ်ပင်ဟန့် တားသွားတော့မယ်လို့ ဖော်ပြထားပါတယ်။ အသစ်ထပ်မံထည့်သွင်းလိုက်တဲ့ မူအရ ကုမ္ပဏီများဟာ စောင့်ကြည့်ခြေရာခံဖို့ အတွက် Facebook မှ တင်ထားတဲ့ အချက်အလက်များကို အသုံးမချရတော့ပါဘူး။

ယခုလို ထည့်သွင်းလိုက်ရခြင်းအကြောင်းကတော့ ကုမ္ပဏီအတော်များများဟာ Facebook မှ အချက်အလက်များကို သုံးပြီး သုံးစွဲသူသန်းပေါင်းများစွာကို မလိုလားအပ်တဲ့နည်းတဲ့ ခြေရာခံဖို့  ကြိုးပမ်းနေတာကို မကြာသေးမီက သိရှိလာပြီးနောက် အခုလို စည်းကမ်းချမှတ်လိုက်တာ ဖြစ်ပါတယ်။ Facebook ဟာ လစဉ်သုံးစွဲသူပေါင်း သန်း ၁၈၆၀ ကျော် ရှိနေပြီး Facebook ပိုင် လူမှုကွန်ယက်မီဒီယာများဖြစ်တဲ့ WhatsApp မှာ သန်းတစ်ထောင် ၊ Instagram မှာ သန်း ၆၀၀ နဲ့ Twitter မှာ ၃၁၉ သန်းအထိ လစဉ် ပုံမှန်သုံးစွဲသူများ ရှိထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ အမေရိကန် ပြည်သူ့ လွတ်မြောက်ရေးသမဂ္ဂ ACLU ရဲ့အဆိုအရ Facebook ၊ Instagram နဲ့ Twitter စတဲ့ လူမှုကွန်ယက်များရဲ့ ဒေတာများကို လူမှုကွန်ယက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Geofeedia ကုမ္ပဏီမှ အုတ်ခ်လန်း ၊ ဒန်ဗားနဲ့ ဆီယက်တဲလ်မြို့ များမှ လူနည်းစုလူမျိုးများကို ပစ်မှတ်ထား စောင့်ကြည့်ဖို့ သုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

Facebook ဟာ ACLU အပါအဝင် Color of Change နဲ့ Center for Media Justice စတဲ့ လူမှုအဖွဲ့ အစည်းများနဲ့ ပူးပေါင်းပြီး ယခုလို privacy မူဝါဒများကို ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Credit: duwun.com.mm