ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေရှိသူများကို အသက်ကယ်သွားနိုင်မည့်နည်းပညာတစ်ရပ် Facebook ဖြန့် ချိ

လက်တလောမှာ အမေရိကန်ပြည်ထောင်စုမှာပဲ စမ်းသပ်ဖြန့် ချိထားပါတယ်။
Facebook ဟာ ထူးခြားတဲ့ features တစ်မျိုးကို ဖြန့် ချိထားပါတယ်။ ဒီ feature မှာ ကိုယ့်ကိုယ်ကို သတ်သေမယ့် လက္ခဏာပြသတဲ့ Facebook သုံးသူများကို Facebook Team မှ သိအောင် ကင်းထောက်နိုင်မယ့် ဥာဏ်ရည်တု AI ကိရိယာသစ် တစ်မျိုးကို မိတ်ဆက်ထည့်သွင်းလိုက်ပါတယ်။


ရှုပ်ထွေးနက်နဲတဲ့ ဒီစနစ်ဟာ Facebook သုံးသူတစ်ယောက် တင်သမျှ ပို့ စ်အသစ်တွေနဲ့ မှတ်ချက်များကို ခြေရာခံပြီး ဒီလူဟာ စိတ်ဓါတ်ကျနေသလားဆိုတာကို စစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ The Independent ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။Facebook ဟာ အန္တရာယ်အဆင့် သတ်မှတ်နိုင်တဲ့ လက္ခဏာရပ်အသီးသီး သက်ဝင်နေတဲ့ ပို့ စ်များမှတ်ချက်များကို အဆင့်မြင့် algorithmsများ နဲ့ ထောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ဒီ AI tool ဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေရှိတဲ့ လူတစ်ယောက်ကို "Are you okay ?" ဖြစ်စေ "I'm worried about you" စတဲ့ ဝမ်းနည်းနာကျင်ရကြောင်း ပို့ စ်လေးများကို သူ့ ကို စောင့်ကြည့်တဲ့ review team တစ်ခုဆီ ပို့ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ team ကနေ တစ်ဆင့် သူ့ မိတ်ဆွေများက သိရှိသွားမှာ ဖြစ်ပြီး ဒီလူ့ ကို အကူအညီပေးတာ မျိုးတွေ လုပ်ဆောင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ Facebook ဟာ Messenger ကို အခြေပြုပြီး review team မှ တစ်ယောက်ယောက်ကို စကားပြောတာမျိုး အထောက်အကူပြုဝန်ဆောင်မှု အတွက် ဆက်သွယ်ရန် အချက်အလက်အသေးအစိတ်များကို ထုတ်ပေးသွားတာမျိုးလုပ်ပေးသွားမှာပါ။

ဒီနည်းလမ်းကနေ လူအချင်းချင်းကြား သတင်းပေးသစနစ်ကို ဖန်တီးသွားမှာ ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် ကူညီပေးသွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ လက်တလောမှာတော့ ဒီ features သစ်များကို အမေရိကန်မှာပဲ အစမ်းဖြန့် ချိထားပေမယ့် ဒီစနစ်တကယ် ထိရောက်မှုရှိတယ်ဆိုတာကို တွေ့ တာနဲ့ ကမ္ဘာ့နေရာအနှံ့ အပြားအတွက် ဖြန့် ချိပေးသွားမယ်လို့ ဆိုပါတယ်။

AI စနစ်သုံး ဒီ algorithm ဟာ သုံးစွဲသူရဲ့ စိတ်အခြေအနေများဖြစ်တဲ့ စိတ်ဓါတ်ကျခြင်း ၊ ဒေါသထွက်ခြင်း ၊ ဝမ်းနည်းခြင်း စတဲ့ လက္ခဏာ အငွေ့ အသက်များပါတဲ့ status များကို အရင်ဆုံး သုံးသပ် ရှာဖွေနေမှာ ဖြစ်ပြီး ဒီလက္ခဏာတွေ ထင်ရှားနေတဲ့ Facebook users များကို အကာအကွယ်ပေးနိုင်ဖို့ reviewer များကို အသိပေးအကြောင်းကြားသွားမှာ ဖြစ်ပါတယ်။

မကြာသေးမီက Facebook ရဲ့ Live features မှတစ်ဆင့် ကိုယ့်ကိုယ်ကို သတ်သေမှုများစွာကို ထုတ်လွှတ်ခဲ့ကြပြီးနောက် Facebook ဟာ သူ့ ရဲ့ Live feature ကို ပိုမိုဘေးကင်းစိတ်ချ လုံခြုံစေမယ့် နည်းလမ်းသစ်များကို ထုတ်ဖော်လာခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်လခန့် က အသက် ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို သတ်သေသည့် တိုက်ရိုက်ဗွီဒီယိုဖိုင်ကို Facebook Live ကနေတစ်ဆင့် သူမကိုယ်တိုင် လွှင့်တင်ခဲ့ရာမှာ အွန်လိုင်းမှ ကြည့်ရှုသူသန်းပေါင်းများစွာ ရှိခဲ့ပြီးနောက် ဒီဗွီဒီယိုကို လိုင်းပေါ်မှာ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့သူများ ရှိသလို ကောင်မလေးရဲ့ အသက်ကိုလည်း ကယ်တင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ကိတ်လင်း နစ်ကိုး ဒါဗီးစ်ခေါ်တဲ့ ကလေးမလေးဟာ မိသားစုအတွင်း လိင်ပိုင်း အစော်ကားခံခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေတော့မယ့်အကြောင်းကို Facebook Livestreaming app မှတစ်ဆင့် တိုက်ရိုက် Live တင်သွားခဲ့သူ ဖြစ်ပါတယ်။

Facebook ဟာ social media network မှတစ်ဆင့် လူတို့ ၏နေ့ စဉ်ဘဝ လုံခြုံရေးကိုအရေးပေးလာသည့် features သစ်များကို ထည့်ထားလာပါတယ်။ ပြီးခဲ့တဲ့ လကပဲ အရေးပေါ်အခြေအနေများမှာ အစားအသောက်နှင့် နေစရာ ရှာနိုင်မယ့် feature တစ်မျိုးကို မိတ်ဆက်ပေးထားပါတယ်။ အရင်နှစ် နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ဖိုရမ်တစ်ခုမှာ Facebook ဟာ အရေးပေါ်အခြေအနေမျိုးမှာ ကူညီပေးနိုင်မယ့် Community Help feature ကို ဖန်တီးသွားဖို့ စဉ်းစားခဲ့တာပါ။

အဓိကကတော့ ဒီ feature ဟာ ကိုယ့်အဖွဲ့ နဲ့ ကိုယ် ခိုလှုံစရာနဲ့ စားသောက်စရာ ဖန်တီးဖို့ ချိတ်ဆက်နိုင်စေဖို့ လူမှုကွန်ယက်လေးတစ်ခု ဖန်တီးပေးသွားမှာပါ။ ဒီမှာ ပြဿနာတစ်ခုက ယာယီဖွဲ့ ထားတဲ့အဖွဲ့ တွေဟာ တစ်ကွဲတစ်ပြားစီဖြစ်နေပြီး နောက်ထပ် page အမျိုးမျိုးထွက်လာနေတာပါ။ နောက်ပြီး သုံးစွဲသူရဲ့ privacy settings ပေါ်မူတည်ပြီး တောင်းခံထားတဲ့အကူအညီတွေ မရနိုင်တာတွေ ရှိပါတယ်။ Community Help pages ပေါ်က ပို့ စ်အားလုံးဟာ အချင်းချင်း အကူအညီလိုအပ်တဲ့အခါ ဆက်သွယ်မေးမြန်းနိုင်ဖို့ message button နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ သူငယ်ချင်း ဖြစ်စရာမလိုဘဲ Community Help ထဲမှာ သွားပြီး ဆက်သွယ်လို့ ရနိုင်မှာ ဖြစ်လို့ အားလုံးအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။



ယခု AI feature သစ်မှာရော ကိုယ့်ကိုယ်ကို သတ်သေနိုင်သူများကို မည်မျှအထိ အကာအကွယ်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Credit: duwun.com.mm