သတ်မှတ်ချိန်ထက် တစ်ပတ်နောက်ကျပြီးမှ ဈေးကွက်ထဲရောင်းချသွားဖို့ ရှိတဲ့ Galaxy S8

အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

မတ်လ ၂၉ ရက်နေ့ မှာ တရားဝင်ထုတ်ဖော်မိတ်ဆက်သွားမယ့် Galaxy S8 ကို ဧပြီလ ၂၁ ရက်နေ့ မှာ စတင်ရောင်းချသွားမယ်လို့ ကြားသိထားရာကနေ တစ်ပတ်တိတိနောက်ဆုတ်ပြီး ဧပြီလ ၂၈ ရက်နေ့ မှသာ ဖြန့် ချိတော့မယ်လို့ ဆိုပါတယ်။
play

ကနဦး ခန့် မှန်းကြသူများကတော့ အရင့်အရင် Galaxy S5 နဲ့ S6 တို့ လည်း ဒီအချိန်ပဲ ထွက်ခဲ့တာကြောင့် ဧပြီလမှာ ထွက်ရှိမယ်လို့ ခန့် မှန်းထားတာပါ။ Galaxy S7 ကတော့ ပုံမှန်ထွက်ရှိတဲ့ အချိန်ကာလထက် စောပြီး၂၀၁၆ မတ်လထဲမှာ ထွက်ခဲ့ပါတယ်။ သို့ သော်လည်း ယခု Galaxy S8 မှာ အကြောင်းကြောင်းကြောင့် ကြန့် ကြာနေခဲ့ရတာ ဖြစ်လို့ ရွှေ့ ဆိုင်းမှုတွေ ကြုံတွေ့ နေရပါတယ်။ Galaxy S8 ဟာ ထုတ်ကုန်သစ်များကို နှစ်စဉ်ထုတ်ဖော်ပြသနေကျ MWC ပွဲမှာလည်း မပြသနိုင်ခဲ့သလို သတ်မှတ်ထားတဲ့ အချိန်ထက်လည်း တစ်လနီးပါးရွှေ့ ဆိုင်းပြီး နယူးယောခ့်မှာ ကျင်းပမယ့် မတ်လ ၂၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှသာ Galaxy S8 ကို ထုတ်ဖော်ပြသသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ အခုလည်း နာမည်ကျော် သတင်းပေးသူ အီဗန်ဘလတ်စ်ရရှိထားတဲ့ သတင်းများအရ Samsung ဟာ Galaxy S8 စမတ်ဖုန်းများကို ဧပြီလ ၂၈ ရက်နေ့ ရောက်မှသာ ရောင်းချသွားမယ်လို့ ဖော်ပြထားတာ ဖြစ်လို့ Galaxy S8 ကို စောင့်မျှော်နေကြသူ ပရိတ်သတ်များအနေနဲ့ ဆက်လက် စောင့်ဆိုင်းသွားရဦးမှာ ဖြစ်ပါတယ်။
Note 7 မီးလောင်ပေါက်ကွဲမှု ဂယက်ကြောင့် Galaxy S8 အတွက် အရာရာ နောက်ကျနေတာ ဖြစ်လို့ ဈေးကွက်မှာ စိတ်ပူစရာဖြစ်နေပါတယ်။ တောင်ကိုရီးယားမှ Samsung ရဲ့ ပြည်တွင်းပြိုင်ဘက် LG ဟာ လေးရက်အတွင်း သူ့ ရဲ့ G6 စမတ်ဖုန်းအော်ဒါအမှာစာပေါင်း ၄၀၀၀၀ ကျော် ရရှိနေပြီ ဖြစ်ပြီး နောက်မကြာခင်မှာ ဒီထက်မက ကိန်းဂဏန်းများ တက်လာဖို့ ရှိနေပါတယ်။ အီဗန်ဘလတ်စ်ရဲ့ Tweet မှာ Galaxy S8 ဟာ Qualcomm Snapdragon 835 processor / Exynos 8895 SoC chip များကို သုံးထားတယ်လို့ ဖော်ပြထားပါတယ်။

Galaxy S8 စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး ကြားသိသမျှထဲမှာ ဒီဖုန်းဟာ အသစ်ထွက် Qualcomm ရဲ့ processor (Snapdragon 835) နဲ့ နှစ်ဘက်ကွေး display နဲ့ ထွက်လာဖို့ ရှိပြီး ရှေ့/နောက် ကင်မရာများကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်။ S8 ဖုန်းမှာ အရွယ်အစားနှစ်မျိုးနဲ့ ထွက်လာဖို့ ရှိနေပါတယ်။ Galaxy S8 မှာတော့ ၅.၈ လက်မ Quad HD display နဲ့ ၆.၂ လက်မရှိတဲ့ S8 Plus ကတော့ QHD AMOLED display နဲ့ ထွက်လာမယ်လို့ ခန့် မှန်းထားပါတယ။် ဒါတွေအပြင် Galaxy S8 ဟာ physical home button ကို ဖြုတ်သွားမှာ ဖြစ်ပြီး ဖုန်းရဲ့ကျောဘက်နားမှာ လက်ဗွေစကင်နာတစ်ခု တပ်ဆင်သွားဖို့ ရှိပါတယ်။AM 6GB နဲ့ လာတဲ့ ဒီဖုန်းကို အပြာရောင် ၊ အနက်ရောင် ၊ ရွှေရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင်လေးမျိုးနဲ့ ထွက်လာမယ်လို့ သိရပါတယ်။
အီဗန်ဘလတ်စ်ရဲ့ Tweet တစ်ခုမှာ ဖော်ပြထားတဲ့ S8 ပုံမှာ home button ဖြုတ်ထားပြီး ဘောင်အပြည့်မှန်ပြင်ထားရှိထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ ကျောဘက်မှာ လက်ဗွေအာရုံခံစနစ်တစ်ခု တပ်ဆင်ထားတာကို ဖော်ပြထားပါတယ်။ display ဒီဇိုင်းကတော့ အရင်နှစ်တုန်းက ထုတ်ခဲ့တဲ့ Galaxy S7 ရဲ့ ဒီိဇိုင်းမျိုးဖြစ်နေတာကို တွေ့ ရပါတယ်။ ဒီ Tweet မှာ Apple ရဲ့ iPhone 7 နဲ့ 7 Plus လိုမျိုး နားကြပ်ပေါက်ဖြုတ်ထားသလားဆိုတာကိုတော့ မပြောထားပါဘူး။  အီဗန်ဘလတ်စ်ရဲ့ သတင်းထဲမှာ ၆.၂ လက်မ S8 Plus ဟာ 3750 mAh ဘက်ထရီနဲ့   ၅.၇ လက်မ Galaxy S8 ဟာ 3250 mAh ဘက်ထရီများကို သုံးသွားဖို့ ရှိတယ်လို့  ခန့် မှန်းခဲ့ပါတယ်။ အရင်နှစ်က Note 7 မှာ ဖြစ်ခဲ့သလိုမျိုး ဘက်ထရီကြောင့် ပြဿနာမတက်ရအောင် ဘက်ထရီဘေးကင်းမှုကို အဆင့် ၈ ဆင့်နဲ့ စမ်းသပ်စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီတစ်ခါ ဘက်ထရီဆဲလ်များကိုတော့ Samsung SDI ဌာနနဲ့ မကြာသေးမီက ပူးပေါင်းမိတ်ဖက်ပြုခဲ့တဲ့ ဂျပန်ကုမ္ပဏီ Murata Manufacturing တို့ ကနေ ထုတ်သွားမယ်လို့ လည်း သိရပါတယ်။
play

ဖုန်းအနေနဲ့ လူစိတ်ဝင်စားမှု များနေပေမယ့် ဈေးကွက်နဲ့ ပရိသတ်အကြား အချိန်ဟ သွားခြင်းဟာ ပြဿနာ ဖြစ်လာနိုင်ဖို့ ရှိပါတယ်။ နောက်တစ်ချက်က ဈေးနှုန်းအနေနဲ့ ၅.၈ လက်မမော်ဒယ်အတွက် ၈၅၄.၅၀ ဒေါ်လာ (မြန်မာငွေ ၁၁သိန်းခွဲကျော်) နှင့် ၆.၂ လက်မမော်ဒယ်ကိုတော့ ၉၆၁.၇၁ ဒေါ်လာ (မြန်မာငွေ ၁၃ သိန်းခန့် ) နဲ့ ရောင်းချပေးသွားမယ်လို့ သတင်းရရှိပါတယ်။ ဈေးနှုန်းအရ အတော့်ကို ကြီးတယ်လို့ ဆိုရမှာပါ။ အရင် မီးလောင်ပေါက်ကွဲမှုကြောင့် ပြန်သိမ်းသွားတဲ့ Note 7 ဖုန်းကိုင်သူတွေဟာ Samsung ရဲ့ နောက်ထွက် မျက်နှာပြင်အကြီးစား စမတ်ဖုန်းအသစ်ကို စောင့်ဆိုင်းနေကြတာ ဖြစ်လို့ ဒီဈေးနှုန်းကြောင့် စိတ်ပျက်သွားနိုင်ပါတယ်။
Credit: duwun.com.mm