Google ရဲ့ ဆော့ဖ်ဝဲက လူ့အသက်ပေါင်းများစွာကို ကယ်တင်မည်

စမတ်ဖုန်းများဟာ လူသားများကို အဖက်ဖက်က ကူညီပေးနေပါတယ်။ အခုလည်း Google က လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် စမတ်ဖုန်း ဆော့ဖ်ဝဲတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အရေးပေါ် ဖုန်းနံပါတ်များသို့ ခေါ်ဆိုတဲ့အခါမှာ ခေါ်ဆိုသူရဲ့ တည်နေရာကို ခြေရာခံနိုင်မယ့် နည်းပညာ မရှိသေးပါဘူး။ အခုတော့ Google ရဲ့ ဆော့ဖ်ဝဲက အဲဒီ နည်းပညာကို ပံ့ပိုးပေးတော့မှာ ဖြစ်ပါတယ်။
Google ရဲ့ နည်းပညာကို အသုံးပြု၍ European Emergency Number Association (EENA) က ဖုန်းခေါ်ဆိုသူရဲ့ တည်နေရာကို ခြေရာခံမယ့် စနစ် အသစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ သူ့ရဲ့ စနစ်အသစ်ကို Advanced Mobile Location (AML) လို့ အမည်ပေးထားပြီး ဗြိတိန်မှာ BT, EE နဲ့ HTC တို့က အသုံးပြုနေကြပါတယ်။ AML စနစ်က စမတ်ဖုန်းများဟာ Emergency Calls များ ပြုလုပ်တာကို သိရှိပြီး GNSS ( Global Navigation Satellite System ) နဲ့ ၀ိုင်ဖိုင်ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။
AML စနစ်က စမတ်ဖုန်းဟာ အရေးပေါ် ၀န်ဆောင်မှုများထံ ဖုန်းခေါ်သူရဲ့ တည်နေရာ သတင်းအချက်အလက်များကို SMS ကနေ ပေးပို့မှာ ဖြစ်ပါတယ်။ AML ဟာ လက်ရှိ စနစ်များထက် အဆပေါင်း ၄၀၀၀ ပိုမို တိကျပါတယ်။
ကြိုးဖုန်းများအတွက်တော့ ဒီနည်းစနစ်ကို အသုံးပြုလို့ မရပါဘူး။ ဒါပေမယ့် အရေးပေါ် ဖုန်းခေါ်ဆိုမှုများကို စမတ်ဖုန်းများကနေသာ ပြုလုပ်လေ့ရှိကြပါတယ်။ အမေရိကန်မှာ 911 ကို ခေါ်ဆိုမှုများရဲ့ ၇၀ ရာခိုင်နှုန်းဟာ စမတ်ဖုန်းများမှ ဖြစ်ကြပါတယ်။
ref : tnw
Credit: digitaltimes.com.mm