အဝေးရောက်ချစ်သူတွေအတွက် တစ်ဦးနဲ့တစ်ဦး ထိတွေ့စေနိုင်မယ့် Hey လက်ပတ်


တစ်ယောက်တစ်နယ်စီ ခွဲနေရတဲ့ ချစ်သူဘဝဟာ ခက်ခဲပါတယ်။ ဒါပေမယ့် ကံအားလျော်စွာ ဒတ်ခ်ျနည်းပညာကုမ္ပဏီတစ်ခုက အချစ်စိတ်ကူးယဉ်ဆန်နည်းပညာဈေးကွက်မှာ ဒီလစ်ဟာမှုတစ်ခု တွေ့ရှိပြီး မိမိသူချစ်ကို ပိုလို့ကြင်နာဂရုစိုက်နိုင်ဖို့ စမတ်လက်ပတ်တစ်ခု ဖန်တီးခဲ့ပါတယ်။ ကုမ္ပဏီတွေဟာ နီးစပ်မှု မရနိုင်တဲ့ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်မှုခံစားစေဖို့ နှစ်ပေါင်းများစွာ စတာလင်ပေါင်ထောင်သောင်းချီ ရင်းနှီးခဲ့ကြပါတယ်။ 
အခုအခါ House of Haptics မှ ချစ်သူတွေ ရေခြားမြေခြားခွဲနေစဉ်မှာတောင် ကြင်နာမှုပြသနိုင်မယ့် လက်ကောက်တစ်မျိုး ဖန်တီးလိုက်ကြပြီး တကယ်လက်တွေ့အပြင်မှာ ထိတွေ့သကဲ့သို့ ခံစားစေမယ့် ပထမဆုံးလက်ကောက်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။
ဝေးကွာနေတဲ့ချစ်သူတွေအတွက် တခြားပစ္စည်းကိရိယာတွေနဲ့မတူတဲ့အချက်က ဒါဟာ လျှပ်စစ်တုန်ခါကိရိယာတစ်ခု မဟုတ်ပါဘူး။ ဇန်နဝါရီလက Kickstarter မှာ မိတ်ဆက်ခဲ့တဲ့ အဆိုပါ Hey လက်ကောက်ဟာ ချစ်သူတွေ မိမိလက်တွဲဖော်ရဲ့ လက်ကို ဖျစ်ညှစ်ဆုပ်ကိုင်ခွင့်ရစေမှာပါ။ တကျည်ကျည်အသံမြည်တဲ့ sex toy တစ်ခုကဲ့သို့ မဟုတ်ဘဲ လက်ကောက်ဝတ်တစ်ဝိုက် ညင်သာစွာတင်းကျပ်စေမှာမို့ မိုင်ထောင်ချီဝေးတဲ့အချိန်မှာ သင့်လက်ကို ဆုပ်ကိုင်လို့ ရစေမှာ ဖြစ်ပါတယ်။
သင့်ချစ်သူ့လက်ကို ခုလိုလေးဆုပ်ကိုင်ဖို့အတွက် နှစ်ယောက်စလုံး ဘလူးတွဒ်ကတဆင့် ဖုန်းနဲ့ လက်ပတ်ကို pair လုပ်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ app ဆီ သတိပေးချက်ပေးပို့ပြီး လက်ကောက်ဝတ်ကို လက်ပတ်မှ ညင်သာစွာ ဖျစ်ညှစ်ကာ အကြင်နာတွေ ကူးစက်စေနိုင်ပါတယ်။
House of Haptics အနေနဲ့ ဒီလက်ပတ်ကို ၂နှစ်နီးပါး ပြုလုပ်ခဲ့ပါတယ်။ Hey လက်ပတ်ဟာ ရေစိုခံပြီး မိနစ် ၃၀ အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။ သြဂုတ်လတွင် shipping စနစ်ဖြင့် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြင့် တစ်စုံကို ₤102 ဝန်းကျင်နဲ့ လက်လီရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ 
Ref: Metro 
Credit: trend.com.mm