iPhone က Android ထုတ်ကုန်တွေထက် ပြဿနာပို အဖြစ်များဟုဆို


ပြီးခဲ့တဲ့နှစ်အတွင်း iPhone တွေရဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ပွားမှုနဲ့ ချွတ်ယွင်းမှုနှုန်း မြင့်တက်ခဲ့တယ်လို့ Blancoo Technology Group က ထုတ်ပြန်ခဲ့တဲ့ သုတေသန အစီရင်ခံစာအရ သိရပါတယ်။
Crash များ၊ bug များ၊ ဘက်ထရီကုန်လွယ်တဲ့ဖြစ်ရပ်များနဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာပြဿနာများအပါအဝင် iOS ထုတ်ကုန်ချွတ်ယွင်းမှုနှုန်းဟာ ၂၀၁၄ ခုနှစ် နောက်ဆုံးသုံးလပတ်မှာ ၁၅ ရာခိုင်နှုန်းသာရှိရာမှာ ၂၀၁၆ နောက်ဆုံးသုံးလပတ်မှာ ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ အဲ့ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြဿနာအဖြစ်အများဆုံး iPhone က iPhone 6 ဖြစ်ပြီး ချွတ်ယွင်းမှုနှုန်း ၁၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ iPhone 6s နဲ့ iPhone 5s တို့ရဲ့ ချွတ်ယွင်းမှုနှုန်းက ၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။
အသစ်ဖြန့်ချိထားတဲ့ iPhone 7 နဲ့ iPhone 7 Plus တို့ရဲ့ ချွတ်ယွင်းမှုနှုန်းက ၃ ရာခိုင်နှုန်းဖြစ်ပြီး သုံးစွဲသူတွေက ဘက်ထရီကုန်လွယ်တဲ့ပြဿနာ၊ Wi-Fi ချိတ်ဆက်မှုပြဿနာမ၊ Bluetooth ပြဿနာ၊ touch screen ပြဿနာ၊ ဓာတ်ပုံတွေကို sync လုပ်တဲ့ ပြဿနာနဲ့ app အမျိုးမျိုးမှာဖြစ်တဲ့ ပြဿနာတွေကို တိုင်ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
Android အပိုင်းမှာတော့ Samsung က စာရင်းရဲ့ထိပ်မှာ ချွတ်ယွင်းမှုနှုန်း ၁၆ ရာခိုင်နှုန်းနဲ့ ရပ်တည်ခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ Xiaomi က ၅ ရာခိုင်နှုန်း၊ Motrola က ၄ ရာခိုင်နှုန်း၊ Sony နဲ့ Lenovo က ၃ ရာခိုင်နှုန်းစီ အသီးသီး ရပ်တည်ခဲ့ကြပါတယ်။
iOS ရဲ့ ချွတ်ယွင်းမှုစာရင်းမှာ app crash ဖြစ်ရပ်များ၊ အပူချိန်ပြဿနာများနဲ့ နားကြပ်ပြဿနာများက ထိပ်ဆုံးမှာနေရာယူထားပါတယ်။ Android ဟန်းဆက်တွေမှာတော့ ကင်မရာပြဿနာများ၊ USB ပြဿနာများ၊ carrier signal ပြဿနာများနဲ့ စွမ်းဆောင်ရည်ပြဿနာများက အဖြစ်အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
Ref: ZDNet
Credit: internetjournal.media