ခုတစ်လောနာမည်ကြီးနေတဲ့ IPHONE ကံစမ်းမဲဖောက်ပေးမယ်ဆိုတဲ့ PAGE တွေ



Facebook ဟာ မြန်မာပြည်မှာ နေ့ချင်းညချင်း အသုံးပြုမှု အလွန်များပြားလာပြီး ယခုဆိုရင် Facebook မှာဘဲ စီးပွားရေးအသေးစား လေးတွေ စတင်လုပ်ကိုင်နိုင်တဲ့ အခြေအနေတောင် ရောက်လာပါပြီ။ တစ်ချိန်ထဲမှာဘဲ စီးပွားရေး လုပ်ငန်း အသေးတွေကနေ အလတ်စားတွေအထိ Facebook ကနေ သူတို့ရဲ့ ဝန်ဆောင်မှုနဲ့ ပစ္စည်းတွေကို ကြေငြာ ရောင်းချလာတာကြောင့် လူသိပိုမိုများပြားလာခဲ့ပါတယ်။ တစ်ချိန်ထဲမှာဘဲ Page အတုတွေလည်း ပေါ်ပေါက်လာပြီး ဗဟုသုတအားနည်းတဲ့ လူတွေအပေါ် အမြတ်ထုတ်အသုံးချတဲ့သူတွေလည်း ရှိလာပါတယ်။




Page like များလေလေ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်း ဝန်ဆောင်မှုတွေကို လူသိပိုများလာလေလေ ဖြစ်တယ်ဆိုတာ အကြမ်းဖျဉ်းပြောလို့ရပေမယ့် ဒီယူဆချက်က အမြဲတမ်းမှန်တာ မဟုတ်ပါဘူး။ တစ်ချိန်ထဲမှာဘဲ အချို့တွေက Like များများရှိပြီးသား Page တွေကို ဝယ်ယူပြီး ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းလေးတွေကို ကြေငြာပါတယ်။ ဒါကြောင့် Page အတုတွေလုပ်၊ ကံစမ်းမဲဖောက်ပေးမယ်၊ ကားပေးမယ်၊ ဖုန်းပေးမယ်ဆိုပြီး လူတွေမှာပါတဲ့ မသိစိတ်အတွင်းက လောဘကို အသုံးချကာ Page like and share တွေကို လုပ်ယူသွားပါတယ်။
လက်ရှိမှာဆိုရင် MPT Myanmar Page, Ooredoo Service Center, Telenor Service Center ဆိုတဲ့ Page အတုတွေ ဖွင့်ပြီး like and share တောင်းနေတာကို တွေ့ရပါလိမ့်မယ်။ လက်ရှိမှာ ရေပန်းစားနေတဲ့ Myanmar Idol အစီအစဉ်မှာ ဘယ်သူ Winner ဖြစ်မလဲဆိုတာမျိုး၊ Like and Share လုပ်ရင် iPhone အလုံး ၉၀၀ ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတာမျိုးနဲ့ လိမ်လည်နေတာကို တွေ့ရပါမယ်။ MPT, Ooredoo နဲ့ Telenor တို့ရဲ့ တရားဝင် Facebook Page တွေမှာ Blue Mark ပါတာ ဖြစ်ပြီး Page အတုတွေမှာ မပါရှိပါဘူး။
ဒီလို Page အတုတွေဟာ like အရေအတွက် များလာပြီဆိုရင် Page နာမည်ကို ပြန်ပြောင်းပြီး မိမိရဲ့ အကျိုးစီးပွားအတွက် သော်လည်းကောင်း၊ အခြားသူကို ပြန်လည်ရောင်းချခြင်းဖြင့်သော်လည်းကောင်း ငွေကြေးအကျိုးအမြတ်များ ရှာတဲ့သူတွေသာ ဖြစ်ပါတယ်။ လက်ရှိမှာ Facebook Like ၁သိန်းကို မြန်မာငွေ ၁၅သိန်းနဲ့ သိန်း ၂၀ ကြားရှိနေတာကြောင့် လူတွေရဲ့ မသိစိတ်အတွင်းက လောဘကိုအသုံးချပြီး အမြတ်ထုတ်ယူနေတာ ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ Page နာမည်တွေက လက်ရှိမှာ iPhone နဲ့ ပိုက်ဆံတွေ မဲဖောက်ပေးမယ်ဆိုပြီး နာမည်ကြီး Page တွေ ဖြစ်ပါတယ်။ အခြား လိမ်လည်လှည့်ဖြားထားတဲ့ Page အတု များစွာရှိပါသေးတယ်။
ဒီလို Page အတုတွေကို Facebook ပါးဝနေတဲ့သူတွေကတော့ သိပေမယ့် အချို့တွေကတော့ ဘယ်လိုမှမသိနိုင်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ အတွင်းစိတ်ထဲက မသိစိတ်မှာ လောဘက အလိုအလျောက် ကပ်ပါလာပြီးသား မဟုတ်ပါလား။ နည်းတာ များတာဘဲ ကွာပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ မိတ်ဆွေ၊ မိသားစု၊ သူငယ်ချင်းတွေကို ဒါမျိုးတွေ မ share မိစေဖို့ အသိပေးလိုက်ကြပါစို့။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။
Credit: sunthitmyanmar.com