ဖေ့စ်ဘွတ်ခ်ပို့စ်တွေမှာ like၊ share (သို့) "Amen" ကွန်မန့်ပေးခြင်း မပြုသင့်တဲ့ အကြောင်းအရင်း


ဖေ့စ်ဘွတ်ခ်အသုံးပြုသူတိုင်း ရောဂါသည်/အစာရေစာငတ်ပြတ်နေတဲ့ ကလေးငယ်တွေ၊ တိရိစ္ဆာန်တွေ၊ သက်ကြီးရွယ်အိုတွေရဲ့ဓာတ်ပုံတွေကို သူတို့ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေ လျော့နည်းသက်သာစေဖို့ like၊ share သို့မဟုတ် Amen လို့ ရိုက်ထည့်ကွန်မန့်ပေးဖို့ တောင်းဆိုတဲ့ ပို့စ်တွေတွေ့ဖူးပါလိမ့်မယ်။
ဒီလိုပို့စ်တွေဟာ ရိုက်စား like တောင်းယူမှုအကွက်တွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွေအသုံးပြုကာ လူတွေကို like၊ share သို့မဟုတ် comment ပေးဖို့ လှည့်စားခြင်းပဲ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပေ့ခ်ျတွေမှာ follower တွေ စုမိစေတယ်လို့ နည်းပညာပိုင်းကျွမ်းကျင်သူတွေက ဆိုပါတယ်။
၎င်းပေ့ခ်ျကို scam message တွေ ရေးသားဖော်ပြဖို့ အသုံးပြုနိုင်ပါတယ်။ ရိုက်စားပို့စ် (scam posts) တွေမှာ သုံးတဲ့ ဓာတ်ပုံတွေဟာ တခြားဝက်ဘ်ဆိုဒ်တွေကနေ ခွင့်ပြုချက်မရှိဘဲ ခိုးယူအသုံးပြုထားတာပါ။ "Amen" လို့ ရိုက်ထည့်ပြီး share လုပ်လိုက်ရုံနဲ့ ပုံပါ လူပုဂ္ဂိုလ် သို့မဟုတ် တိရိစ္ဆာန်ကို ဘာအထောက်အကူမှ မဖြစ်စေပါဘူး။ ဒီ့ပြင် ဒီပို့စ်တွေ share လိုက်တဲ့အခါ လူသိပိုများကာ ထိခိုက်နစ်နာမှုတွေ ပိုဖြစ်စေပါတယ်။
ဒါ့ကြောင့် နောက်တစ်ကြိမ် ဒီလိုပို့စ်မျိုးတွေ့တဲ့အခါ like-farming ခေါ် ရိုက်စား like သိမ်းကျုံးရယူမှုဆိုတာ ဘယ်လိုဖြစ်ကြောင်း ကောင်းကောင်းသတိထားမိပါလိမ့်မယ်။ 
Ref: gdnonline
Credit: trend.com.mm