အမျိုးသမီးများအတွက် Oral Sex ပေးစွမ်းမယ့် App

အမျိုးသားများအတွက် Virtual Blow Jobs ပေးစွမ်းမယ့် ၀န်ဆောင်မှုတော့ ပေါ်ထွက်ခဲ့ပြီးပါပြီ။ အခုတော့ အမျိုးသမီးများ အလှည့်ပါ။ Webcam ၀န်ဆောင်မှုကို ပြုလုပ်ပေးနေတဲ့ CamSoda က အမျိုးသမီးများအတွက် Oral Sex ကို ပေးစွမ်းမယ့် O-Cast ကို မိတ်ဆက်လိုက်ပါတယ်။ Android နဲ့ iOS တို့အတွက် ဖန်တီးပေးထားပြီး အမျိုးသမီးများက App ကိုဖွင့်၍ မိမိနှစ်သက်တဲ့ ပုံစံများအတိုင်း စကရင်ကို လျှာဖြင့် တို့ထိပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဒေါ်လာ ၁၀၀ တန် Lovense “ Lush “ Bluetooth Egg Vibrator ဖြင့် သင် Record လုပ်ထားတဲ့ အထိအတွေ့များကို ကိုယ်တိုင် ခံစားရမှာ ဖြစ်ပါတယ်။
O-Cast မှာ သင် Record ပြုလုပ်ထားတဲ့ အထိအတွေ့များကို CamSoda ရဲ့ Store ထံ Upload ပြုလုပ်၍ သိမ်းဆည်းထားနိုင်ပါတယ်။ စတိုးမှာ Porn Stars များ၊ Webcam Models နဲ့ အခြား အမျိုးသမီးများရဲ့ အထိအတွေ့များစွာကိုလည်း ပံ့ပိုးပေးထားပြီး နှစ်သက်တာကို ရယူ အသုံးပြုနိုင်ပါတယ်။
CamSoda က Desktop App ကိုလည်း ဖန်တီးပေးထားပြီး သင့်ရဲ့ လက်ချောင်း သို့မဟုတ် Mouse ဖြင့် အထိအတွေ့များကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ကောင်းမွန်တဲ့အတွေ့အကြုံကို ခံစားချင်ရင်တော့ စမတ်ဖုန်းကို လျှာနဲ့ ယက်တာက အကောင်းဆုံးဖြစ်မှာပါ။ စမတ်ဖုန်းများဟာ ဘက်တီးရီးယား ပိုးမွှားများ ပေါများတဲ့ အရာ ဖြစ်တဲ့အတွက် စမတ်ဖုန်းကို လျှာနဲ့ မယက်ခင်မှာ သေချာစွာ သန့်စင်ထားဖို့တော့ အကြံပေးလိုက်ပါရစေ။
ref : mashable
Credit: digitaltimes.com.mm