သေသွားတဲ့ လူတွေနဲ့ Selfie ဆွဲနိုင်မယ့် App


တောင်ကိုရီးယား ကုမ္ပဏီ တစ်ခုက သင့် အနားမှာ မရှိတဲ့ သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့ သေသွားတဲ့ လူများနဲ့တောင် Selfie ဆွဲနိုင်မယ့် App တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ELROIS Inc က ဖန်တီးထားတာ ဖြစ်ပြီး With Me လို့ အမည်ပေးထားပါတယ်။ With Me ကို ယခုတစ်ပတ်မှာ ကျင်းပခဲ့တဲ့ Mobile World Congress မှာ မိတ်ဆက်ခဲ့တာပါ။
သူ့ရဲ့ နည်းပညာက သူငယ်ချင်း၊ မိသားစုဝင်နဲ့ သေသွားတဲ့ လူကို 3D Scan ဖတ်ပြီး App ထဲမှာ Avatar အဖြစ် သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ သူငယ်ချင်းက အနားမှာ မရှိရင်တောင် သူနဲ့ တစ်ထပ်တည်းတူတဲ့ Avatar နဲ့ အတူ Selfie ဓါတ်ပုံများ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာ ဥာဏ်ရည်တုနည်းပညာကို အသုံးပြုထားပြီး Avatar များက တကယ့် လူအစစ်လို သင့်ရဲ့ ရုပ်သွင်ပြင်နဲ့ သင့်အကြောင်းကို မှတ်မိကြပါတယ်။ သင့်ရဲ့ စိတ်အခြေအနေနဲ့ ရုပ်သွင်ပြင် ပြောင်းလဲသွားရင် Avatar က သင့်ကို အဖော်ပြု စကားပြောပေးမှာပါ။
တီထွင်သူများက သင့် မိသားစု၊ သူငယ်ချင်း အပြင် ဆယ်လီများနဲ့တောင် Selfie ဆွဲနိုင်မယ်လို့ ပြောပါတယ်။ Avatars များက သင့်ကို စကားပြန်ပြောနိုင်ပါသေးတယ်။ သင်က သူ့ကို “ I Love You” လို့ ပြောရင် သူကလည်း သင့်ကို ချစ်ခင်ကြောင်း ပြန်ပြောမှာပါ။ Avatar များနဲ့ အနမ်းပေးနေတဲ့ Selfie များကိုတောင် ရိုက်နိုင်ပါတယ်။
ref : tnw
Credit: digitaltimes.com.mm