တယ်လီနော ဆင်းကဒ်များကို အွန်လိုင်းမှ အလွယ်တကူ မှတ်ပုံတင်နည်း

ဆင်းကဒ် မှတ်ပုံတင်ရန် (၃)ရက်သာ ကျန်ပါတော့တယ်။
မှတ်ပုံမတင်ရသေးတဲ့ တယ်လီနော် ဆင်းကတ်တွေကို မိမိကိုယ်တိုင် အလွယ်တကူ မှတ်ပုံတင်နည်းကို ပုံလေးတွေနဲ့ လေ့လာနိုင်ပါတယ်။ မတင်ရသေးတဲ့  သူငယ်အတွက်လည်း မှတ်ပုံတင်ပေးနိုင်ပါတယ်။ 
လိုအပ်ချက်များ
==========
၁။ မှတ်ပုံတင်မည့် ဆင်းကတ်မှာ SMS ရရှိသော ဖုန်းမှာ ထည့်ထားရပါမည်။
၂။ မှတ်ပုံတင်မည် သူ၏ နိုင်ငံသား မှတ်ပုံတင်၏ အရှေ့ အနောက် ဓာတ်ပုံ နှစ်ပုံရိုတ်ပြီး ဖုန်းထဲ ထည့်ထားရပါမည်။
၃။ မှတ်ပုံတင်မည်သူ၏ ဓာတ်ပုံတစ်ပုံ ဖုန်းထဲထည့်ထားရပါမည်။ > မှတ်ပုံတင်က ပုံကို ရိုတ်ပြီးတော့ ဖြတ်ညှပ်လုပ်ပြီးအသုံးပြုလို့ရပါတယ်။

ဒါဆိုရင် တယ်လီနော ဆင်းကတ်ကို မှတ်ပုံတင်ရန် အဆင်သင့်ဖြစ်ပါပြီ။
အောက်ကပုံလေးတွေ ကြည့်ပြီး မိမိတွက် သာမှမဟုတ် မှတ်ပုံမတင်ရသေးတဲ့ သူငယ်ချင်းတွက် မှတ်ပုံတင်ပေးလို့ရပါပြီ။

လိုအပ်တဲ့ ဆော့ဝဲလေးကို အောက်မှာဒေါင်းယူပါ။ ဖိုင်ဆိုဒ်က 1.67 MB ထဲပါ။