Viber ရဲ့လုံခြုံမှုအမြင့်မားဆုံးနည်းပညာ


ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ အသုံးပြုသူ (၂၈) သန်းကျော်ရှိတဲ့ Viber ဆိုတဲ့ social application ဟာလုပ်ဆောင်ချက်အသစ်တွေများစွာကိုမိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။အခုနောက်ဆုံး update version မှာထည့်သွင်းပေးလိုက်တဲ့နည်းပညာတွေကတော့ ကျွန်တော်တို့တွေရဲ့ လုံခြုံမှုကိုများစွာအထောက်အကူပြုစေမှာဖြစ်တဲ့ Secret Chat ဆိုတဲ့လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။၎င်းလုပ်ဆောင်ချက်ကို အသုံးပြုရင်ရရှိလာမယ့် စွမ်းဆောင်ချက်တွေကတော့

1-end to end encryption
မိမိပေးပို့လိုက်တဲ့ အချက်အလက်တွေကို encrypt ပြုလုပ်ပြီးမှပေးပို့တာဖြစ်ပြီး လက်ခံမယ့်သူဆီကိုရောက်မှ decrypt ပြန်လုပ်ပြီးမြင်ရမှာဖြစ်တဲ့အတွက် ပေးပို့သူနဲ့လက်ခံသူကြားထဲမှာ ကြားဖြတ် ခိုးယူလို့ မရနိုင်တော့ပါ

2-self-destruct timer for message
မိမိပေးပို့လိုက်တဲ့မက်ဆေ့တွေကို လက်ခံမယ့်သူဖတ်ရှုပြီးတဲ့အခါ အချိန် ၁ စက္ကန့် ကနေ ၇ ရက်အတွင်း မိမိစိတ်ကြိုက်အချိန်တစ်ခုသတ်မှတ်ပြီး ဖျက်ဆီးပြစ်လို့ရတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်

3-message forwarding protection
မိမိဘက်ကပေးပို့လိုက်တဲ့ data တွေကိုလက်ခံတဲ့သူကနေ နောက်လူကိုတဆင့် ထပ်ပြီး forward လုပ်ပေးပို့လိုမရအောင်တားဆီးပေးတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်

4-screenshot protection adn/or alarts
မိမိပေးပို့လိုက်တဲ့ message ကိုတစ်ဘက်လူကဖတ်ပြီးတဲ့အခါ ဖျက်ဆီးဘို့သတ်မှတ်ပေးထားတဲ့ အချိန်မတိုင်မီ screenshot ရိုက်လို့မရအောင်တားဆီးပေးထားပြီး အကယ်၍ရိုက်လိုက်ပါကလဲ မိမိကို alarts လုပ်ပြီးအသိပေးမှာဖြစ်ပါတယ်

အထက်ပါလုပ်ဆောင်ချက်တွေအားလုံးကို 1 on 1 ရော group conversations တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Viber Update Version
Download here - http://www.shweappstore.com/2017/03/viber-6701285-apk.html
Credit: Today's Technology